iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ဳိ႕အမ်ဳိးသမီးေတြဟာ သူတို႔ရဲ႕ ဘဝမွာျပဳလုပ္မယ့္ အရာေတြကို ၾကိဳတင္အစီအစဥ္ေတြ ခ်မွတ္တတ္ၾကပါတယ္။ ဥပမာ- ၂၇ ႏွစ္မွာ ေစ့စပ္မယ္၊ ၃၀ ႏွစ္မွာ လက္ထပ္မယ္၊ ၃၁ ႏွစ္မွာ ကေလးယူမယ္ အဲလိုမ်ဳိးေတြေပါ့။ ဒါေပမယ့္ ဒီလို ဘဝမွာagenda ေတြ ထားရိွမယ္ဆိုရင္ သီအိုရီ အရေတာ့ အေကာင္းဆုံးနည္းလမ္းေတာ့ ျဖစ္ပါတယ္။ တစိုက္မတ္မတ္ေလွ်ာက္လွမ္းဖို႔မွာက်ေတာ့ မသင့္ေတာ္ျပန္ပါဘူး။ လူတိုင္းသိသင့္တဲ့ အခ်က္ေတြကေတာ့ အသက္ရွင္ေနတဲ့ ဘဝတစ္ေလွ်ာက္ ၁၀၀ ရာခိုင္ႏႈန္း ၾကိဳတင္ အစီအစဥ္ဆြဲလို႔မရတဲ့ အရာေတြ အမ်ားၾကီးရိွတယ္ဆိုတာကို နားလည္ဖို႔ အေရးၾကီးပါတယ္။ လူတိုင္း ကိုယ့္စိတ္ကူး အိပ္မက္ေတြဆီ ပညာရိွရိွ နဲ႔ ဂရုတစိုက္ လုပ္ကိုင္ဖို႔ ေရြးခ်ယ္သင့္ပါတယ္… ဒါေပမယ့္ အခ်ဳပ္အေႏွာင္ေတြၾကားကေန ၾကိဳးပမ္းေနတာမ်ဳိးေတာ့ မျဖစ္သင့္ပါဘူး။

ေအာက္မွာ ၾကိဳတင္အစီအစဥ္ေရးဆြဲထားျခင္းေတြ မလုပ္သင့္တဲ့အခ်က္ေလးေတြကို ေလ့လာၾကရေအာင္။

၁။ လက္ထပ္ျခင္း

သင္တကယ္လို႔ ၾကိဳတင္စာရင္းေတြျပဳစုထားမယ္ဆိုရင္ေတာ့ သင့္အတြက္ စိတ္လႈပ္ရွားစရာဆိုတာ ဒီေနရာမွာ ေပ်ာက္ကြယ္သြားလိမ့္မယ္။ ဘယ္လိုလူမ်ဳိးကို လက္ထပ္ရမယ္၊ ဘယ္ခ်ိန္မွာ လက္ထပ္ရမယ္ ဆိုတာမ်ဳိးကို အစီအစဥ္ဆြဲဖို႔ သင္ၾကိဳးစားမယ္ဆိုရင္ေတာ့ မသင့္ေတာ္တဲ့သူနဲ႔ သင္လက္ထပ္ႏိုင္ေခ်ပိုမ်ားပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ သင့္အခ်ိန္ဇယားက သင့္ကိုမ်က္စိကြယ္သြားေအာင္ လုပ္ျပီး သင့္အတြက္ ဘယ္ေနရာမသင့္ေတာ္ေၾကာင္း သင္ျမင္ႏိုင္စြမ္းမရိွေတာ့ေပ။ အဲဒါေၾကာင့္ တစ္သက္တခါလက္ထပ္ဖို႔ သင့္တန္ဖိုးကို သစၥာကတိထားယုံသက္သက္နဲ႔ အဆုံးရႈံးမခံပါနဲ႔လို႔ အၾကံေပးခ်င္ပါတယ္။

၂။ ကေလးယူျခင္း

သင္တစ္ေယာက္တည္း ကေလးယူျခင္းကိစၥေတြ ၾကိဳတင္အစီအစဥ္ဆြဲတာဟာ မွားယြင္းတဲ့အျပဳအမူပဲျဖစ္ပါတယ္။ ဒီဟာေတြ သင္လုပ္ေနျခင္းကေန စိတ္ဖိစီးမႈေတြအျပင္ သင္ဘာမွရလာမွာ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။

၃။ သင့္ဘဝအတြက္ အတပ္မက္ဆုံးအရာကို ရွာေဖြျခင္း

ဘယ္သူမဆို ဘဝကို အဓိပၸာယ္ရိွရိွနဲ႔ ေနခ်င္ၾကတဲ့သူေတြခ်ည္းပါပဲ။ ဒါေပမယ့္ ဘယ္ခ်ိန္ဘာျဖစ္မယ္ဆိုျပီး ကိုယ္အျဖစ္ခ်င္ဆုံးဘဝကို ဒီအခ်ိန္မွာျဖစ္မယ္ဆိုျပီးေတာ့ တသမတ္တည္း စိတ္ပုိင္းျဖတ္ထားမယ္ဆိုရင္ေတာ့ အခ်ဳပ္အေႏွာင္တစ္ခုၾကားထဲ သင္ရုန္းကန္ေနရတာပဲ အဖတ္တင္လိမ့္မယ္။ ဘယ္အခ်ိန္မွာမဆို သင္ႏွစ္သက္တဲ့အရာေတြအေပၚ စိတ္ေရာကိုယ္ပါ ၾကိဳးစားအားထုတ္ဖို႔ကသာ အဓိကက်တာပါ။

၄။ ဒီအရြယ္ေရာက္ရင္ အျပီးလုပ္ေဆာင္ႏိုင္ရမယ္ ဆိုျပီး စာရင္းျပဳစုျခင္း

သင္သာ စက္ရုပ္ျဖစ္မယ္ဆိုရင္ေတာ့ သက္တမ္းတေလွ်ာက္ လုပ္စရာစရင္းေတြ သူ႔အခ်ိန္နဲ႔သူျပီးသြားမွာေပါ့။ ဒါေပမယ့္ သင္ဟာ လူသားစစ္စစ္ဆိုတာေတာ့ ေမ့မထားသင့္ပါဘူး။ ကိစၥတစ္ခု ဘယ္ခ်ိန္ျဖစ္လာမယ္ ဘယ္လိုျဖစ္လာမယ္ဆိုျပီး အစီအစဥ္ သတ္မွတ္လြန္းတာက်ေတာ့ အထင္ၾကီးစရာ တကယ္ေတာ့ မေကာင္းပါဘူး။ အၾကံေပးခ်င္တာကေတာ့ သင့္ဘဝရဲ႕ အံစာတုံးကို လွိမ့္လိုက္ပါ… သင့္ရဲ႕လမ္းေၾကာင္းမွာ ရိွတဲ့ ေကာင္းတဲ့အရာေတြ ေတြ႕တယ္ဆိုရင္ ဖြင့္ၾကည့္ေပါ့ လို႔ပဲေျပာခ်င္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



 #Unicode Version

တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံးနည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်းသိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ်ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

အောက်မှာ ကြိုတင်အစီအစဉ်ရေးဆွဲထားခြင်းတွေ မလုပ်သင့်တဲ့အချက်လေးတွေကို လေ့လာကြရအောင်။

၁။ လက်ထပ်ခြင်း

သင်တကယ်လို့ ကြိုတင်စာရင်းတွေပြုစုထားမယ်ဆိုရင်တော့ သင့်အတွက် စိတ်လှုပ်ရှားစရာဆိုတာ ဒီနေရာမှာ ပျောက်ကွယ်သွားလိမ့်မယ်။ ဘယ်လိုလူမျိုးကို လက်ထပ်ရမယ်၊ ဘယ်ချိန်မှာ လက်ထပ်ရမယ် ဆိုတာမျိုးကို အစီအစဉ်ဆွဲဖို့ သင်ကြိုးစားမယ်ဆိုရင်တော့ မသင့်တော်တဲ့သူနဲ့ သင်လက်ထပ်နိုင်ချေပိုများပါတယ်။ အကြောင်းပြချက်ကတော့ သင့်အချိန်ဇယားက သင့်ကိုမျက်စိကွယ်သွားအောင် လုပ်ပြီး သင့်အတွက် ဘယ်နေရာမသင့်တော်ကြောင်း သင်မြင်နိုင်စွမ်းမရှိတော့ပေ။ အဲဒါကြောင့် တစ်သက်တခါလက်ထပ်ဖို့ သင့်တန်ဖိုးကို သစ္စာကတိထားယုံသက်သက်နဲ့ အဆုံးရှုံးမခံပါနဲ့လို့ အကြံပေးချင်ပါတယ်။

၂။ ကလေးယူခြင်း

သင်တစ်ယောက်တည်း ကလေးယူခြင်းကိစ္စတွေ ကြိုတင်အစီအစဉ်ဆွဲတာဟာ မှားယွင်းတဲ့အပြုအမူပဲဖြစ်ပါတယ်။ ဒီဟာတွေ သင်လုပ်နေခြင်းကနေ စိတ်ဖိစီးမှုတွေအပြင် သင်ဘာမှရလာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

၃။ သင့်ဘဝအတွက် အတပ်မက်ဆုံးအရာကို ရှာဖွေခြင်း

ဘယ်သူမဆို ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ နေချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် ဘယ်ချိန်ဘာဖြစ်မယ်ဆိုပြီး ကိုယ်အဖြစ်ချင်ဆုံးဘဝကို ဒီအချိန်မှာဖြစ်မယ်ဆိုပြီးတော့ တသမတ်တည်း စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင်တော့ အချုပ်အနှောင်တစ်ခုကြားထဲ သင်ရုန်းကန်နေရတာပဲ အဖတ်တင်လိမ့်မယ်။ ဘယ်အချိန်မှာမဆို သင်နှစ်သက်တဲ့အရာတွေအပေါ် စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်ဖို့ကသာ အဓိကကျတာပါ။

၄။ ဒီအရွယ်ရောက်ရင် အပြီးလုပ်ဆောင်နိုင်ရမယ် ဆိုပြီး စာရင်းပြုစုခြင်း

သင်သာ စက်ရုပ်ဖြစ်မယ်ဆိုရင်တော့ သက်တမ်းတလျှောက် လုပ်စရာစရင်းတွေ သူ့အချိန်နဲ့သူပြီးသွားမှာပေါ့။ ဒါပေမယ့် သင်ဟာ လူသားစစ်စစ်ဆိုတာတော့ မေ့မထားသင့်ပါဘူး။ ကိစ္စတစ်ခု ဘယ်ချိန်ဖြစ်လာမယ် ဘယ်လိုဖြစ်လာမယ်ဆိုပြီး အစီအစဉ် သတ်မှတ်လွန်းတာကျတော့ အထင်ကြီးစရာ တကယ်တော့ မကောင်းပါဘူး။ အကြံပေးချင်တာကတော့ သင့်ဘဝရဲ့ အံစာတုံးကို လှိမ့်လိုက်ပါ… သင့်ရဲ့လမ်းကြောင်းမှာ ရှိတဲ့ ကောင်းတဲ့အရာတွေ တွေ့တယ်ဆိုရင် ဖွင့်ကြည့်ပေါ့ လို့ပဲပြောချင်ပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top