iMyanmarHouse.com - Best Property Website for Myanmar
×

အချို့သော အမျိုးသားတွေဟာ အရွယ်ရောက်ရုံသာမက၊ အရွယ်လွန်တော့မယ့် အချိန်ထိရောက်အောင် တစ်ကြိမ်တစ်ခါမှ ရည်းစားမထားဖူးပဲ ဖြစ်ကြရလေ့ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အသက်အတော်ရချိန်ထိ ရည်းစားမရသူတွေလည်း ရှိပါတယ်။ ရုပ်ရည်လည်း ပြေပြစ်ပေမဲ့ ရည်းစားမရနိုင်ဖြစ်ရတဲ့ အကြောင်းအရင်း (၅) ခုရှိပါတယ်။

၁။ ရုပ်ရည်က အဓိကမဟုတ်

ရုပ်ရည်ချောမောပြေပြစ်သူကို တွေ့လိုက်တဲ့ အခါ လူတိုင်းကြည့်မိတတ်ကြပါတယ်။ ဒါဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်လေ့ရှိတာပါ။ ဒါပေမဲ့ အမျိုးသမီးတွေ အတွက်တော့ အဆုံးသတ်မှာ ရုပ်ရည်က အဓိက မဟုတ်တော့ပြန်ပါဘူး။ အမျိုးသမီး အများစုဟာ ချစ်သူရွေးချယ်ဖို့ စဉ်းစားရာမှာ ရုပ်ရည်တစ်ခုတည်း ကြည့်ပြီး ဆုံးဖြတ်လေ့ မရှိကြပါဘူး။

၂။ ထူးထူးဆန်းဆန်း ဆွဲဆောင်မှုများ

အချို့သော အမျိုးသားတွေက ရုပ်ရည်ချောမောတယ်လို့  ထင်ရပေမဲ့ ဆွဲဆောင်မှု လိုအပ်နေတတ်ပါတယ်။ စကားပြောဟန်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်း၊ ကျွမ်းကျင်ရာ ပညာရပ်တစ်ခုခု စတဲ့အရာတွေက ဆွဲဆောင်မှုတွေဖြစ်ပါတယ်။ အမျိုးသမီး အများစုက အဲဒီလို ဆွဲဆောင်မှုတွေကို နှစ်သက်တတ်ကြပါတယ်။ အဲဒီ ဆွဲဆောင်မှုကို အမျိုးသမီးတွေ မြင်လာရင် ရုပ်ရည်ဟာ အဓိက မကျတော့ပါဘူး။

၃။ သင့်ရဲ့ အမူအကျင့်

တကယ်တမ်း လူနှစ်ဦးတွေဆုံ စကားပြောဆိုတဲ့အခါ ရုပ်ရည်ထက် အမူအကျင့်နဲ့ စိတ်သဘောထားက ပိုပြီးအရေးကြီးပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်တွေ့ဆုံပြီးတဲ့ အခါ တစ်ယောက်ရဲ့ အမူအကျင့်နဲ့ သဘောထားကို သိလာကြတာ များပါတယ်။ အမျိုးသမီးတွေက သူတို့နဲ့ စိတ်သဘောထားခြင်း လုံးဝ မတူဘူးလို့ ယူဆသူကို လက်တွဲဖို့ မစဉ်းစားပါဘူး။

၎။ သင် ကြေး(ဂျီး)များလို့

သင်ကိုယ်တိုင်က ကြေးများနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်သဘောကျတဲ့သူတွေက ကိုယ်နဲ့ အဆင်မပြေ ဖြစ်နေတတ်ပြီး ကိုယ်သဘောမကျသူတွေနဲ့ဆို အဆင်ပြေဖို့ လမ်းစတွေ ရလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဇီဇာကြောင်နေသလား ဆိုတာလည်း ပြန်ပြီး မေးကြည့်ပါ။

၅။ ဖူးစာဖက် တွေ့မည့်အချိန် မရောက်သေးခြင်း

အချို့သာ တစ်သက်သာ တစ်ယောက်သာ ချစ်ပြီး အဲဒီတစ်ယောက်နဲ့ပဲ တစ်သက်လုံး နေထိုင်သွားကြသူတွေရှိပါတယ်။ ရှားပေမဲ့ ရှိပါတယ်။ ဒီတော့ သင်လည်း ဒီလို ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ဖူးစာဖက်တွေ့ဖို့ အချိန်မရောက်သေး တာလည်း ဖြစ်နိုင်ပါတယ်။



Credit: Duwun
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top