iMyanmarHouse.com - Best Property Website for Myanmar
×
၁ - ဖဲချပ်လေးနဲ့ကမ္ဘာ
၂ - ဥာဏ်စမ်းဖြေ
၃ - မာကိုပိုလို
၎ - ကိုယ်ခန္ဓာပစ်မှတ်
Credit:Momolay
ပို့သပေးပါတယ်။
 #Unicode Version
ကြင်စဦးမောင်နှံများနဲ့ အထူးသင့်တော်တဲ့ ရင်ခုန်ဖွယ်ရာ ကစားနည်းလေးများဖြစ်ပါတယ်။ လက်ထပ်ပြီးသူ စုံတွဲများသာ လိုက်လံဆော့ကစားသင့်ပြီး အရွယ်မရောက်သေးသူများကတော့ ဆက်လက်မဖတ်ရှု့ဖို့ မေတ္တာရပ်ခံပါရစေ။
၁ - ဖဲချပ်လေးနဲ့ကမ္ဘာ
ဦးစွာဖဲထုပ်တစ်ထုပ်ကိုယူပြီး ဖဲချပ်လေးတွေကို တစ်ယောက်တစ်ချပ်စီ ဝေလိုက်ပါ။ ဖဲချပ်ရဲ့အပွင့်လေးတွေဟာ တစ်ဖက်လူကို လုပ်ဆောင်ပေးရမယ့် အရာတွေဖြစ်ပါတယ်။ ဥပမာ - Heart ဆိုရင် အနမ်းပေးတာ၊ Spade ဆိုရင် ပုခုံးလေးတွေကို နှိပ်ပေးတာ၊ Diamond ဆိုရင် အောက်ပိုင်းကိုထိတွေ့တာ၊ Clubs ဆိုရင် ခိုင်းတာတစ်ခုခုလုပ်ပြတာ စသဖြင့်သတ်မှတ်ထားနိုင်ပါတယ်။ ဖဲချပ်ပေါ်က နံပါတ်ငယ်သူဟာ နံပါတ်ကြီးသူကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၂ - ဉာဏ်စမ်းဖြေ
ဒါကလည်း ရင်ခုန်စရာ ကစားနည်းတစ်မျိုးပါ။ တစ်ယောက်မေးတဲ့ ဉာဏ်စမ်းကို တစ်ယောက်က မှန်အောင်ဖြေရပါမယ်။ မှန်အောင်မဖြေနိုင်ရင်တော့ တစ်ခါမဖြေနိုင်ရင် ကိုယ်ပေါ်က ဝတ်ဆင်ထားတဲ့ အရာတစ်ခုကို ချွတ်ရမှာဖြစ်ပါတယ်။ အပြန်အလှန်မေးကြရင်း တဖြည်းဖြည်းနဲ့ ကိုယ်ပေါ်က အဝတ်တွေ ကုန်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးဘာမှမကျန်တော့တဲ့သူက ဂိမ်းကို အရှုံးပေးရမှာ ဖြစ်ပါတယ်။
၃ - မာကိုပိုလို
ချစ်သူနှစ်ဦး ရေကန်ထဲမှာ အတူဆော့ကစားရမယ့် ကစားနည်းတစ်ခု ဖြစ်ပါတယ်။ ရေကူးကန်အတွင်းမှာ တစ်ယောက်က အသံပြုပြီး တစ်ယောက်က အသံနောက်ကို ရေကူးရင်လိုက်ဖမ်းရမှာ ဖြစ်ပါတယ်။ မိခါနီးပြီထင်ရင်တော့ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ ဘီကနီကို ချွတ်လို့ အသံလာရာဆီကို ပစ်ပေါက်ပြီး ဖမ်းရမှာပါ။ ဒါလည်း ရင်ခုန်စရာကစားနည်း တစ်ခုပါပဲ။
၄ - ကိုယ်ခန္ဓာပစ်မှတ်
ဒီကစားနည်းအတွက်တော့ အံစာတုန်း၊ စာရွက်နဲ့ ဘောပင်တို့လိုပါတယ်။ စာရွက်ပေါ်မှာ သင့်ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကို နံပါတ်စဉ်နဲ့တပ်လို့ ရေးထားရမှာ ဖြစ်ပါတယ်။ (၆ ခုထပ်မပိုရပါဘူး) ထို့နောက်မှာတော့ တစ်ယောက်တစ်လှည့် အံစာတုန်းကိုခေါက်လို့ မိမိကျတဲ့နံပါတ်အတိုင်း တစ်ဖက်လူကိုယ်ပေါ်က အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို ခွာချပစ်နိုင်ပါတယ်။ ၆ ခုပဲ ရှိတာမို့ သင်လိုချင်တဲ့ အဓိကနေရာတွေကို ခွာမချနိုင်တာကတော့ သင့်ကံပါပဲ။
Credit:Momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top