iMyanmarHouse.com - Best Property Website for Myanmar
×

၁ - နေ့တိုင်းဆက်သွယ်

နေ့တိုင်း အဆက်အသွယ် မပြတ်ပါဘူး။ ဖုန်းနဲ့စကား ပြောတာ၊ မက်ဆေ့ဂ်ျပို့တာတွေကစပြီး အလုပ်မှာ၊ ကျောင်းမှာ သွားကြိုတဲ့ထိ နေ့စဉ်အဆက်အသွယ် မပြတ်ပါဘူး။

၂ - စိတ်ဝင်စားမှု

နှစ်ဦးစလုံးမှာ စိတ်ဝင်စားမှုတွေရှိနေပြီး ဒီစိတ်ဝင်စားမှုတွေနဲ့ပက်သက်ရင် နေ့စဉ်သည်းခံမှု ရှိနေတာပါ။ ဥပမာ - တစ်ယောက်က ဘောလုံးကို စိတ်ဝင်စားပြီး ဒီအကြောင်းတွေ နေ့တိုင်းပြောနေတာကို သည်းခံနိုင်တာပါ။ နှစ်ယောက်သားဆက်ဆံရေး ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာပါ။

၃ -အတူရှိ

ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် နှစ်ယောက်သားအတူရှိနိုင်မယ့် အချိန်ကိုတော့ အမြဲဖန်တီးပြီး ချန်ထားတတ်ပါတယ်။

၎ - စကားလုံး

ချစ်တယ်ဆိုတဲ့ စကားကို နေ့စဉ်ပြောပါတယ်။ ဘယ်လောက်ပြောပြော မငြီးငွေ့သွားပါဘူး။

၅ - ဟာသ

ပျော်နေတာကြောင့် ဟာသညဉ်ကလည်း အမြဲရှိနေတတ်ပါတယ်။

၆ - အနာဂတ်အကြောင်း

အနာဂတ်အကြောင်းတွေ ခဏခဏ ပြောတတ်ပါတယ်။ ရှေ့ဘယ်လို အစီစဉ်တွေရှိတယ်ဆိုတာကို ရေတိုတင်မတင်ကဘဲ ရေရှည်အစီစဉ်တွေကိုပါ အမြဲပြောပြတတ်ပါတယ်။

၇ - ထွေးပွေ့

ထွေးပွေ့တာမျိုး၊ အနမ်းပေးတာမျိုးတွေကတော့ အရမ်းပျော်နေတဲ့ချစ်သူတွေကြား ခဏခဏ ရှိတဲ့ အရာဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top