iMyanmarHouse.com - Best Property Website for Myanmar
×

တဖက်သတ်အချစ်ရဲ့ ခံစားချက်တွေကတော့ ပြင်းထန်မယ်လို့ အားလုံးထင်ပါလိမ့်မယ်။

ကိုယ်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးနော်။ အားလုံးက ကိုယ်လို သူလိုပါပဲ။ သူငယ်ချင်းတွေကော ဘယ်လိုခံစားနေရသလဲဆိုတာကို ဝေငှလိုက်ကြရအောင်လား။

၀၁. သူ့အရှေ့ရောက်ပြီး ချက်ချင်းဆိုသလို စကားလုံးတွေက ထွက်မလာတော့ပါ။

၀၂. သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း သူ့အကြောင်းပါလာရင် ရင်ထဲမှာ လှိုက်ခနဲဖြစ်ပြီး ရင်တွေခုန်လာတယ်။

၀၃. သူ့အကြောင်း သိပ်သိချင်ပင်မယ့်လည်း သူ့အကြောင်းစိတ်မဝင်စားသလို ဟန်ဆောင်နေတတ်တယ်။

၀၄. သူ့ကို မထင်မှတ်ပဲ မြင်လိုက်ရတာနဲ့ စိတ်တွေက ကယောက်ကယက်ဖြစ်နေတယ်။

၀၅. သူ့က မသိတဲ့သူနဲ့ စကားပြောနေတာကို တွေ့လိုက်ရင်ပဲ ရင်ထဲကို ဓါးနဲ့ထိုးလိုက်သလို ခံစားရတယ်။

၀၆. သူ့ဆီက Message လေးတွေကို အမှတ်တရ သိမ်းထားတတ်တယ်။

၀၇. သူ့အိမ်နားမှာ သွားရင်းလာရင်းတွေ့သလို ဇာတ်လမ်းတွေ ဆင်နေတတ်ပြီ။

၀၈. သူနဲ့မျက်လုံးချင်း ဆိုင်မိပြီဆိုရင်ပဲ ရင်ထဲမှာ ဒုံး x 10000 ဖြစ်နေပြီ။

၀၉. သူနဲ့အလုပ်အတူတူလုပ်ရ၊ ကျောင်းအတူတူသွားရတာနဲ့တင် ကြိုးစားစိတ်တွေက တဖွာဖွားပေါ်လာတတ်တယ်။

၁၀. သူက ကိုယ့်ကို စိုက်ကြည့်နေပြီဆိုရင်ပဲ ကိုယ်ချစ်နေတာကို သူသိသွားပြီလားလို့ လျှောက်တွေးနေမိပြန်တယ်။

၁၁. သူက စကားစပြောလာပြန်တော့လည်း သူ့မျက်နှာလေးကိုကြည့်ပြီး ပြန်မပြောနိုင်ပါ။

၁၂. သူ့အကြောင်း အိမ်မက်တွေမက်ပြီး အိမ်ယာနိုးလာရင်တော့ ဘယ်လိုပြောရမှန်းကို မသိတော့ပါ။

၁၃. သူ့မှာ ရည်းစားရှိနေတယ်ဆိုရင်လည်း အားမလျှော့နိုင်သေးပါ။

၁၄. သူလုပ်သမျှ အားလုံး ချစ်စရာကောင်းလွန်းလို့ အကောင်းချည်းပဲလို့ ထင်တယ်။

၁၅. သူရယ်ပြုံးနေတာကိုတွေးပြီး သူ့အတွက် ကြိုးစားနေတယ်။

၁၆. သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို နားလည်အောင် ကြိုပြီး စဉ်းစာနေပြီ။

၁၇. သူ့အကြောင်းတွေးပြီး သူနဲ့လိုက်တဲ့ သီချင်းလေးတွေကို အမြဲနားထောင်နေမိတယ်။

၁၈. သူဆီကို ပို့မယ့် Msg တွေမှာ အမှားပါသွားမှာစိုးတော့ ထပ်ခါတလဲလဲ ပြန်စစ်နေမိတယ်။

၁၉. သူသတိထားမိစေဖို့ရန် ဆံပင်ပုံစံ၊ အင်္ကျီလေးတွေကို ပြောင်းကြည့်နေမိတယ်။

၂၀. သူဆီက အားပေးစကားတွေကို ကြားချင်တော့ သူအတွက် အလုပ်တွေကိုလုပ်ပေးနေမိတယ်။

၂၁. သူနဲ့ကိုယ်နဲ့ လိုက်လာဆိုတာကို ဗေဒင်တွေမေးပြီး ထပ်ခါတလဲလဲ ပြန်လည် သုံးသပ်နေမိတယ်။

၂၂. သူကြိုက်တတ်တဲ့ သူဝါသနာကိုလည်း ကိုယ့်ဝါသနာဖြစ်အောင် လေ့လာနေပြီ။



Credit: ChelmoTeam

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top