iMyanmarHouse.com - Best Property Website for Myanmar
×

စိတ်ပညာရပ်ဆိုင်ရာလေ့လာမှုတွေ အဆင့်မြင့် တိုးတက်လာတဲ့အခါ ယနေ့မျက်မျောက်ခေတ်မှာ ဒီလူဟာ တက်ကြွပြီး စိတ်အားထက်သန်သူလား၊ ထင်ရှားသူလား၊ အောင်နိုင်သူလား ဒါမှမဟုတ် ရှုံးနိမ့်သူလားဆိုတာ အဝတ်အစား၊ ကြိုက်နှစ်သက်တဲ့ အရောင် သို့မဟုတ် မျက်နှာအမူအရာတွေအားဖြင့် ပြောနိုင်ပါတယ်။

တီရှပ်အနီ၊ ရှပ်အင်္ကျီအနီ သို့မဟုတ် နက်ကတိုင်အနီရောင် ဝတ်ဆင်တတ်တဲ့ အမျိုးသားတွေဟာ တက်ကြွ ထက်သန်ပြီး သြဇာကြီးသူတွေ ဖြစ်ကြကာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့အပြင် တခြားအမျိုးသားတွေကို မနာလိုဝန်တိုစေတယ်ကြောင်း သက်သေအထောက်အထားကနေ တွေ့ရပါတယ်။  သုတေသီများအနေနဲ့ အမျိုးသား ၅၀ နဲ့ အမျိုးသမီး ၅၀ ကို သေချာလေ့လာခဲ့တာပါ။ သူတို့ကို ရှပ်အကျီင်္အနီ၊ အဖြူနဲ့ မီးခိုးရောင်တွေ ဝတ်ဆင်ထားတဲ့ အမျိုးသားတွေရဲ့ဓာတ်ပုံတွေကို ပေးထားပါတယ်။ ဓာတ်ပုံထဲက အမျိုးသား အားလုံးတို့အပေါ် ပထမဦးဆုံး စိတ်ခံစားချက်ကို ပြန်လည်ဝေမျှရန် ဖြစ်ပါတယ်။

အဝတ်အစား အရောင်အဆင်းကနေ လူ့စိတ်လှုံ့ဆော်မှုကို ဘယ်လို အကျိုးသက်ရောက်စေလဲ၊ သူတို့ တကယ် ထင်မြင်ယူဆတဲ့အချက်ကို ပြောဆိုရမှာ ဖြစ်ပါတယ်။ စမ်းသပ်ခံသူအားလုံးဆီက ရှပ်အကျီအနီနဲ့ အမျိုးသား များကြာင်း ထင်မြင်ချက် တစ်ခုတည်းကို တစ်ညီတစ်ညွတ်တည်းဆိုကြပြီး  ရှပ်နီနဲ့ အမျိုးသားတွေဟာ သြဇာကြီးတယ်၊ မိမိကိုယ်မိမိယုံကြည်မှုရှိတယ်၊ ကြံ့ခိုင်တယ်၊ တက်ကြွထက်သန်ပြီး သူတို့လိုချင်တဲ့အရာကို ကောင်းစွာသိနားလည်တဲ့ စရိုက်ညဉ်တွေ ရှိကြကြောင်း ပြောဆိုကြပါတယ်။ ဒါပေမယ့် လူတွေ ကြောက်စိတ် ဖြစ်အောင် လှုံ့ဆော်ကြသူတွေလည်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top