iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတို့အဖို့ အပျိုဖော်ဝင်ချိန်မှစပြီး သွေးဆုံးချိန်ထိတိုင်အောင် လစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာကိစ္စဟာ လွယ်လွယ်ကူကူ လစ်လျူရှုလို့မရတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ လစဉ်ပုံမှန်လာနေကြအတိုင်း မလာဘဲ တစ်ခါတစ်ရံမှာ နောက်ကျနေတတ်တာမျိုး ကြုံဖူးကြမှာပါ။ ဓမ္မတာလာချိန်တွေ ပုံမှန်မဟုတ်ဘဲ ရက်တွေလွန်တာ၊ လနဲ့ချီ လွန်တာမျိုးတွေဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ဓမ္မတာလာမယ့်ရက်ထက် နောက်ကျနေရခြင်းက အောက်ပါအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁။ စိတ်ဖိစီးမှု

စိတ်သောကရောက်စရာတွေနဲ့ စိတ်ဖိစီးမှုတွေဟာ ဓမ္မတာလာချိန်ကို တကယ်ပဲ သက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့လတွေမှာ ဓမ္မတာလာချိန် နောက်ကျတတ်ပါတယ်။

၂။ လေ့ကျင့်ခန်း

ပြင်းထန်တဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပုံမှန်လုပ်နေကြမဟုတ်ဘဲ လေ့ကျင့်ခန်းစလုပ်သူတွေအဖို့ အဲ့ဒီလမှာလည်း ဓမ္မတာလာမယ့်ရက် နောက်ဆုတ်သွားတတ်ပါတယ်။

၃။ အိပ်ရေးမဝတာ

အိပ်စက်ချိန် မမှန်တာတွေနဲ့ အိပ်ရေးမဝတာတွေကလည်း ဓမ္မတာစီးဆင်းမှုကို ပုံမှန်မဖြစ်စေပါဘူး။

၎။ အစားအစာ

ဝိတ်ချနေချိန်မှာ အစားအစာကို ပုံမှန်ထက်လျော့ပြီး စားသုံးတာမျိုး၊ အစားစားတဲ့ပုံစံ ပြောင်းလဲလိုက်တာမျိုးကလည်း ဓမ္မတာလာချိန် နောက်ကျရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။

 ၅။ သွေးဆုံးချိန်

သွေးဆုံးချိန်နား နီးကပ်လာတဲ့ အမျိုးသမီးတွေမှာလည်း ဓမ္မတာက ပုံမှန်မဟုတ်တော့ပါဘူး။ စောတာတွေ၊ နောက်ကျတာတွေ ဖြစ်တတ်ပါတယ်။

၆။ ဆေးတွေသောက်ရတဲ့အခါ

ကျန်းမာရေးအခြေအနေကြောင့် ဆေးတွေသောက်ရတာများနေရင်လည်း ဓမ္မတာလာမယ့်ရက်ထက် နှစ်ရက်လောက် နောက်ကျသွားနိုင်ပါတယ်။

၇။ သားအိမ်အားနည်းတာ

သားအိမ်ကျန်းမာရေး သိပ်မကောင်းဘူးဆိုရင်လည်း ဓမ္မတာစီးဆင်းမှုတွေဟာ ပုံမမှန်ဖြစ်တတ်ပါတယ်။ ဒါကို သားဖွားမီးယပ်ဆရာဝန်ထံမှာ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုကို ခံယူရပါမယ်။



Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top