iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အရွယ်အစားနဲ့ အိတ်ကပ်

ဘာအတွက် သုံးမှာလဲ စဉ်းစားပါ။ ရုံးအတွက် ဆိုရင် လပ်တော့ပ်ထည့်မှာလား၊ နေ့လယ်စာ ထမင်းဗူးပါ ထည့်သွားချင်တာလား။ အခြားသေးသေးမွှားမွှား ပစ္စည်းလေးတွေ ထည့်ဦးမှာလား။ ဒါတွေစဉ်းစားပြီး အိတ်ရဲ့ အရွယ်အစားနဲ့ ပုံစံကို စဉ်းစားပါ။

၂ - အသား

ကျောပိုးအိတ်သားအတွက် သားရေသားကို မရွေးပါနဲ့။ အများစုဟာ သားရေအတုတွေ ဖြစ်ပါတယ်။ အစစ်က တော်ရုံဈေးနဲ့ မရပါဘူး။ သားရေသားဟာ တခြားအသားတွေထက် လေးလည်း လေးပါတယ်။နောက်ပိုင်းလာတဲ့ ပုံမှန်ကျောပိုးအိတ်သားတွေဟာ အလွန်ကောင်းပါတယ်။ နိုင်လွန်တို့ ပိုလီစတားတို့နဲ့ လုပ်ထားပြီး ရေစိုခံပါတယ်။ ရေစိုခံတာကိုပဲ ရွေးသင့်ပါတယ်။

၃ - ဇစ်

ဇစ်ကိုလည်း သေချာစစ်ဆေးပေးပါ။ ကျောပိုးအိတ်ရဲ့ သပ်ရပ်ခိုင်မာမှုနဲ့ပက်သက်ပြီး ဇစ်အရည်အသွေးကို ကြည့်ပြီး ပြောလို့ရပါတယ်။

၎ - စတိုင်

နောက်ဆုံးမှ ဝယ်တဲ့အတွက် နောက်ဆုံးပေါ်နေတဲ့ ကျောပိုးအိတ်ဒီဇိုင်းကိုပဲ စဉ်းစားပါ။ အထူးသဖြင့် ကျောင်းတက်ဖို့၊ သင်တန်းတက်ဖို့ ဆိုရင် ဒီဇိုင်းကောင်းကောင်း အချိန်ယူရွေးသင့်ပါတယ်။

၅ - ကိုယ်လုံး

ကိုယ်လုံးက အရွယ်အစားနဲ့ မဆိုင်ပါဘူး။ ကြည့်လိုက်ရင် သေးပေမဲ့ ထည့်လိုက်ရင် အများကြီးဆန့်တဲ့ ကျောပိုးအိတ်တွေ ရှိပါတယ်။ ထည့်လိုက်ရင် ဖောင်းသွားပြီး အများကြီးဆန့်တဲ့ ကိုယ်လုံးသေးသေး ကျောပိုးအိတ်ကိုလည်း ကြိုက်ရင် ရွေးလို့ရပါတယ်။

၆ - ကြိုး

မလိုအပ်ဘဲ ကြိုးတစ်ချောင်းတည်းပါတဲ့ ကျောပိုးအိတ်မရွေးပါနဲ့။ ခရီးထွက်ဖို့ စီစဉ်ထားပြီး လေးလံတဲ့ ပစ္စည်းတွေ သယ်စရာရှိတယ်ဆို ခါးသိုင်းကြိုးပါတဲ့ အိတ်ကို ရွေးသင့်ပါတယ်။

၇ - ကျောခံ

ကျောကုန်းနဲ့ ထိတွေ့ရမယ့် နေရာမှာ သက်သောင့်သက်သာဖြစ်စေဖို့ အခံပါလားဆိုတာကိုလည်း ကြည့်ပါ။

၈ - ဝယ်တဲ့အခါ

ဝယ်တဲ့အခါ ဝတ်ကြည့်ပါ။ ပုံစံလည်းကြိုက်တယ် သင်လည်း သက်သောင့်သက်သာ ဖြစ်တယ်ဆိုမှ ယူပါ။  ချွေတာရမယ်ဆိုရင်တော့  အနည်းဆုံး သုံးသောင်းကျော်လောက်မှ အဆင်ပြေပါမယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top