iMyanmarHouse.com - Best Property Website for Myanmar
×

အချိန်တမင်တကာပေးပြီး လေ့ကျင့်ရတာ အကျင့်မရှိတဲ့လူတွေ အတွက် မလွယ်ပါဘူး။ လေ့ကျင့်ခန်းတွေဟာ လုပ်နေကျ မဟုတ်တာကြောင့် ပိုတောင် မလုပ်ဖြစ်တော့ပါဘူး။ ဒီ့အတွက် နေ့စဉ်ခြေလှမ်း ၁၀၀၀ လမ်းလျှောက်တာဟာ အဆင်ပြေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အလုပ်ကိုသွားရင် နှစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်တာမျိုး၊ ပုံမှန်လျှောက်နေကျခရီးကို ၁၀ မိနစ်လောက် ကွေ့ပတ်လျှောက်တာမျိုးနဲ့ ဖန်တီးယူလို့ရပါတယ်။

 ကျင့်သားရသွားတဲ့အခါ ၁၀၀၀ ကနေ ခြေလှမ်းတွေ တိုးတိုးပြီး လျှောက်သွားသင့်ပါတယ်။ နေ့စဉ် ခြေလှမ်း တစ်သောင်းလျှောက်ရင် တစ်ပတ်ကို ကယ်လိုရီ ၂၀၀၀ ကနေ ၃၅၀၀ လောင်ကျွမ်းပါတယ်။ တစ်ပေါင်ကျချင်ရင် ကယ်လိုရီ ၃၅၀၀ လောင်ကျွမ်းဖို့လိုပါတယ်။ ခြေလှမ်းတွေကို ရေတွက်ဖို့အတွက်ကတော့ အပ်ပလီကေးရှင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ WalkLogger pedometer, Noom Walk Pedometer, Runtastic Pedometer Step Count လိုအပ်တွေက အဆင်ပြေပါတယ်။ Google Store မှာ အဆိုပါနာမည်တွေကို ရိုက်ပြီး ရှာဖွေလို့ရပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top