iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား သရုပ် ဆောင်များဖြစ်သော ဘေယောင် ဂျွန်းနှင့် ပတ်ဆူဂျင်းတို့ ဇနီးမောင် နှံသည် ပထမဆုံးရင်သွေးလေး ရတော့မည်ဟု ၎င်းတို့၏အေဂျင်စီ Keyeast ကဧပြီ ၂၉ ရက်တွင် ပြောကြားသည်။
အသက် (၄၃)နှစ်အရွယ် ဘေယောင်ဂျွန်းနှင့်    အသက် ၃၀နှစ်အရွယ်      ပတ်ဆူဂျင်းတို့စုံတွဲသည် ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် လက်ထပ်ခဲ့ကြသည်။ ပတ်ဆူဂျင်းသည် မကြာသေးမီက ကိုယ်ဝန်ရှိခဲ့ကြောင်းနှင့် မီးဖွား မည့်နေ့ရက်ကို အတည်ပြုရန် လာမည့် သီတင်းပတ်တွင် ဆေးရုံ သွားမည်ဖြစ်ကြောင်း အေဂျင်စီ က ပြောသည်။

ပတ်ဆူဂျင်းသည် Disciples of Oksu-dong အမည်ရှိ ဟင်း ချက်အစီအစဉ်တွင် ပါဝင်တင် ဆက်လျက်ရှိပြီး ယင်းအစီအစဉ်အတွက် ကိုရီးယားနာမည်ကျော် စားဖိုမှူး ရှင်ယောင်ဆွန်းထံမှ ချက်ပြုတ်နည်းလမ်းများ လေ့လာနေသည်။ မိခင်လောင်း ပတ်ဆူဂျင်းသည် ဆေးရုံသို့ သွားပြီးနောက် ယင်းရုပ်သံအစီအစဉ်၌ ဆက်လက် ပါဝင်ဖြစ်မည်လားဆိုခြင်းကို ဆုံးဖြတ်မည်ဟု အေဂျင်စီက ပြောခဲ့သည်။


Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top