iMyanmarHouse.com - Best Property Website for Myanmar
×

ချက်ရဲ့ပုံလေးကိုကြည့်ပြီး ကိုယ်ကတော့ ဘယ်လိုချက်ပိုင်ရှင်ဖြစ်လိမ့်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။ မတ်မတ်ရပ်ပြီးမှ ကိုယ့်ချက်ကို ကိုယ်ကြည့်နော်။

 (1) ဝိုင်းသောချက်ပိုင်ရှင်
 ရိုးသားပြီး ချစ်စရာကောင်းသောသူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အသေးအဖွဲကိစ္စတွေဆိုရင် ခေါင်းထဲမှာ မထားပါ။

(2)ဒေါင်လိုက်ရှည်သော ချက်ပိုင်ရှင်
 သူများကို ကူညီချင်သောစိတ်ဓာတ်ပြင်းထန်သူ၊ ငွေရေးကြေးရေးနှင့်ပတ်သက်၍တော့ ကပ်စီးနဲသူဖြစ်ပါလိမ့်မယ်။

 (3) ချက်ဆူ ပိုင်ရှင်
 သံယောဇဉ်ကြီးသောသူ၊ ခင်ပြီဆိုရင် သူငယ်ချင်းအဖြစ် တသက်လုံးလက်ခံထားသူ၊ ဒါပင်မဲ့ ပိုက်ဆံအသုံးကြမ်းသောသူ ဖြစ်လိမ့်မယ်။ နောက်ပြီး ပိုက်ဆံတို့၊ အာဏာကို မက်လိမ့်မယ်။

(4) အပေါ်သို့ထောင်နေသောချက် ပိုင်ရှင်
 ကြိုးစားပြီး ရိုးသားသောသူ၊ အလုပ်ကို လေးလေးစားစား ဝီရိယရှိသောသူ၊ အမှန်ကို အမှန်အတိုင်း ရိုးရိုးကြီးဖြစ်တဲ့အတွက် ယောင်္ကျားကောင်းရလိမ့်မယ်။

(5) ဘေးသို့ရှည်သော ချက်ပိုင်ရှင်
ပျော်ပျော်နေတတ်ပင်မဲ့လည်း ကိုယ့်ရဲ့ရည်စား၊ ချစ်သူ အပေါ်မှာ မူတည်ပြီး စိတ်နေစိတ်ထားက ပြောင်းလဲသွားတတ်၏

 (6)အောက်သို့ စိုက်နေသော ချက်ပိုင်ရှင်
 ကံကောင်းလိုက် မကောင်းလိုက်နဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်သူ၊ ပိုက်ဆံက လက်ထဲမှာ မရှိတတ်ပါ။ အသက်ကြီးရင် ဒုက္ခရောက်တတ်၏။

(7) Y ပုံချက်ပိုင်ရှင်
 ကလေးဆန်သောသူ၊ တစ်ခုခုကို လေ့လာမှတ်သားရတာကို စိတ်ဝင်စားသူ၊ အနုပညာကို နှစ်သက်သူ၊ သတင်းဗဟုသုတကို စုဆောင်းရတာကို နှစ်သက်ပါလိမ့်မယ်။


(8)ရေလှိုင်းပုံ ချက်ပိုင်ရှင်
စိတ်ကြီးလို့ လူကောင်းလား လူဆိုးလား နှစ်ခုထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဘာကိစ္စမဆို တော်ရုံနဲ့ မဆုံးဖြတ်နိုင်ပါ။

(9)အတွင်းအထိ မြင်ရသော ချက်ပိုင်ရှင်
 ဖြစ်သလိုနေတတ်သူ၊ အဆင်ပြေသလိုနေပြီး ဖြစ်သမျှအကြောင်း အကောင်းချည်းသာ ထင်ထားသူဖြစ်ပါလိမ့်မယ်။


Credit:Chelmo Team

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top