iMyanmarHouse.com - Best Property Website for Myanmar
×

လမ်းခွဲခြင်းက တကယ်ကို ခက်ခဲပါတယ်။ ရင်ဘတ်ကြီးထဲကနေ နှလုံးသားတစ်ခုလုံးကို ဆွဲထုတ်ယူလိုက်သလို ခံစားရပြီး အိပ်ယာပေါ်မှာပဲ လူးလှိမ့်ငိုကြွေးနေရတာမျိုးပေါ့။ အိပ်မက်ဆိုးမက်တဲ့ ညတွေလို အထီးကျန်နာကျင်မှုတွေနဲ့ပဲ ဖြတ်သန်းရတာတွေက လမ်းတစ်ဝက်မှာ ပြတ်တောက်သွားတဲ့ အချစ်ရေးကို ကြုံတွေ့ဖူးသူတိုင်း ခံစားရတဲ့ ခံစားချက်တွေ ဖြစ်ပါတယ်။ အချစ်တစ်ခုကို အဆုံးသတ်ရတာ မလွယ်ကူပါဘူး။ ကံမကောင်းရင်တော့ ဒီဒဏ်ရာကို ပျောက်ကင်းစေနိုင်မယ့် မျက်လှည့်ဆန်တဲ့ ကုသမှုမျိုးကို လွယ်လွယ်နဲ့ မြန်မြန်ရှာမတွေ့နိုင်ဘဲ နေတတ်ပါတယ်။ ဒီတော့ ရင်ခုန်သံနှစ်ခု ထပ်တူကျတယ်လို့ ယုံကြည်ပြီး လက်တွဲခဲ့ပြီးမှ ကိုယ့်နှလုံးသားတစ်ခုလုံး ရင်းပြီးမှ သိလိုက်ရတဲ့ အဖြစ်မျိုး မကြုံတွေ့စေဖို့ သင်ယူထားရမယ့် သင်ခန်းစာတွေကတော့-

အချစ်ရေးဆိုတာ ဖန်ခွက်တစ်ခုလိုပါပဲ။
တစ်ခါတစ်လေ ဖန်ခွက် အကွဲအတိုင်းထားလိုက်တာက အကွဲတွေကို ပြန်ဆက်ဖို့ ကြိုးစားနေရင်း နာကျင်ပင်ပန်းရတာထက် ပိုသက်သာပါတယ်။

ကိုယ့်ကောင်းကင်ပေါ်မှာ သူများရဲ့ တိမ်မည်းတွေ အဖုံးမခံပါနဲ့။
တစ်ဖက်လူရဲ့ အချစ်ရေး ပျက်ကွက်မှုတွေကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် အလေးထားမှုတွေကို အဖျက်ဆီးမခံပါနဲ့။

နာကျင်ရပြီဆိုရင် အချစ်စစ် မဟုတ်ပါဘူး။
ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ နာကျင်မှု ခံစားရတာက အချစ်စစ်ရဲ့ အမှတ်အသားလို့ ပြောလာတာကို ဘယ်တော့မှ လက်မခံပါနဲ့။

အချစ်ကို တစ်ကြိမ်ခံစားပြီလည်း နောက်တစ်ကြိမ်ခံစားနိုင်သေးတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
တံခါးတစ်ချပ်ပိတ်သွားရင် နောက်တစ်ချပ်က ပွင့်လာမှာပါပဲ။ အတိတ်ကို မျှော်ငေးနေတာကြောင့် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့ နောက်မကျသွားပါစေနဲ့။

ကွဲနေတဲ့ နှလုံးသားအတွက် အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပါပဲ။
နာကျင်တဲ့ ခံစားချက်တွေဆိုတာ ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲဖြစ်ပြီး အချိန်တန်ရင် ဒီခံစားချက်တွေက မှေးမှိန်ပျောက်ကွယ်သွားမှာပါ။

မေ့နိုင်ဖို့ အတွက် ခွင့်လွှတ်နိုင်ဖို့လိုပါတယ်။
မေ့နိုင်ပြီဆိုရင် နောက်ထပ်အချစ်ကို ထပ်ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။

အချစ်ရေး မအောင်မြင်ဘူးဆိုတာက သင့်ဘဝကျရှုံးတာ မဟုတ်ပါဘူး။

တစ်စုံတစ်ယောက်ကို ချစ်နိုင်တာ အရမ်းကောင်းပေမဲ့ ကိုယ့်ကိုယ့်ကိုယ် အရင်ချစ်နိုင်အောင် ကြိုးစားပြီးမှ တစ်စုံတစ်ယောက်ကို ချစ်ဖို့ မျှော်လင့်ပါ။

ကိုယ် ပျော်ရွှင်ဖို့အတွက် တခြားတစ်ယောက်ကို စောင့်နေစရာ မလိုပါဘူး ။
ကိုယ်တစ်ယောက်တည်းနဲ့လည်း ပျော်အောင်နေလို့ ရပါတယ်။ လူတစ်ယောက်အတွက် အဖော်ရှိမှ ပျော်နိုင်တာ မဟုတ်ဘဲ ကိုယ့်ဘာသာလည်း ပျော်ရွှင်မှု ရှာနိုင်ပါတယ်။

တစ်ယောက်တည်းနေရမှာ ကြောက်တာကြောင့် အဆင်မပြေတဲ့ အချစ်ရေးကို ပြုပြင်ဖို့ကြိုးစားနေစရာ လုံးဝမလိုပါဘူး။
အဆင်မပြေတဲ့အချစ်ရေးထက် တစ်ယောက်တည်းနေရတာက ပိုကောင်းတယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေက ပျက်စီးနိုင်ပါတယ်။
ဒါပေမဲ့ ဒီ အပျက်အစီးတွေကို ပိုကောင်းတဲ့ အိပ်မက်တွေ တည်ဆောက်တဲ့နေရာမှာ သုံးလို့ရပါတယ်။ ဒီလိုအမှားမျိုး နောက်ထပ်မမှားဖို့ကိုပဲ သတိထားပါ။ ဘဝဆိုတာ ခဏလေးပါ။



Credit: trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top