iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်မှာ ရောဂါဖြစ်လာပြီဆိုရင် ကနဦး လက္ခဏာတွေ အရင်ပြလေ့ရှိပါတယ်။ရောဂါလက္ခဏာ စပြတဲ့အချိန်မှာ သတိထားမိပြီး စောစီးစွာ ကုသမှုခံနိုင်မယ်ဆိုရင်တော့ အရင်းအနှီးကြီးကြီးမားမား ပေးဆပ်ရမှာ မဟုတ်ပါဘူး။ ရောဂါကြောင့်သေဆုံးရမှု အများစုမှာ ရောဂါကျွမ်းမှ သတိပြုမိပြီး ကုသမှုနောက်ကျရတဲ့အတွက် သေဆုံးကြတာများပါတယ်။ဒါကြောင့် မိန်းကလေးတိုင်းအတွက် ကိုယ့်ခန္ဓာကိုယ်မှာ ရောဂါတစ်ခုရှိနေရင် စောစောစီးစီး သတိပြုမိနိုင်ဖို့အတွက် ဘာတွေပြောင်းလဲမှုရှိလဲဆိုတာ သိဖို့လိုပါတယ်။အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ ကိုယ့်ဘာသာကိုယ် ပုံမှန်စစ်ဆေးနေသင့်တဲ့ အရာတွေရှိပါတယ်။

၁-မှဲ့

 မြန်မြန်မပျောက်နိုင်တဲ့ အနာမျိုး၊သွေးထွက်နေတတ်တဲ့ ဒဏ်ရာမျိုး ဒါမှမဟုတ် အရွယ်၊အရောင် နဲ့ ပုံသဏ္ဍန် ပြောင်းလဲနေတတ်တဲ့ မှဲ့တွေတွေ့ခဲ့မယ်ဆိုရင် သတိပြုဖို့လိုပါတယ်။ တစ်ချို့မှဲ့တွေက ဘာမှ အန္တရာယ်မပေးပေမဲ့ တစ်ချို့မှဲ့တွေကတော့ အရေပြားကင်ဆာဖြစ်စေနိုင်တဲ့အတွက် အရေပြားရောဂါအထူးကုနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

၂-ရင်သား

မှဲ့စစ်ဆေးမှုလိုပဲ ရင်သားစစ်ဆေးမှုကိုလည်း စစ်ဆေးသင့်ပါတယ်။ ရင်သားတစ်ဝိုက်ကို နာရီလက်တံလည်တဲ့အတိုင်းလှည့်ပြီး အကြိတ်၊အဖုတွေတွေ့သလား။ ကိုယ့်ရင်သားက ပုံမမှန်ဘဲ ချိုင့်ခွက်နေတာ၊အရောင်ပြောင်းနေတာ၊နို့သီးခေါင်းပုံစံပြောင်းနေတာ၊ မပျောက်ကင်းနိုင်တဲ့ အကွက်တွေပေါ်နေတတ်တာတွေကို သေသေချာချာ စမ်းသပ်စစ်ဆေးနေဖို့ လိုပါတယ်။

၃- နှလုံးခုန်နှုန်း

 နှလုံးခုန်နှုန်းက ယောက်ျားတွေရော မိန်းမတွေရောအတွက်ပါ နံပါတ် ၁ လူသတ်သမား ဖြစ်တာကြောင့် နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။လက်ညှိုးနဲ့ လက်ခလယ်နှစ်ချောင်းပူးပြီး လည်ပင်းရဲ့ဘေးနေရာက သွေးခုန်နှုန်းကို စမ်းကြည့်ပါ။ ၆ စက္ကန့်အတွင်းသွေးခုန်နှုန်းကို မှတ်သားပြီး ၁၀ နဲ့မြှောက်ကြည့်ရင် ၁ မိနစ်အတွင်းမှာ ရှိတဲ့ နှလုံးခုန်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် ၆၀-၁၀၀ အတွင်း ရှိရမှာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံအဖြစ်များလာရင် သတိပြုဖို့ လိုမှာဖြစ်ပါတယ်။

၎- သွေးပေါင်ချိန်


 ကိုယ့်ရဲ့ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးနေဖို့လိုပါတယ်။အမြဲတမ်း သွေးပေါင်ချိန်က ၁၂၀/၈၀ mmhg ထက်များနေပြီဆိုရင် လေဖြတ်တာ၊နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်ဖို့အလားအလာများတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး သွေးပေါင်အတက်အကျမှန်အောင် လုပ်ဖို့လိုအပ်ပါမယ်။

၅-လက်သည်း

အမျိုးသမီးတွေအနေနဲ့ လက်သည်းဆိုးဆေးတွေမရှိတဲ့အချိန်မှာ ကိုယ့်လက်သည်းက ဝါပြီးထူနေတယ်ဆိုရင် မှိုရောဂါ၊မည်းပြီး အစင်းကြောင်းတွေ ပေါ်နေတယ်ဆိုရင် အရေပြားရောဂါနဲ့ ဇွန်းပုံသဏ္ဍန် အဖြူခုံးလေးတွေ ဖြစ်နေတယ်ဆိုရင် သံဓာတ်အားနည်းတဲ့ ရောဂါကို ပြသတာဖြစ်တဲ့အတွက် လက်သည်းအခြေအနေကို အမြဲစစ်ဆေးနေသင့်ပါတယ်။

၆-အရေပြား

 လည်ပင်း အနောက်ဘက်အရေပြားပေါ်နဲ့ ချိုင်းပေါ်မှာ အမည်းရောင် အကွက်လေးတွေဖြစ်လာမယ်ဆိုရင် ဆီးချိုရောဂါ လက္ခဏာကို ပြတာဖြစ်ပြီး မေးစေ့၊ရင်ဘတ်၊ဝမ်းဗိုက် နေရာတွေမှာ အမွေးလေးတွေပေါက်လာမယ်ဆိုရင် သားအိမ်နဲ့ဆိုင်တဲ့ ရောဂါလက္ခဏာတွေကို ပြတာဖြစ်ပါတယ်။ဒါကြောင့် အရေပြားပေါ်မှာ ထူးခြားချက်တွေရှိသလားဆိုတာ အမြဲစစ်ဆေးကြည့်ဖို့လိုပါတယ်။



Credit :  Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top