iMyanmarHouse.com - Best Property Website for Myanmar
×

အကယ်၍ သင်ဟာ အောက်ခံဘောင်းဘီဝတ်ပြီး အိပ်ရာဝင်တတ်သူဆိုရင်တော့ သင့်အနေနဲ့ အရေပြားရောဂါတွေဖြစ်ဖို့ ပိုးမွှားတွေကို နေရာပေးသလိုဖြစ်နေတယ်လို့ နောက်ဆုံးတွေ့ရှိချက်တွေက ဆိုပါတယ်။ ယောက်ျားလေးတွေဆိုရင်လည်း မျိုးပွားခြင်းပြဿနာတွေဖြစ်နိုင်ပါတယ်။

တကယ်တော့ ပေါင်ကြားနေရာဟာ ပိုးမွှားတွေခိုအောင်းဖို့နေရာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ထိုကြားထဲနေရာတွေဟာ အနာတွေဖြစ်လေ့ဖြစ်ထရှိတတ်တာဖြစ်ပါတယ်။ အမျိုးသမီးမျိုးပွားအင်္ဂါကျွမ်းကျင်သူ DrAlyssa Dweckက “ကျွန်မရဲ့ လူနာတွေကို ကျွန်မအမြဲပြောလေ့ရှိတာက အောက်ခံဘောင်းဘီနဲ့ မအိပ်ဖို့ပါပဲ။
အကယ်၍ အဲ့ဒိပေါင်ကြားတစ်ဝိုက်နေရာဟာ အမြဲတစေဖုံးအုပ်ခြင်းခံရမယ်ဆိုရင် အထူးသဖြင့် ပူပြင်းတဲ့အမျှင်ပါတဲ့ အဝတ်အစားမျိုးနဲ့ ဖုံးအုပ်ထားခြင်းခံရမယ်ဆိုရင် စိုထိုင်းလာပါမယ်။ ပြီးတော့ ဘက်တီးရီးယားတွေ၊ မှိုတွေကြိုက်တဲ့နေရာတစ်ခုဖြစ်လာပါမယ်။”လို့ဆိုပါတယ်။

အတွင်းခံနဲ့အိပ်ရာဝင်ခြင်းဟာ လိင်အင်္ဂါတစ်ဝိုက်အမွှေးအမျှင်များကြားမှာလည်း စိုထိုင်းမှုကိုဖြစ်ပေါ်စေပြီး အနံ့အသက် ဆိုးရွားစေပါတယ်။ အကယ်၍ အမျိုးသမီးတွေအနေနဲ့ အဝတ်ဗလာ မအိပ်ချင်ဘူးဆိုရင်တော့ အဘွားကြီးအရွယ်တွေဝတ်တဲ့ ခပ်ပွပွဘောင်းဘီမျိုးနဲ့အိပ်ရာဝင်သင့်တယ်လို့ ဆိုပါတယ်။

ယောက်ျားလေးတွေအတွက် အန္တရာယ်ကပိုကြီးပါတယ်။ အမျိုးသားကျန်းမာရေးအထူးပြု Dr Brian Steixnerက “သင့်ရဲ့ လိင်အင်္ဂါဟာ မျိုးပွားသုတ်တွေထုတ်ပေးဖို့ အပူချိန်မျှမျှတတလိုအပ်ပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားတွေကလည်း အဲ့ဒိနေရာမှာ ခိုကပ်ပြီး အနာရောဂါတွေပေါများစေပါတယ်”လို့ဆိုပါတယ်။

အဝတ်ဗလာနဲ့ အိပ်လို့ အဆင်မပြေရင်တောင် ခပ်ပွပွပါးပါးဘောင်းဘီမျိုးနဲ့
အိပ်ရာဝင်သင့်ကြောင့် စေတနာနဲ့ အကြံပြုလိုက်ရပါတယ်။

Credit : Shwemom

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top