iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား သရုပ် ဆောင်မင်းသား ဂျီဆောင်းသည် ဇနီးဖြစ်သူ လီဘိုယောင်း၏ အနု ပညာသက်တမ်း နှစ်ပတ်လည်နေ့ ကို ချစ်စဖွယ်စာသားတစ်ခုဖြင့် အမှတ်တရဖြစ်စေခဲ့သည်။

မေလ ၁၅ ရက်တွင် လီဘိုယောင်း အနုပညာသက်တမ်း (၁၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျီဆောင်းက Instagram စာမျက်နှာ၌ စာနှင့်ဓာတ်ပုံတင်ခဲ့ သည်။

‘‘နှစ်ပေါင်း ၁၄ နှစ်၊ နာရီ ပေါင်း ၁၂၂,၇၆၀ နာရီကြာ အောင် ငါတို့တွေရဲ့ အနုပညာ ငွေကြယ်ပွင့်လေးဖြစ်နေလို့ မင်း ကို ကျေးဇူးတင်ပါတယ်။ ဂျူနီ ယာလေး လီဘိုယောင်း မင်း အတွက် ဂုဏ်ယူပါတယ်’’ဟု ဂျီဆောင်းက ရေးသားပြီးဇနီး လီဘို ယောင်းဓာတ်ပုံကို ဖော်ပြခဲ့ သည်။

တောင်ကိုရီးယား နာမည် ကျော်သရုပ်ဆောင်များဖြစ်သော ဂျီဆောင်းနှင့် လီဘိုယောင်းသည် ချစ်သူသက်တမ်း ခုနစ်နှစ်အကြာ ၂၀၁၃ စက်တင်ဘာတွင် လက် ထပ်ခဲ့ပြီး ၂၀၁၅ ဇွန်လ၌ ပထမဆုံးရင်သွေးလေး ပိုင်ဆိုင်ခဲ့သည်။

ဂျီဆောင်းသည် လက်ရှိ တွင် SBS ရုပ်သံလိုင်း၏ Entertainer ဒရာမာဇာတ်လမ်းတွဲ၌ ပါဝင် သရုပ်ဆောင်လျက်ရှိသည်။

Credit: 7 DAy Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top