iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကိုယ့်ကိုယ်ကိုယ် သိတယ်

ကိုယ်ဟာ ဘယ်လိုတန်ဖိုးရှိတဲ့ လူလဲဆိုတာ ကိုယ့်ကိုယ်တိုင်ပဲ ဆုံးဖြတ်နိုင်တယ်ဆိုတာ သိပါတယ်။ ကိုယ့်တန်ဖိုးဟာ ကိုယ့်ဆီကပဲ လာတယ်ဆိုတာကို သူတို့က မမေ့ပါဘူး။

၂ - ကိုယ့်တိုးတက်မှု

အခြားလူတွေရဲ့ အောင်မြင်မှုတွေကို အာရုံစိုက်မနေဘူး။ တခြားလူတွေ ဘာတွေပဲ အောင်မြင်ပါစေ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကိုယ်တိုးတက်အောင် လုပ်နေတဲ့ ကိစ္စတွေကိုတော့ လေးလေးနက်နက်ကို ဂရုစိုက်ပါတယ်။

 ၃ - ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက် မှန်မှန်ချတတ်ပါတယ်။ ရေတိုမှာ စိတ်ညစ်ရပေမဲ့ ရေရှည်မှာ ပျော်ရမယ့်ကိစ္စမျိုးကို ရွေးတယ်။ သူတို့ပျော်နေတာဟာ သူတို့ကိုယ်တိုင်လုပ်ခဲ့တဲ့ ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ပါတယ်။

၎ - အတိတ်

အတိတ်ကိုလည်း တွယ်ကပ်မနေပါဘူး။ ကိုယ့်အတိတ်ကိုတင်မကဘဲ တစ်ဖက်လူရဲ့ အတိတ်ကိုလည်း တအားကြီး ဂရုစိုက်မနေပါဘူး။ လက်တွေ့ကျပါတယ်။

၅ - သူငယ်ချင်း

သူတို့ကိုယ်တိုင်က ပျော်တတ်တဲ့လူတွေ ဖြစ်ရုံမကဘူး သူတို့လိုပျော်တတ်တဲ့လူတွေကိုလည်း အနားမှာ အမြဲရှိနေအောင် လုပ်ထားတတ်ကြပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top