iMyanmarHouse.com - Best Property Website for Myanmar
×

အဝတ္အစားေတြကို မဝတ္ခင္ ေလွ်ာ္ဖြတ္သင့္တဲ့ အေၾကာင္းရင္းႏွစ္ခုရွိိတယ္လုိ႔ အဝတ္အစားထုတ္လုပ္ေရး ပညာရွင္ လန္နာဟုဂ္က ေျပာျပခဲ့တာပါ။

ပထမအေၾကာင္းျပခ်က္က အဲဒီအဝတ္အစားကို ဆုိင္မွာ တင္ထားစဥ္မွာ အႀကိမ္ႀကိမ္ စမ္းဝတ္ၾကည့္ထားႏုိင္တာ ျဖစ္တဲ့အတြက္ ပိုးမႊားေတြ အမ်ားႀကီး ကပ္ၿငိပါလာႏုိင္ပါတယ္။

ဒါေပမဲ့ ပိုအေရးႀကီးတဲ့ ျပႆနာက အဝတ္အစားတုိင္းမွာ အသားအေရနဲ႔ထိရင္ ဆိုးရြားတဲ့ ေဘးထြက္ဆုိးက်ဳိးေတြ ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြ ပါဝင္ေနတဲ့အတြက္ ျဖစ္ပါတယ္။

"အဝတ္အစားေတြကို မဝတ္ခင္ ေရေလွ်ာ္သင့္တယ္။ အထူးသျဖင့္ အသားနဲ႔ တုိက္႐ိုက္ထိေတြ႕တဲ့ အဝတ္အစားေတြေပါ့။ အဝတ္စကို ေဆးဆိုးတဲ့အခါနဲ႔ ခ်ည္ခင္ကို အၿပီးသတ္တဲ့အခါ ဓာတုပစၥည္းေတြကို သံုးထားတယ္" လို႔ လန္နာက ဆုိပါတယ္။

အဲဒီဓာတုပစၥည္းေတြေၾကာင့္ အေရျပားနာက်င္ေရာင္ရမ္းျခင္း၊ အင္ျပင္ထျခင္းတုိ႔လို အေရျပားဆုိင္ရာ ျပႆနာေတြ ျဖစ္ႏုိင္ပါတယ္။

ဒါ့အျပင္ အဝတ္အစားထုတ္လုပ္မႈ လုပ္ငန္းစဥ္တစ္ရပ္လုံးမွာ ဓာတုပစၥည္းေတြကို သံုးရတယ္လို႔ လန္နာက ရွင္းျပပါတယ္။

"ခ်ည္သားစစ္စစ္မို႔လို႔ ဘာမွမျဖစ္ဘူးလို႔လည္း မထင္သင့္ပါဘူး။ သဘာဝခ်ည္ခင္ေတြမွာေတာင္ ေကာ့စတစ္ဓာတုပစၥည္းေတြ သံုးဖို႔ လိုအပ္တယ္လို႔ လန္နာက ရွင္းျပပါတယ္။

အဲဒီေတာ့ ဓာတုပစၥည္းေတြ ကုန္စင္ေအာာင္ အဝတ္အစားသစ္ေတြကို မဝတ္ခင္မွာ ေလွ်ာ္ဖြတ္ၾကပါလို႔ လန္နာက တုိက္တြန္းထားပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အဝတ်အစားတွေကို မဝတ်ခင် လျှော်ဖွတ်သင့်တဲ့ အကြောင်းရင်းနှစ်ခုရှိတယ်လို့ အဝတ်အစားထုတ်လုပ်ရေး ပညာရှင် လန်နာဟုဂ်က ပြောပြခဲ့တာပါ။

ပထမအကြောင်းပြချက်က အဲဒီအဝတ်အစားကို ဆိုင်မှာ တင်ထားစဉ်မှာ အကြိမ်ကြိမ် စမ်းဝတ်ကြည့်ထားနိုင်တာ ဖြစ်တဲ့အတွက် ပိုးမွှားတွေ အများကြီး ကပ်ငြိပါလာနိုင်ပါတယ်။

ဒါပေမဲ့ ပိုအရေးကြီးတဲ့ ပြဿနာက အဝတ်အစားတိုင်းမှာ အသားအရေနဲ့ထိရင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ဖြစ်ပါတယ်။

"အဝတ်အစားတွေကို မဝတ်ခင် ရေလျှော်သင့်တယ်။ အထူးသဖြင့် အသားနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အဝတ်အစားတွေပေါ့။ အဝတ်စကို ဆေးဆိုးတဲ့အခါနဲ့ ချည်ခင်ကို အပြီးသတ်တဲ့အခါ ဓာတုပစ္စည်းတွေကို သုံးထားတယ်" လို့ လန်နာက ဆိုပါတယ်။

အဲဒီဓာတုပစ္စည်းတွေကြောင့် အရေပြားနာကျင်ရောင်ရမ်းခြင်း၊ အင်ပြင်ထခြင်းတို့လို အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အဝတ်အစားထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ ဓာတုပစ္စည်းတွေကို သုံးရတယ်လို့ လန်နာက ရှင်းပြပါတယ်။

"ချည်သားစစ်စစ်မို့လို့ ဘာမှမဖြစ်ဘူးလို့လည်း မထင်သင့်ပါဘူး။ သဘာဝချည်ခင်တွေမှာတောင် ကော့စတစ်ဓာတုပစ္စည်းတွေ သုံးဖို့ လိုအပ်တယ်လို့ လန်နာက ရှင်းပြပါတယ်။

အဲဒီတော့ ဓာတုပစ္စည်းတွေ ကုန်စင်အောာင် အဝတ်အစားသစ်တွေကို မဝတ်ခင်မှာ လျှော်ဖွတ်ကြပါလို့ လန်နာက တိုက်တွန်းထားပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top