iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရှင်တွေထဲကလို ပုဆိန်ကြီးကိုင်ပြီး လူလိုက်သတ်မှ စိတ်မမှန်သူ (ဆိုက်ကို) ခေါ်တာ မဟုတ်ပါဘူး။ အခါများစွာ သင်နဲ့ နှစ်ယောက်တည်းအတူရှိနေမယ့် လူတစ်ယောက်ဟာ စိတ်မူမမှန်သူ (ဆိုက်ကို) တစ်ယောက် ဖြစ်နေပြီလားဆိုတာ သိဖို့ လိုအပ်ပါတယ်။ အဲဒီလို လူမျိုးတွေက သူတို့ ထင်ရာမြင်ရာကို အချိန်မရွေးလုပ်လိုက်နိုင်တဲ့အတွက် သင့်အတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ သင့်ချစ်သူက ဆိုက်ကို ဟုတ်မဟုတ်သိနိုင်မယ့် လက္ခဏာရပ် ၁၅ ရပ်ကို စုစည်းတင်ပြလိုက်ပါတယ်။

၁။ သင့်ကိုယ်သင် ရူးသွားပြီလို့ ထင်မိတယ်

ဆိုက်ကိုတွေက သူများကို လွှမ်းမိုးချုပ်ကိုင်တဲ့နေရာမှာ ဆရာကြီးတွေပါ။ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ ရူးနေတာ သူမဟုတ်ဘဲ သင်လို့ခံစားရအောင် သူတို့ လုပ်လိမ့်မယ်။ သူတို့ဟာ သံသယကြီးသူတွေလည်း ဖြစ်နေနိုင်တယ်။ ဒီအဝတ်အစား ဝတ်သင့်လား၊ ဒီလို ပြောသင့်လား၊ ငါ ဒီလို လုပ်လိုက်ရင် အပြောခံရမလားဆိုပြီး သင် အမြဲတွေးပြီး ပူနေရတယ်။

၂။ ကြက်ဥခွံတွေပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရလိမ့်မယ်

ဘာဖြစ်မယ်ဆိုတာ မသိပေမဲ့ သင်တစ်ခုခု လုပ်လိုက်တာနဲ့ သူ ဒေါသသထွက်သွားမလားဆိုပြီး ကြောက်နေရတယ်။ သူနဲ့ အပြင်သွားရင် ရည်းစားဟောင်းနဲ့များ မတော်တဆ လမ်းမှာ တွေ့မလား စိတ်ပူရတယ်။ သူငယ်ချင်းယောက်ျားလေး (ဒါမှမဟုတ်) မိန်းကလေးနဲ့ တွေ့လို့ စကားပြောနေရင်လည်း သူမြင်သွားမှာ စိုးရိမ်နေရတယ်။

၃။ ဒေါက်တာဂျက်ကေးနဲ့ မစ္စတာဟိုက်ကို ချစ်သူတော်ထားရသလိုပဲ

သင့်ချစ်သူက လူနှစ်ယောက်လို ဖြစ်နေတယ်။ ဒီနေ့ သင့်ကို အရမ်းချစ်၊ အရမ်းဂရုစိုက်ပြပေမဲ့ နောက်နေ့ကျတော့ အမုန်းတွေပြည့် ဒေါသကြီးနေသူ ဖြစ်နေပြန်ရော။

၎။ သင့်ကိုယ်သင် 'အ'နေသူတစ်ယောက်လို ခံစားရမယ်

သင်ဟာ စကားပြောရမှာတောင် ကြောက်လာတယ်။ သင်ပြောလိုက်တဲ့ စကားလုံးတိုင်းကို သူက နားမလည်သလို အရေးလည်း မစိုက်ဘူး။ အသေးအမွှားကအစ အကြီးကြီးထိ သင့်ချစ်သူက သင့်စကားကို ဘယ်တော့မှ နားမထောင်ဘူး။

၅။ သူ့မှာ နောင်တဆိုတာ မရှိဘူး

သင်က သူနဲ့ လမ်းခွဲဖို့ ပြောရင် သူ ဝမ်းနည်းကောင်း ဝမ်းနည်းလိမ့်မယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့ လုပ်ရပ်အပေါ် ဘယ်တော့မှ နောင်တမရဘူး။

၆။ အဆိုးဆုံး လူလိမ်တွေ

သူ ဘာလုပ်တယ်၊ ဘယ်သူနဲ့ စကားပြောတယ်၊ သူဘယ်မှာရှိတယ်ဆိုတာတွေကို လိမ်ပြောတယ်။ လိမ်ဖို့ မလိုတဲ့အရာတွေကိုတောင် လိမ်တယ်။ သူတို့က သင့်မျက်လုံးတည့်တည့်ကို ကြည့်ပြီး လိမ်နိုင်တယ်။ သူတို့မလိမ်ကြောင်း ကျိန်တွယ်ပြောတယ်။ သင်လိမ်တာ သူမိသွားရင် နောက်တစ်မျိုး ပြောင်းပြောလိမ့်မယ်။

၇။ သူက အခြေအနေအလိုက် ပြောင်းလဲတတ်သူ

သူ သင့်မိဘနဲ့ တွေ့တဲ့အချိန်နဲ့ သူ့သူငယ်ချင်းတွေနဲ့ တွေ့ချိန်မှာ သင်နဲ့ နှစ်ယောက်တည်း ရှိနေချိန်နဲ့ ဘာမှမဆိုင်ဘဲ ပြောင်းလဲသွားလိမ့်မယ်။ သင်နဲ့ ချစ်သူဖြစ်စမှာတော့ သူက သင်လိုချင်နေတဲ့ လက်တွဲဖော်အဖြစ် ဟန်ဆောင်လိမ့်မယ်။ သူက အခြေအနေအချိန်အခါလိုက်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်တယ်။

၈။ အထီးကျန်မှုကို သင်ခံစားရလိမ့်မယ်

သင့်ချစ်သူက သင့်သူငယ်ချင်းတွေရဲ့ မကောင်းကွက်ကို ရှာပြီး အပြစ်ပြောမယ်။ နောက်ဆုံးမှာ သူကလွဲလို့ သင့်နားမှာ ဘယ်သူမှ မရှိတော့ဘူး။

၉။ ရိုလာကိုစတာ စီးနေရသလို ခံစားရလိမ့်မယ်

သင့်ချစ်သူက ဒေါသကြီးသူဖြစ်လိုက် စိတ်ထားနူးညံ့ပြီး အရမ်းချစ်တတ်သူဖြစ်လိုက် တစ်မျိုးပြီးတစ်မျိုး လှည့်ဖြစ်နေမယ်။ သင့်ကို နာကျင်အောင် လုပ်မိတိုင်း တောင်းပန်ပြီး နောက်ဘယ်တော့မှ မဖြစ်စေရပါဘူး၊ သူပြောင်းလဲပါ့မယ်လို့ ပြောလိမ့်မယ်။ ဒါပေမဲ့ ဘယ်တော့မှ မပြောင်းလဲဘူး။

၁၀။ သင့်ကိုယ်သင် ယုံကြည်မှု မရှိတော့ဘူး

သင့်ရဲ့အားနည်းချက်ကို သူသိတယ်။ အဲဒီပျော့ကွက်ကို နင်းပြီး သင့်ကို စိတ်ဓာတ်ကျအောင် လုပ်မယ်။ ရှက်ရွံ့မှုတွေ၊ အထီးကျန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ မှားယွင်းမှုတွေကို သင်ခံစားရလိမ့်မယ်။

၁၁။ သင့်သူငယ်ချင်းတွေနဲ့ သင့်မိသားစုက သင်တို့ကို ကွဲစေချင်လိမ့်မယ်

သင့်ချစ်သူနဲ့ လမ်းခွဲဖို့ လူတွေက ပြောလာတဲ့အခါ သင် စိတ်တိုကောင်း တိုလိမ့်မယ်။ သင်တစ်ယောက်ပဲ သင့်ကို နားလည်တယ်လို့ သင်ထင်လိမ့်မယ်။ တခြားသူတွေက သင်တို့ကို မနာလိုတာလို့လည်း သူက သင့်ကို ပြောလိမ့်မယ်။

၁၂။ သင့်ကို တခြားသူတွေရှေ့မှာ အရှက်ရစေလိမ့်မယ် ဒါမှမဟုတ် သင့်ကွယ်ရာမှာ သင့်မကောင်း ပြောလိမ့်မယ်

သင်က ဘယ်လောက်ဆိုးကြောင်း တခြားသူတွေကို သူ ပြောကောင်းပြောနိုင်တယ်။ သင့်သူငယ်ချင်းတွေရှေ့မှာ သူ သင့်ကို အရှက်ရစေမယ့် စကားတွေ ပြောနိုင်တယ်။ စားသောက်ဆိုင်ထဲမှာ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုနဲ့ အကြီးအကျယ် ရန်ထဖြစ်တဲ့ သူမျိုး ဖြစ်နိုင်တယ်။ မပြောသင့်တဲ့အချိန်မှာ ကိုယ်ရေးကိုယ်တာပြဿနာကို အစရှာပြီး ပြောတဲ့သူမျိုး ဖြစ်နိုင်တယ်။

၁၃။ သင်ဘယ်မှာလဲ ဘာလုပ်လဲ တစ်ချိန်လုံး သူသိချင်တယ်

သူ့ဖုန်းကို တစ်ကြိမ်လောက် မကိုင်ဘူးဖြစ်သွားလား။ သင် သူ့ကို သစ္စာဖောက်ပြီလို့ စွပ်စွဲလိမ့်မယ်။ လိင်မတူနဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောမိရင် အဲဒီအတွက် ရန်ရှာလိမ့်မယ်။ အိမ်ကို ခါတိုင်းထက် တစ်နာရီနောက်ကျမှ ပြန်ရောက်ရင် သင်ဘာလုပ်တယ်၊ ဘယ်မှာရှိတယ်၊ ဘာကြောင့်ဆိုတာတွေကို ရှင်းပြဖို့သာ အသင့်ပြင်ထားပေတော့။

၁၄။ ပြဿနာအတွက် ဘယ်တော့မှ အဖြေမရှိဘူး

ပြဿ     နာက ဘာမှန်း သင်ဘယ်တော့မှ သေချာမသိဘူး။ တစ်ခုခုတော့ မှားနေတယ်။ ဒါပေမဲ့ ဘာမှားနေမှန်း သင်မသိဘူး။ သူပြောတဲ့အတိုင်း လိုက်လုပ်တော့လည်း ပြဿ      နာက ပြေလည်မသွားပြန်ဘူး။

၁၅။ သူ့ကို သင် သနားနေလိမ့်မယ်

သူ့မိသားစုနဲ့ အဆင်မပြေဘူး။ သူ့အဖေနဲ့ အမေက ကွဲနေတာ ဒါမှမဟုတ် သူတို့က သူ့ကို မချစ်ကြဘူး။ သူတို့မှာ အကြွေးတွေနင့်နေတယ် စသဖြင့် သူ့မှာ စိတ်မကောင်းစရာ ဖြစ်ရပ်တွေ ရှိနေတယ်။

Credit: Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top