iMyanmarHouse.com - Best Property Website for Myanmar
×

ပုံမှန်လေ့ကျင့်ခန်းလုပ်သည့် သက်ကြီးရွယ်အိုများသည် ထိခိုက်ဒဏ် ရာရပြီးနောက် ကြွက်သားများပို၍ လျင်မြန်စွာ ပြန်ကောင်းရန် အ ထောက်အကူရပြီး ကြွက်သားများအကာအကွယ်ဖြစ်စေကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။


ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် ဟမ်မီလ်တန်မြို့ရှိ မက် မစ္စတာတက္ကသိုလ်မှ သုတေသီများ၏လေ့လာမှုကို The FASEB ဂျာနယ်တွင် ဖော်ပြထားသည်။

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သက်ကြီးရွယ်အိုများတွင် တွေ့ ရသော အရိုးနှင့်ဆိုင်သည့် ကြွက်သားများယုတ်လျော့မှုကို နှေးကွေး သွားစေနိုင်ကြောင်း သုတေသီများက ပြောသည်။

လူသားများနှင့် ကြွက်များအပါအဝင် နို့တိုက်သတ္တဝါများသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကြွက်သားများ သူ့အလိုလို ပြန်ကောင်းနိုင်မှု အမြန်နှုန်းနှေးကွေးသွားလေ့ရှိသည်။ အချို့သော အသက်အရွယ်အပိုင်းအခြားတွင် အရိုးနှင့် ဆက်စပ်သော ကြွက် သားများသည် ပြီးပြည့်စုံအောင် ပြန်လည်ကောင်းမွန်လာနိုင်ခြင်း မရှိကြောင်း သိရသည်။

သီတင်းရှစ်ပတ်ကြာ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သား များ ပြန်လည်ကောင်းမွန်မှု လျင်မြန်ပြီး ကြွက်သားထုပိုများလာ ကြောင်း သုတေသီများက ပြောသည်။

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကြွက်သားများ၏ အင်အားလျှော့ကျလာသော်လည်း လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ကြောင့် လေ့ကျင့်ခန်းမလုပ်သူများထက် ကြွက်သားအင်အားယုတ် လျှော့မှုကို ပို၍ ထိန်းသိမ်းနိုင်ကြောင်း သုတေသီများက ပြောသည်။

ယေဘုယျအားဖြင့် ကိုယ်လက်ကြံ့ခိုင်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှု ကို အနှောင့်အယှက်ဖြစ်စေသော ကျန်းမာရေးအခြေအနေမရှိသည့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားလုပ်ခြင်း ဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။

Credit:7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top