iMyanmarHouse.com - Best Property Website for Myanmar
×

ဘဝမှာ စိတ်ပင်ပန်းမှု ဖြစ်စေတဲ့ အရာများစွာ ရှိနိုင်ပါတယ်။ အဲဒီအရာတွေက လူကို အိပ်မရ ဖြစ်စေတတ်ပါတယ်။ အိပ်မပျော်ရောဂါကြောင့် အမေရိကနိုင်ငံမှာ နှစ်စဉ် လူဦးရေ ၅၀-၇၀ သန်း ဒုက္ခရောက်နေကြကြောင်း Center for Diseases Control and Prevention အရ သိရပါတယ်။ လူအများစုဟာ အိပ်ပျော်ဖို့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ဆေးဝါးတွေ မှီဝဲနေကြတယ်လို့ ဆိုပါတယ်။

အိပ်မပျော်တဲ့ ဒုက္ခဖြေရှင်းဖို့ ဆေးလုံးတွေ မှီဝဲမယ့်အစား ပိုမိုထိရောက် ရိုးရှင်းပြီး ပိုအသက်အန္တရာယ်ကင်းတဲ့ ဖြေရှင်းနည်းများကို ဆရာဝန်တွေ အကြံပြုထားပါတယ်။

Gym ကစားခြင်း

ကိုယ်ကာယလှုပ်ရှားမှုက စိတ်ကျရောဂါအန္တရာယ် လျော့နည်းစေနိုင်ပြီး ပိုမိုကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

နေရောင်ခြည် ပိုမိုရရှိခံစားခြင်း

လူတွေ နေရောင်ခြည်နဲ့ ထိတွေ့မှုရတဲ့အခါ ညအချိန်မှ သက်ဝင်လှုပ်ရှားသော အသားရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းထုတ်လုပ်မှု မြန်မြန် ဖြစ်ပွားပြီး ညမှာ ပိုမိုလျင်မြန်စွာ အိပ်ပျော်စေပါတယ်။

အိပ်ခန်း သေသပ်သန့်ရှင်းအောင် ထားခြင်း

သန့်ရှင်းသပ်ရပ်တဲ့ အခန်းက စိတ်အပန်းဖြေ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

Credit : TrendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top