iMyanmarHouse.com - Best Property Website for Myanmar
×

အစားအသောက်မှာ ဆား (သို့) ဆိုဒီယမ် လွန်ကဲခြင်း လုံးဝမကောင်းဘူးဆိုတာ လူတိုင်းသိတဲ့အချက် ဖြစ်ပါတယ်။ ဆားက သွေးပေါင်တက်စေနိုင်ပြီး နှလုံးရောဂါဝေဒနာ ခံစားနိုင်ခြေပိုများစေပါတယ်။ ဒါပေမယ့် အရည်ကြည်များ ဟန်ချက်ညီမျှခြင်းနဲ့ အာရုံကြောနဲ့ ကြွက်သားများ ကောင်းမွန်စွာ အလုပ်လုပ်ခြင်းအတွက် အစားအစာတွေမှာ ဆားကို သင့်တင့်လျောက်ပတ်တဲ့ ပမာဏတော့ လိုအပ်ပါတယ်။

ဆားကို အလှအပသုံးပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်တာရော သိပါသလား။ တစ်နည်းအားဖြင့် အကုန်ကျအနည်းဆုံးနဲ့ နူးညံ့ဝင်းပတဲ့ အသားရေ၊ ပိုမိုတောက်ပတဲ့ သွားများ၊ ဗောက်ကင်းရှင်းခြင်း၊ ပိုမိုဝင်းပတဲ့ လက်/ခြေသည်းစတာတွေ ရရှိဖို့အတွက် အလွယ်ဆုံးနည်းလမ်းများပဲ ဖြစ်ပါတယ်။

သွားများ ပိုမိုဖြူဖွေးစေခြင်း

ဆားက ကြမ်းထော်တော့ သွားချေးနဲ့ အစွန်းအထင်းတွေ ဖယ်ရှားဖို့ အသုံးပြုနိုင်ကာ သွားတွေ ဖြူဖွေးစေပါတယ်။ ရေစိုတဲ့ သွားပွတ်တံကို ဆားထဲနစ်ပြီး သွားကို ညင်သာစွာ တိုက်ပေးပါ။

ခံတွင်းသန့်ဆေး

Alcohol အဓိကသုံး ပလုတ်ကျင်းဆေးရည်က ကျိန်းစပ်ပြီး ခံတွင်းခြောက်သွေ့စေပါတယ်။ ရေနွေးနွေးလေး (၁) ခွက်ကို ဆား လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းနဲ့ ရောပြီး ပလုတ်ကျင်းပေးပါ။ ခံတွင်းအနံ့ဆိုး ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ထိရောက်စွာ ဖယ်ရှားပေးပါတယ်။

အရေပြားဆဲလ်သေများ ဖယ်ချွတ်ဆေး

သေချာစွာအမှုန့်ကြိတ်ထားတဲ့ ဆေးနဲ့ သံလွင်ဆီ ဆတူရောပြီး လက်ဖျားလေးများဖြင့် မျက်နှာကို နှိပ်နယ်ပေးပါ။ ပြီးနောက် ရေနွေးနဲ့ သေချာ ပြန်ဆေးကြောပေးရပါမယ်။

ကြမ်းထော်တဲ့ အရေပြားတွေ ဖယ်ထုတ်ပေးခြင်း

ညိုမည်းခြောက်သွေ့ကမ်းထော်တဲ့ တံတောင်ဆစ်နဲ့ ဒူးဆစ်တွေကို ဆားမှ ကူညီဖြေရှင်းပေးနိုင်ပါတယ်။ အပေါ်ကနည်းအတိုင်းပဲ ဖော်စပ်ရပါမယ်။ ဆားက ခြောက်သွေ့ခြင်းနဲ့ ညိုမည်းမှု ဖြစ်စေတဲ့ အရေပြားဆဲလ်သေတွေ ဖယ်ရှားပေးပြီး သံလွင်ဆီက တံတောင်ဆစ်နဲ့ ဒူးဆစ်တွေ နူးညံ့ပျော့ပျောင်းပေးပါတယ်။

လက်/ခြေသည်း ပိုမိုတောက်ပစေခြင်း

ပိုမိုကြံ့ခိုင်ပြီး အစွန်းအထင်းကင်းတဲ့ ခြေ/လက်သည်း ပိုင်ဆိုင်လိုပါက အလွန်ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပန်းကန်တစ်ခုထဲ လက်ဖက်ရည်ဇွန်းဖြင့် ဆား (၁) ဇွန်း၊ သံပုယိုရည် (၁) ဇွန်း၊ မှုန့်ဖုတ်ဆော်ဒါ (၁) ဇွန်းနဲ့ ရေနွေး ၁- ၂ ခွက် ရော၊ ကောင်းစွာ ရောသမမွှေပြီး လက်/ခြေသည်းကို ၁၀ မိနစ်ခန့်လိမ်းပေးပါ။ ပြီးတော့ brush လေးတစ်ခုနဲ့ ညင်သာစွာ ပွတ်တိုက်ပေးရပါမယ်။

ဗောက်ဖယ်ရှားပေးခြင်း

ဆားမှာ ဗောက်တွေအပြီးရှင်းပစ်နိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ရေစိုနေတဲ့ ဦးရေပြားမှာ ဆားအနည်းငယ်လောင်းထည့်ပြီး လက်နဲ့ ဖြည်းညင်းစွာ နှိပ်နယ်ပေးရပါမယ်။ ဒီနည်းဖြင့် မှိုအပြင် ဖြူလွှနေတဲ့ အလွှာချပ်တွေ ရှင်းလင်းပေးပါလိမ့်မယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top