iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီး တစ်ဦး အပြုံးလေးက ဘယ်လောက် ချစ်စရာ ကောင်းကောင်း၊ မျက်လုံးလေးတွေ ဘယ်လို လှလှ ခါးမသိမ်လို့ ကတော့ ဆွဲဆောင်မှု ရှိသည်ဟု သတ်မှတ်ခံရမည် မဟုတ်ကြောင်း လေ့လာမှု တစ်ခုအရ သိရှိခဲ့ ရပြီ ဖြစ်သည်။

          ခါးဆိုက်ဒ် (၂၆)လက်မအောက် ရှိမှသာ လိင်ဆွဲဆောင်မှုရှိသူ ဖြစ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။ အဆိုတော် ဘီယွန်းဆေးနှင့် သရုပ်ဆောင် ကင်မ်ကာ ဒါရှီးယန်းတို့မှာ ယင်းဆိုက်ဒ်များရှိသူ များအဖြစ် နာမည်ရ နေသည်။

          အမေရိကန် သုတေသန ပညာရှင်များသည် တက္ကသိုလ် ကျောင်းသူများနှင့် ပလေးဘွိုင်း မဂ္ဂဇင်းမှ မော်ဒယ် များ၏ ပုံများကို အလေ့လာခံ များကို ပြသခဲ့သည်။ ထို့ပြင် အလေ့ လာခံများအား အမျိုးသမီး တစ်ဦး ကို ဆွဲဆောင်မှုရှိ မရှိ သုံးသပ်ရန် ညွှန်ကြားခဲ့ပြီး ၎င်းတို့၏ အဖြေများကို ခန္ဓာကိုယ် အရွယ်အစား များနှင့် နှိုင်းယှဉ်ခဲ့သည်။

          သေးသွယ်နွဲ့ကျဉ်သော ခါးရှိသည့် အမျိုးသမီးများမှာ ဆွဲဆောင်မှု အရှိဆုံး ဖြစ်ကြောင်း အလေ့လာခံ များက ပြောဆိုခဲ့သည်။ ခါးသိမ်လေ ဆွဲဆောင်မှု ရှိလေဖြစ်သည်။ ခါးသိမ် သော်လည်း တင်ပါး မသေးရန်တော့ လိုအပ်နေသေးကြောင်း ၎င်းတို့က ဆိုသည်။

          သာမန် အမျိုးသမီးများ အထူးသဖြင့် တက္ကသိုလ် ကျောင်းသူများ၏ ပျမ်းမျှ ခါးဆိုက်ဒ်မှာ (၂၉) ရှိနေ သည်။ သို့သော် ဆွဲဆောင်မှု အရှိဆုံးဟု သတ်မှတ်ခံရသော အမျိုးသမီး များ၏ ခါးဆိုက်ဒ်မှာ (၂၆) လက်မ ဖြစ်သည်။ အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ် ဆွဲဆောင်မှု ရှိမရှိတွင် ခါးဆိုက်ဒ်က အရေးပါ နေကြောင်း တွေ့ရှိခဲ့ ရသည်ဟု ဆန်တာဘာဘရာရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခ စတီဖင် ဂေါက်လင်းနှင့် ပစ္စဘာ့ တက္ကသိုလ်မှ ပါမောက္ခ ၀ီလျံလက်ဆက်တို့က ပြောဆို ခဲ့သည်။

      စိတ်ကူးထဲက ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးတစ်ဦး၏ အမည်ကို ပြောပြရန် အလေ့လာခံ (၅၀၀) တို့အား မေးမြန်းခဲ့ရာ ၎င်းတို့က သဲနာရီ ပုံစံ ခန္ဓာကိုယ် ရှိသည့် ကာတွန်းဇာတ်ကောင် ဂျက်စီကာရတ်ဘစ် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂျက်စီကာ ရတ်ဘစ်၏ ခါးဆိုက်ဒ်မှာ (၁၀) လက်မ ဖြစ်သည်။

          အခြားလူများ ကလည်း ခါးဆိုက်ဒ်(၂၆)လက်မရှိ ဆူပါ မော်ဒယ် စင်ဒီကရောဖို့ဒ်နှင့် ခါးဆိုက်ဒ် (၂၅) ရှိသည့် ကယ်လီဘရွတ်ခ်တို့ကို နှစ်သက်ကြောင်း ပြောဆိုခဲ့ ကြသည်။ ဗစ်တိုးရီးယား ဘက်ခမ်းသည်လည်း ခါးဆိုက်ဒ် (၂၃) လက်မသာ ရှိသည်ဟု ယူဆခံထား ရသည်။



Credit:Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top