iMyanmarHouse.com - Best Property Website for Myanmar
×

Relationship တစ်ခု အဆုံးသတ်ရတဲ့ ခံစားချက်ကို ရင်ဆိုင်ရတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း တစ်ယောက်တည်း ဘဝကို ပိုင်ဆိုင်သွားတဲ့အခါ သင့်မှာ ရလာမယ့်

ကောင်းကျိုး (၈) ခုရှိပါတယ်။ ဒီအချက်တွေဟာ သင် Relatioship အဖြစ်ကနေ Single ဘဝကို ရလာမှာ တကယ် သတိထားမိလာမယ့် အရာတွေ ဖြစ်ပါတယ်။

၁။ အချိန်တွေပိုလာခြင်း

အရင်ကတော့ အလုပ်နဲ့ ချစ်သူကြား အချိန်တွေက ဘယ်လိုကုန်မှန်းမသိ ဖြစ်နေတတ်ပါတယ်။ အခုတော့ သင့်မှာ အချိန်တွေပိုလွန်းလို့ ဘယ်နားသွားသုံးရမှန်း မသိဖြစ်နေမှာပါ။

၂။ သူငယ်ချင်းများနှင့် အချိန်ဖြုန်းနိုင်ခြင်း

အရင်ကတော့ ချစ်သူကိုသာ ဦးစားပေးခဲ့ရတဲ့အတွက် သူငယ်ချင်းတွေကို အချိန်မပေးဖြစ်ခဲ့ပါဘူး။ အခုတော့ သင့်သူငယ်ချင်းတွေနဲ့ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကို သွားလာနိုင်ပြီဖြစ်ပါတယ်။

၃။ အချိန်မရွေးအိပ်ယာ ဝင်နိုင်ခြင်း

အရင်ကတော့ အိပ်တော့မယ်ဆိုရင် အနည်းဆုံးတော့ သူ့ဆီဖုန်းဆက်၊ မက်ဆေ့ပို့ရတတ်ပါတယ်။ အခုတော့ သင်ကြိုက်တဲ့အချိန် လွတ်လွတ်လပ်လပ် အိပ်နိုင်ပါပြီ။

၎။ မျှဝေစရာ မလိုခြင်း

 အဓိပ္ပါယ်ကတော့ ဘယ်သူ့အတွက်မှ ကြည့်နေစရာမလိုပဲ သင်စိတ်ကြိုက် တကိုယ်ကောင်းဆန်နိုင်ပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သင်ပိုင်တာ ဘာကိုမှ မျှဝေစရာ မလိုတော့ပါဘူး။

၅။ စိတ်ပူစရာမလိုခြင်း

သူ့အတွက်လည်း စိတ်မပူရတော့သလို သင့်အတွက်သင်လည်း စိတ်ပူနေစရာမလိုတော့ပါဘူး။ အရင်ကလို ဟိုလူ၊ ဒီလူနဲ့ အပြင်သွားတဲ့အခါ သူမကြိုက်မှာ ပူစရာ မလိုတော့ပါဘူး။

၆။ ပိုက်ဆံတွေ ပိုလာခြင်း

 မယုံမရှိပါနဲ့။ သင့်မှာ ပိုက်ဆံတွေ အရင်ကထက် ပိုလာပါလိမ့်မယ်။ လက်ထဲမှာ ငွေပိုငွေလျှံတွေ ရှိလာလို့ သင်စိတ်ကြိုက် ပစ္စည်းတွေ ဝယ်နိုင်ပါပြီ။

၇။ ဆရာကြီး ဖြစ်လာခြင်း

သူငယ်ချင်းတွေကြားမှာတော့ သင်က ဆရာကြီးပါပဲ။ အချစ်ရေး အဆင်မပြေ ဖြစ်နေသူတွေ သင့်ဆီလာပြီး အကြံဝိုင်းတောင်းကြမှာပါ။

၈။ ကိုယ့်ကိုကိုယ် ပိုသိလာခြင်း

ဒီအချိန်မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို အရင်ကထက် ပိုသိလာပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ပိုပြီး ပီပြင်လာတတ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top