iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်ထောင်ရှင်တွေဟာ မိမိတို့ အိမ်ထောင်ရေး အဆင်ပြေ ကျန်းမာပျော်ရွှင်စေဖို့ ၊ အိမ်ထောင်ရေး သုခ ပြည့်ဝ စေဖို့အတွက် နည်းလမ်းကောင်းတွေ စဉ်းစားကြပါတယ်။ အချို့ကတော့ အိမ်ထောင်ရေး သုခ ပြည့်ဝစေတဲ့ ဆေးဝါးတွေ မှီဝဲ ကြပြီး အချို့ကတော့ အရက်သေစာ နဲ့ မူးယစ်ဆေးဝါးတွေ မှီဝဲကြပါတယ်။ ဒါဟာ အိမ်ထောင်ရေး သုခ မပြည့်ဝပါဘူး။ ချစ်တင်းနှောချိန် တစ်ခုတည်းအတွက်ပဲ ကောင်းနိုင်ပါတယ်။ အိမ်ထောင်ရေး သုခဆိုတာ စိတ်ကျေနပ်မှု ရရှိစေသလို ကျန်းမာပျော်ရွှင်စေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ပြီး အိမ်ထောင်ရေးသုခ ပြည့်ဝစေနိုင်မယ့် သစ်သီး အချို့ကို စားသုံးဖို့ အကြံပေးလိုက်ပါရစေ။

၁။ ငှက်ပျောသီး
ငှက်ပျောသီးဟာ ကောင်းကျိုးများစွာရရှိစေတဲ့ အသီးတစ်မျိုးပါ။ ငှက်ပျောသီးဟာ ခွန်အားတွေကုန်ဆုံးရမှာ ဖြေးညှင်းစွာ ကုန်ဆုံးစေပြီး Bromelain လို့ခေါ်တဲ့ enzyme တစ်မျိုးပါဝင်တာကြောင့် လိင်ပိုင်းဆိုင်ရာ ဟော်မုန်း တစ်မျိုးကို ကြာရှည် တည်တံ့စေနိုင်ပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒတွေကိုလည်း တိုးပွားစေပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကိုလည်း မြင့်မားစေပါတယ်။ နှလုံး ၊ အာရုံကြော တို့ကို ကောင်းမွန်စေမယ့် ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

၂။ သစ်ကြားသီး
သစ်ကြားသီးတွေဟာ အိုမီဂါ ၃ ဖက်တီ အက်ဆစ် တွေပါဝင်တာကြောင့် အသားများ နဲ့ ဟင်းသီးဟင်းရွက် များ ကဲ့သို့ပင် သွေးစီးဆင်းမှု အားကောင်းစေနိုင်ပါတယ်။ သစ်ကြားသီးတွေဟာ အခြား သစ်စေ့များထက်ပင် ၂ ဆ တိတိ အဆိပ်အတောက် ပြယ်စေနိုင်ပြီး သစ်ကြားသီး တွေဟာ သုတ်ပိုး အရေအတွက် တိုးပွားစေတဲ့အပြင် လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို သန်မာလာစေပါတယ်။

၃။ ရှောက်/သံပုရာ သီးများနဲ့ ဘယ်ရီသီးများ
ဗီတာမင် စီ ဟာ အရေးကြီးတဲ့ အဆိပ်အတောက်ပြေစေတဲ့ ဓါတ်တစ်မျိုးပါ။ လိမ္မော်သီး ၊ သံပုရာသီး ၊ ချယ်ရီသီး ၊ ဘယ်ရီသီး အစရှိတဲ့ အသီးတွေဟာ တေဇောဓါတ်နဲ့သက်ဆိုင်သော (တစ်နည်းအားဖြင့် အောက်စီဂျင် နဲ့ သက်ဆိုင်သော) စိတ်ဖိစီးမှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ တေဇောဓါတ်နဲ့သက်ဆိုင်သော  စိတ်ဖိစီးမှုတွေဟာ သုတ်ပိုး ထိန်းချုပ်မှု အားကောင်းစေတဲ့ ဒီအန်အေ တွေကို ထိခိုက်မှု ဖြစ်စေနိုင်ပြီး သွေးကြောတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။

၎။ သလဲသီး
သလဲသီးတွေဟာ သုတ်ပိုးတွေကိုပျက်စီးစေနိုင်တဲ့ သွေးကြောထဲက ဓါတု ဓါတ်တစ်မျိုးကို ခြေဖျက်ပေးနိုင်မယ့် enzyme တစ်မျိုး ပါဝင်ပါတယ်။ထို ဓါတု ပစ္စည်းကိုတော့ Malondialdehyde(MDA) လို့ခေါ်ပြီး သုတ်ပိုး ရဲ့  အရည်အသွေး နိမ့်ပါးမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။

၅။ စတော်ဘယ်ရီသီး
စတော်ဘယ်ရီ သီးတွေဟာ သဘာဝထွက် အရသာတွေနဲ့ အဆိပ်အတောက် ပြေပျောက်စေနိုင်တဲ့ ဓါတ်တွေများစွာပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဗီတာမင် စီ လည်း ကြွယ်ဝ စွာ ပါဝင်သလို လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒကို ဖြစ်ပေါ်စေတဲ့ Methylxanthines လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ အိမ် ထောင်ရေး မျိုး ရရှိစေဖို့ ၊ အိမ်ထောင်ရေး သုခ ပြည့်ဝစေဖို့ ဓါတုဗေဒအခြေခံ ဆေးဝါးတွေ မှီဝဲနေမယ့် အစား သဘာဝ ထွက် သစ်သီးများကို စားသုံးခြင်းဖြင့် ပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်ကြပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top