iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေဟာ ရာသီလာစဉ်ကာလအတွင်း ခံစားချက်ပြင်းထန်တာ အမျိုးသားတွေတောင် သိတာမို့ ဒီလိုအချိန်မျိုးမှာ မလုပ်သင့်တဲ့အရာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားအားကစား

ဒီလိုအချိန်မှာ တစ်ကိုယ်လုံး ဖောသွပ်သွပ်ဖြစ်နေတတ်ပါတယ်။ ပြီးရင်တော့ ပြန်လည်တင်းရင်းကျစ်လစ်သွားမှာမို့ မဖြစ်မနေ လေ့ကျင့်ခန်းလုပ်ဖို့တော့ မလိုအပ်ပါဘူး။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရင်း ကိုယ့်အားကစားဝတ်စုံလေး ညစ်ပေလွှတ်ပစ်လိုက်ရဖို့က ပိုများနေတယ်လေ။

ချောကလက်တွေ အများကြီးစားခြင်း

လူတွေ ပြောသမျှစကားကို မယုံပါနဲ့။ ကိုယ့်ရဲ့ ရာသီစက်ဝန်းအတွင်းမှာ ချောကလက်တွေ အများကြီး စားရတယ်ဆိုတာမျိုးပေါ့။ ဒါတွေစားလိုက်လို့လည်း ကိုယ့်ခံစားချက်က ပိုပြီးကောင်းလာမှာ မဟုတ်ပါဘူး။

ရေခဲမုန့်

ရေခဲမုန့့််တွေ အများကြီး စားချင်တတ်ပေမယ့် နို့ထွက်အစားအစာတွေမှာ အဆီဓါတ်တွေ အများကြီးပါတာကြောင့် ၀တုတ်ဖြစ်သွားဖို့က များပါတယ်။ အရမ်းစားချင်နေရင်တော့ သကြားထည့်တာခြင်းမရှိတဲ့ ရေခဲမှုန့် ၁ ဇွန်း ၂ ဇွန်းလောက်သာ စားပါ။

ကော်ဖီ

ကော်ဖီစွဲနေတဲ့သူဆိုရင် ၃ ၄ ရက်လောက် ကော်ဖီဖြတ်ထားဖို့ အတော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကဖိန်းဓါတ်ဟာ ရာသီသွေးပုံမှန်ပေါ်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဆရာဝန်တွေ အဆိုအရ ဒီလိုအချိန်မှာ ကော်ဖီသောက်သုံးတာဟာ အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျသလိုခံစားရခြင်းတွေကိုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကဖိန်းဓါတ်ပါတဲ့ ကော်ဖီ၊ စွမ်းအားပြည့်အချိုရည်တွေကို ရှောင်ကြည်သင့်ပါတယ်။

အရက်

အရက်ဟာ သွေးဆင်းမှုကို ပိုမိုများပြားအောင် တွန်းအားပေးတာကြောင့် နေထိုင်မကောင်းဖြစ်စေပါတယ်။ အရက်တစ်ခွက်လောက် သောက်ရုံနဲ့ သိသာစေတာမို့ ရှောင်ကြဉ်ဖို့လိုပါတယ်။

ဆီကြော်အစားအစာများ

ဒီလိုအချိန်မှာ ဆီကြော်အစားအစာတွေ စားသုံးတာဟာလည်း မအီအသာဖြစ်စေတာကြောင့် ရှောင်သင့်ပါတယ်။

ထိပ်တိုက်တွေ့ခြင်းများ

သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အငြင်းအခုံမလုပ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ်တကယ် မရည်ရွယ်ဘဲ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ့်သူငယ်ချင်းအချင်းချင်း ၀မ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတတ်ပါတယ်။

အိမ်မှုကိစ္စများ

မီးဖိုချောင်ထဲက အမှိုက်တွေ၊ ရေချိုးခန်းထဲက လျှော်စရာအ၀တ်တွေက ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရာသီသွေးပေါ်နေချိန်မျိုးမှာ ကိုယ့်ကိုကိုယ် ၀မ်းနည်းစရာ၊ စိတ်ပင်ပမ်းစရာတွေ မဖြစ်ပါစေနဲ့။ အရှုပ်ထုတ်တွေကိုလည်း ဒီအတိုင်းပဲထားလိုက်ပြီး အိပ်ယာပေါ်မှာ စာအုပ်ဖတ်တာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးသာ လုပ်ပစ်လိုက်ပါ။

Credit : Thit Htoo Lwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top