iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်ထောင်တစ်ခုကို ထူထောင်တဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ ပြသနာတက်၊ စကားများတာမျိုးတွေတော့ ကြုံတွေ့ရနိုင်တာ မလွဲမသွေပါ။ အဲ့ဒီလို ပြသနာတွေကနေပဲ တစ်ဦးနဲ့တစ်ဦး နားလည်မှု ပိုရအောင်ယူပြီး သူကြိုက်တာ၊ သူမကြိုက်တာတွေကို ပိုသိလာနိုင်သလို ပိုဆောင်နိုင် ရှောင်နိုင်ဖြစ်လာတာမျိုး ဆိုရင်တော့ ခုလို ပြသနာတက်တာ မဆိုးဘူးလို့ ပြောရမှာပေါ့။ အဲ့ဒီလို မဟုတ်ပဲ ဘာမှမဟုတ်တဲ့အရာနဲ့ ပြသနာအကြီးအကျယ် တက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုအမုန်းပွားစေမယ့် စကားလုံးတွေနဲ့ တိုက်ခိုက်ရန်ထောင်နေမယ်၊ တစ်ယောက် အားနည်းချက်ကို တစ်ယောက်က ထောက်ပြပြောဆိုနေမယ်ဆိုရင်တော့ ဒီရန်ပွဲဟာ နောက်နောင် ပြသနာပိုတက်စေမှာ အသေအချာပါပဲ။ ဒီတော့ အိမ်ထောင်သည်စုံတွဲတွေ ပြသနာတက်တဲ့အခါ ပါးစပ်က လုံးဝမပြောသင့်တဲ့ အရာတစ်ခု ရှိနေပါတယ်။

အဲ့ဒါကတော့ ကွာရှင်းပြတ်စဲမယ်ဆိုတဲ့ စကားပါပဲ။ တစ်ဖက်လူ ပါးစပ်ပိတ်သွားစေဖို့၊ ဒါမှမဟုတ် ကိုယ်အနိုင်ရချင်တဲ့ စိတ်နဲ့ ကွာရှင်းမယ် ဆိုတဲ့စကားကို အလွယ်တကူ ထုတ်ပြောတတ်ကြပါတယ်။ ခုလို ပြောဆိုလိုက်ခြင်းဟာ အဲ့ဒီ ငြင်းခုန်မှုကို ရပ်မသွားစေတဲ့အပြင် ပြသနာပိုလို့ ကြီးထွားသွားစေနိုင်ပါတယ်။ တကယ်လို့ သင်အဲ့ဒီလို ပြောလိုက်တဲ့ ပြသနာချက်ချင်းပြီးသွားမယ်ဆိုလည်း အဲ့ဒီအချိန်ခဏလေးပါပဲ။ နောက်ပိုင်း ကွာရှင်းမယ်ဆိုတဲ့ စကားကို တစ်ဖက်လူက အမြဲမှတ်သားစွဲလန်းသွားပြီး အဲ့ဒီဘက်ကို ခေါင်းတည်ပြသနာထပ်ဖြစ်နိုင်ပါ တယ်။

သင့်နှုတ်ခမ်းက အိမ်ထောင်ဖက်အပေါ်အနိုင်ရချင်ဇော နဲ့ ကွာရှင်းမယ်လို့ ပြောလိုက်ပြီ ဆိုရင် နှစ်ဦးကြားဖြစ်လာနိုင် တာက စိတ်ဖိစီးမှုတွေနဲ့ ဒေါသတွေပါပဲ။ ဒီလိုပြောခြင်းဟာ တစ်ဖက်လူက ငါ့ကို ဒီလောက်တောင် ပြောထွက်ပါလား ဆိုတဲ့ အတွေးမျိုး ရသွားစေတာမို့ သင့်ကို ကွာပေးလိုက်ရမလား  ဒါမှမဟုတ် ဆက်မချစ်သင့်တော့ဘူးလား ဆိုတဲ့ အတွေးမျိုးကို ရိုက်သွင်းလိုက်သလိုလည်း ဖြစ်သွားပါတယ်။ သင့်ဘက်က သူ့ကို ချစ်ရဲ့သားနဲ့ ခဏတာ ဒေါသလေးကြောင့်သာ ကွာရှင်းမယ့်အကြောင်း ပြောလိုက်တယ်ဆိုရင် ဒါဟာ နှစ်ယောက်စလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို သွားနေတဲ့ လမ်းစဖြစ်သွားပါတယ်။

အိမ် ထောင်ရေးတစ်ခုမှာ အိမ်ထောင်ဖက်တွေဟာ တစ်ချိန်လုံး ပျော်ရွှင်ချစ်ခင်နေတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့တွေဟာ အခက်အခဲတွေကို ကြုံရမယ်၊ စိတ်ပျက်ဝမ်းနည်းစရာတွေကို ကြုံရနိုင်သလို စိတ်ဓာတ်ကျ အားငယ်တဲ့ အခြေအနေမျိုးတွေလည်း ကြုံရမှာပါ။ ဒါကိုနှစ်ဦးသားဘယ်လို ဖြတ်ကျော်သွားမလဲဆိုတဲ့အပေါ် မူတည်ပြီး အိမ်ထောင် မြဲတယ် မမြဲဘူးဆိုတာတွေ ဖြစ်လာတာပါ။ ဒီတော့ဘာမဟုတ်တဲ့ ပြသနာလေးတွေဖြစ်တိုင်း တစ်ဥိးနဲ့တစ်ဦး မကြားဝံ့မနာသာတွေ ပြောဆိုတိုင်းထွာကြမယ်၊ ခုနပြောသလို တကယ်လည်း လက်မလွှတ်နိုင်ပဲ လမ်းခွဲမယ့်စကား၊ ထားရစ်ခဲ့မယ်ဆိုတာတွေ မပြောမိဖို့တော့ အထူးအရေးကြီးပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top