iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တင္းေႏွာျခင္းက မိန္းကေလးေတြကုိ လွပလာေစတယ္ဆုိတာ မယံုမရွိပါနဲ႕။ ခုလုိ လွပေစျခင္းရဲ႕ အေၾကာင္းရင္းေတြကေတာ့

-ခ်စ္တင္းေႏွာျခင္းေၾကာင့္ ထြက္ရွိတဲ့ အီစထရုိဂ်င္ ေဟာ္မုန္းက အေရျပားနဲ႔ ဆံပင္ က်န္းမာေရးကုိ အေထာက္အကူျပဳပါတယ္။ ေကာ္လင္ဂ်င္ ထြက္ရွိမႈေၾကာင့္လည္း အေရျပားကုိ ပုိမုိ ႏူးညံ့ေစျပီး တင္းရင္းေစပါတယ္လို႔ Journal of Pharmacological ရဲ႔ ေလ့လာမႈ တစ္ရပ္ကဆုိပါတယ္။

-ခ်စ္တင္းေႏွာျခင္းက အားကစားခန္းမမွာ သြားကစားသလုိပဲ ေခၽြးထြက္ျပီး ေမာပန္းတာေၾကာင့္ အမ်ဳိးသမီးေတြအတြက္ ခ်စ္တင္းေႏွာခ်ိန္ တစ္မိနစ္တုိင္းမွာ ၃.၁ ကယ္လုိရီ ေလာင္ကၽြမ္းေစတယ္လို႔ သုေတသီေတြက ဆုိပါတယ္။ဒါေၾကာင့္ ပုံမွန္ ခ်စ္တင္းေႏွာျခင္းက ကုိယ္အေလးခ်ိန္က်ဆင္းေစျပီး ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈ တုိးေစပါတယ္။

-စိတ္ဖိစီးမႈက မ်က္ႏွာေပၚမွာ ေပၚတတ္ျပီး ထိုင္းမႈိင္းေစသလုိ ပင္ပန္းတဲ့ အသြင္ကိုလည္း ေပၚေစပါတယ္။ခ်စ္တင္းေႏွာျပီး စိတ္ေက်နပ္မႈ ရတဲ့အခ်ိန္မွာ  ေအာက္ဆီတုိနင္ ေဟာ္မုန္းထြက္ရွိျပီး ေအာက္ဆီတုိနင္က စိတ္ဖိစီးမႈ ေဟာ္မုန္းျဖစ္တဲ့ ေကာ္တီေစာ ေဟာ္မုန္းထြက္ရွိမႈကို ေလ်ာ့နည္းေစပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈကင္းျပီး ၾကည္လင္လန္းဆန္းတဲ့ မ်က္ႏွာမ်ဳိး ရရွိေစပါတယ္။

-ေနာက္ထပ္လွပေစတဲ့အေၾကာင္းကေတာ့ အမ်ဳိးသမီးမ်ား ခ်စ္တင္းေႏွာစဥ္မွာ ထြက္ရွိတဲ့ ဖီရုိမုန္းေဟာ္မုန္းေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီေဟာ္မုန္းက ဆန္႔က်င္ဘက္လိင္ကို ပိုျပီးဆြဲေဆာင္ႏုိင္တဲ့ ေဟာ္မုန္းဓာတ္ တစ္မ်ဳိးျဖစ္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ချစ်တင်းနှောခြင်းက မိန်းကလေးတွေကို လှပလာစေတယ်ဆိုတာ မယုံမရှိပါနဲ့။ ခုလို လှပစေခြင်းရဲ့ အကြောင်းရင်းတွေကတော့

-ချစ်တင်းနှောခြင်းကြောင့် ထွက်ရှိတဲ့ အီစထရိုဂျင် ဟော်မုန်းက အရေပြားနဲ့ ဆံပင် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကော်လင်ဂျင် ထွက်ရှိမှုကြောင့်လည်း အရေပြားကို ပိုမို နူးညံ့စေပြီး တင်းရင်းစေပါတယ်လို့ Journal of Pharmacological ရဲ့ လေ့လာမှု တစ်ရပ်ကဆိုပါတယ်။

-ချစ်တင်းနှောခြင်းက အားကစားခန်းမမှာ သွားကစားသလိုပဲ ချွေးထွက်ပြီး မောပန်းတာကြောင့် အမျိုးသမီးတွေအတွက် ချစ်တင်းနှောချိန် တစ်မိနစ်တိုင်းမှာ ၃.၁ ကယ်လိုရီ လောင်ကျွမ်းစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ဒါကြောင့် ပုံမှန် ချစ်တင်းနှောခြင်းက ကိုယ်အလေးချိန်ကျဆင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။

-စိတ်ဖိစီးမှုက မျက်နှာပေါ်မှာ ပေါ်တတ်ပြီး ထိုင်းမှိုင်းစေသလို ပင်ပန်းတဲ့ အသွင်ကိုလည်း ပေါ်စေပါတယ်။ချစ်တင်းနှောပြီး စိတ်ကျေနပ်မှု ရတဲ့အချိန်မှာ  အောက်ဆီတိုနင် ဟော်မုန်းထွက်ရှိပြီး အောက်ဆီတိုနင်က စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီစော ဟော်မုန်းထွက်ရှိမှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကင်းပြီး ကြည်လင်လန်းဆန်းတဲ့ မျက်နှာမျိုး ရရှိစေပါတယ်။

-နောက်ထပ်လှပစေတဲ့အကြောင်းကတော့ အမျိုးသမီးများ ချစ်တင်းနှောစဉ်မှာ ထွက်ရှိတဲ့ ဖီရိုမုန်းဟော်မုန်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းက ဆန့်ကျင်ဘက်လိင်ကို ပိုပြီးဆွဲဆောင်နိုင်တဲ့ ဟော်မုန်းဓာတ် တစ်မျိုးဖြစ်ပါတယ်။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top