iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်ထဲ ရေဓာတ်လွန်ကဲမှု ဖြေရှင်းပေးတဲ့ ပိုတက်စီယမ်နဲ့ ဇီဝဖြစ်ပျက်မှု မြန်ဆန်စေတဲ့ အမျှင်ဓာတ်တွေကြောင့် ငှက်ပျောသီးက ကိုယ်အလေးချိန်လျှော့ချဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ သဘာဝ သကြားဖြစ်တဲ့ သစ်သီးသကြား၊ ကြံသကြားနဲ့ ဆေးသကြားက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ငှက်ပျောသီးက မကြာခဏဗိုက်ဆာမှု ပြေပျောက်စေပြီး ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အစာခြေချက်မှု ပိုမိုအားကောင်းစေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

·         လိမ္မော်သီး (၁) လုံး

·         ငှက်ပျောသီး (၁) လုံး

·         ဒိန်ချဉ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း

·         နှမ်းကြတ်စေ့ လက်ဖက်ရည်ဇွန်း (၂) ဇွန်း

ပါဝင်ပစ္စည်းတွေကို သစ်သီးပျော်စက်ထဲထည့်ပြီး ကောင်းစွာ ရောစပ်ရုံသာ ဖြစ်ပါတယ်။ အဲဒီဖျော်ရည်ကို မနက်စာ အဖြစ်သုံးဆောင်ပါ။ ခါးတစ်ဝိုက် စုပုံလာတဲ့ အဆီတွေ စုပ်ယူဖျက်ဆီးပစ်ပါလိမ့်မယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top