iMyanmarHouse.com - Best Property Website for Myanmar
×

ဂျက်စတင်ဘီဘာ ကျားတစ်ကောင်မွေးထားတာ လူတွေသိကြပေမဲ့ အရမ်းကြီးမယ်လို့ ဘယ်သူမှ ထင်မထားကြပါဘူး။

ဂျက်စတင်ဘီဘာဟာ ကျားကြီးတစ်ကောင်ကို မွေးထားတာ အထင်ကြီး သဘောကျစရာ ကောင်းပေပါတယ်။

ဒါပေမဲ့ ကျားဆိုတာ သူ့သဘာဝအတိုင်း နေထိုင်သင့်တဲ့ တောရိုင်းတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးနဲ့ချည် မွေးထားရမယ့် အရာမဟုတ်တဲ့အတွက် တိရစ္ဆာန်အခွင့်အရေး ကြိုးပမ်းသူများအတွက်တော့ ဒေါသထွက်စရာပါ။


ဂျက်စတင်ဟာ ဖခင်ရဲ့ စေ့စပ်ပွဲကို တက်ရောက်ဖို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ကို ရောက်ရှိနေတာပါ။

တိုရွန်တိုမှာ ဂျက်စတင်ဟာ ကျားကြီးနဲ့ အတူ တွဲရိုက်ထားတဲ့ပုံကို တင်လိုက်တဲ့အတွက် တွစ်တာအသုံးပြုသူတစ်ဦးက "ဂျက်စတင်..ခင်ဗျားကို ကျွန်တော်လေးစားတယ်။ ဒါပေမဲ့ ကျားကို ကြိုးနဲ့ချည်ထားတာတော့ မဟုတ်သေးဘူး" လို့ ရေးသားခဲ့ပါတယ်။


Credit: Duwun
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top