iMyanmarHouse.com - Best Property Website for Myanmar
×

သင့္မွာ ခြဲစိတ္မႈတစ္ခုခုေၾကာင့္ျဖစ္ေစ၊ မီးေလာင္ဒဏ္ရာ၊ အနာတရတစ္ခုခုေၾကာင့္ အမာရြတ္တစ္ခုခု ရွိေနျပီး လူအမ်ားျမင္သာတဲ့ေနရာ တစ္ခုခုမွာ ျဖစ္ေနရင္ စိတ္ထဲမွာ ကသိကေအာက္ျဖစ္ရမွာ အမွန္ပါပဲ။ အမာရြတ္ေပ်ာက္ကင္းဖုိ႔အတြက္ ေလဆာနဲ႔ ကုသတာ၊ ခြဲစိတ္တာ၊ လိုးရွင္း၊ခရင္မ္အမ်ဳိးမ်ဳိးသုံးျပီး ေပ်ာက္ကင္းေအာင္လုပ္ႏုိင္ပါတယ္လို႔ ဆုိေပမယ့္ နည္းလမ္းေတာ္ေတာ္မ်ားမ်ားက ကုန္က်စရိတ္မ်ားတာ၊ ေဘးထြက္ဆုိးက်ဳိးရွိႏုိင္တာေတြ ရွိႏုိင္ပါတယ္။ သင့္အေနနဲ႔ အမာရြတ္ကို မလိုလားအပ္တဲ့ ေဘးထြက္ဆုိး က်ဳိးမရွိ၊ ေငြကုန္ေၾကးက်လည္းမမ်ားဘဲ ေပ်ာက္ကင္းသြားေစခ်င္တယ္ဆုိရင္ သဘာဝကုထုံးတစ္ခုကို သုံးျပီး ေပ်ာက္ကင္းေအာင္ ျပဳလုပ္ႏုိင္ပါတယ္။

သင္လိုအပ္မယ့္အရာမ်ား
သံလြင္ဆီစစ္စစ္ - လက္ဖက္ရည္ခြက္ရဲ႕ ၄ ပုံ ၁ ပုံ၊ သဘာဝပ်ားရည္- လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ လာဗင္ဒါအေမႊးဆီ- ၄ စက္၊ အုန္းဆီ- လက္ဖက္ရည္ခြက္ရဲ႕ ၄ ပုံ ၁ ပုံ တုိ႔ပဲျဖစ္ပါတယ္။

ျပင္ဆင္ပုံကေတာ့ ဒယ္အုိးျပားတစ္ခုထဲကို အုန္းဆီထည့္လိုက္ပါ။ ျပီးရင္ ဒယ္အုိးကို မီးဖိုေပၚတင္ျပီး မီးအား အသင့္အတင့္နဲ႔ အပူေပးပါ။ ျပီးရင္ လာဗင္ဒါအဆီ၊ ပ်ားရည္နဲ႔ သံလြင္ဆီတုိ႔ကုိထည့္ျပီး သစ္သားဇြန္းတစ္ေခ်ာင္းနဲ႔ ပါဝင္ပစၥည္းအားလုံး သမသြားေအာင္ေရာေမႊေပးပါ။

ေရာေမႊျပီးသြားတာနဲ႔ အပူဆက္ေပးျပီးေနာက္ ဒယ္အုိးကုိ မီးဖိုေပၚကခ်ျပီး အခန္းအပူခ်ိန္မွာပဲ အေအးခံထားပါ။ အခန္းအပူခ်ိန္မွာ ေအးသြားျပီဆုိမွ မိနစ္ ၂၀ ေလာက္ေရခဲေသတၱာထဲထည့္ျပီး အေအးခံလိုက္ပါ။ ေရခဲေသတၱာထဲက ထုတ္လုိက္တာနဲ႔ အမာရြတ္ေပ်ာက္ေဆးကို အသုံးျပဳလို႔ ရျပီျဖစ္ပါတယ္။ ဒီအမာရြတ္ေပ်ာက္ေဆးကို ေလလုံတဲ့ဗူးတစ္ခုထဲမွာ ထည့္ျပီး အမာရြတ္ကို ေန႔တုိင္းမွန္မွန္လိမ္းေပးပါ။ မနက္ေစာေစာတစ္ခါ ညေနတစ္ခါလိမ္းေပးႏုိင္ရင္ ပိုေကာင္းပါတယ္။
ေန႔တုိင္းမွန္မွန္ တစ္လေလာက္ဆက္ျပီး လိမ္းေပးမယ္ဆုိရင္ အမာရြတ္က သိသိသာသာ ေျပာင္းလဲသြားျပီး ေပ်ာက္ကင္းလာတာကို ေတြ႔ရမွာပဲျဖစ္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်မှာ ခွဲစိတ်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ မီးလောင်ဒဏ်ရာ၊ အနာတရတစ်ခုခုကြောင့် အမာရွတ်တစ်ခုခု ရှိနေပြီး လူအများမြင်သာတဲ့နေရာ တစ်ခုခုမှာ ဖြစ်နေရင် စိတ်ထဲမှာ ကသိကအောက်ဖြစ်ရမှာ အမှန်ပါပဲ။ အမာရွတ်ပျောက်ကင်းဖို့အတွက် လေဆာနဲ့ ကုသတာ၊ ခွဲစိတ်တာ၊ လိုးရှင်း၊ခရင်မ်အမျိုးမျိုးသုံးပြီး ပျောက်ကင်းအောင်လုပ်နိုင်ပါတယ်လို့ ဆိုပေမယ့် နည်းလမ်းတော်တော်များများက ကုန်ကျစရိတ်များတာ၊ ဘေးထွက်ဆိုးကျိုးရှိနိုင်တာတွေ ရှိနိုင်ပါတယ်။ သင့်အနေနဲ့ အမာရွတ်ကို မလိုလားအပ်တဲ့ ဘေးထွက်ဆိုး ကျိုးမရှိ၊ ငွေကုန်ကြေးကျလည်းမများဘဲ ပျောက်ကင်းသွားစေချင်တယ်ဆိုရင် သဘာဝကုထုံးတစ်ခုကို သုံးပြီး ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။

သင်လိုအပ်မယ့်အရာများ
သံလွင်ဆီစစ်စစ် - လက်ဖက်ရည်ခွက်ရဲ့ ၄ ပုံ ၁ ပုံ၊ သဘာဝပျားရည်- လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ လာဗင်ဒါအမွှေးဆီ- ၄ စက်၊ အုန်းဆီ- လက်ဖက်ရည်ခွက်ရဲ့ ၄ ပုံ ၁ ပုံ တို့ပဲဖြစ်ပါတယ်။

ပြင်ဆင်ပုံကတော့ ဒယ်အိုးပြားတစ်ခုထဲကို အုန်းဆီထည့်လိုက်ပါ။ ပြီးရင် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး မီးအား အသင့်အတင့်နဲ့ အပူပေးပါ။ ပြီးရင် လာဗင်ဒါအဆီ၊ ပျားရည်နဲ့ သံလွင်ဆီတို့ကိုထည့်ပြီး သစ်သားဇွန်းတစ်ချောင်းနဲ့ ပါဝင်ပစ္စည်းအားလုံး သမသွားအောင်ရောမွှေပေးပါ။

ရောမွှေပြီးသွားတာနဲ့ အပူဆက်ပေးပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်ကချပြီး အခန်းအပူချိန်မှာပဲ အအေးခံထားပါ။ အခန်းအပူချိန်မှာ အေးသွားပြီဆိုမှ မိနစ် ၂၀ လောက်ရေခဲသေတ္တာထဲထည့်ပြီး အအေးခံလိုက်ပါ။ ရေခဲသေတ္တာထဲက ထုတ်လိုက်တာနဲ့ အမာရွတ်ပျောက်ဆေးကို အသုံးပြုလို့ ရပြီဖြစ်ပါတယ်။ ဒီအမာရွတ်ပျောက်ဆေးကို လေလုံတဲ့ဗူးတစ်ခုထဲမှာ ထည့်ပြီး အမာရွတ်ကို နေ့တိုင်းမှန်မှန်လိမ်းပေးပါ။ မနက်စောစောတစ်ခါ ညနေတစ်ခါလိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။
နေ့တိုင်းမှန်မှန် တစ်လလောက်ဆက်ပြီး လိမ်းပေးမယ်ဆိုရင် အမာရွတ်က သိသိသာသာ ပြောင်းလဲသွားပြီး ပျောက်ကင်းလာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top