iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အလုပ်ပိုတွင်

ဖေ့စ်ဘွတ်အဆက်မပြတ်သုံးနေတာမျိုးကို စွန့်လွှတ်လိုက်တဲ့အခါ အလုပ်ပိုတွင်လာပါမယ်။ ခဏလောက်သုံးမယ်ဆိုပြီး စလိုက်တာဟာ နာရီပေါင်းများစွာ ဖြစ်သွားတတ်ပါတယ်။ သုံးပြီးလို့ အလုပ်လုပ်တဲ့ အခါမှာလည်း အာရုံစူးစိုက်မှု လျော့နည်းသွားပါတယ်။

၂ - အာရုံစိုက်နိုင်

အခြားအရာတွေကို ပိုအာရုံစိုက်လာနိုင်ပါတယ်။ အချစ်ရေး၊ လူမှုရေးနဲ့ စတဲ့ အရာတွေမှာ ပိုပြီးအာရုံစိုက်လာနိုင်ကာ စိတ်လည်း ပိုရွှင်လန်းလာပါမယ်။ တခြားလူတွေကို မှီခိုစရာမလိုဘဲ သင်တကယ်လုပ်ချင်တဲ့ အရာကိုပဲ လုပ်နေရလို့ ဖြစ်ပါတယ်။

၃ - သူငယ်ချင်းအစစ်

သူငယ်ချင်းအစစ်က ဘယ်သူလဲဆိုတာကိုလည်း ကွဲကွဲပြားပြား သိနိုင်ပါမယ်။ ပို့စ်တစ်ခုကို လိုက် လုပ်ရတာ စက္ကန့်ပိုင်းပဲကြာပါတယ်။စက္ကန့်ပိုင်း ကိုယ့်ကိုယ် အချိန်ပေးတာနဲ့ သူငယ်ချင်းအစစ်လို့ သတ်မှတ်လို့ မရပါဘူး။ ခဏလောက် ဖေ့စ်ဘွတ်မသုံးဘဲ နေကြည့်လိုက်ရင် ဒီလို လိုက် ယဉ်ကျေးမှုကြီးက ဘာမှမဟုတ်တာကို တွေ့ရပါမယ်။

၎ - ကြွားဝါမှု

ဖေ့စ်ဘွတ်က ကြွားဝါမှုတွေကနေ လွတ်ကင်းပါမယ်။ လူတွေဟာ သူတို့ကို လူအများထင်စေချင်တဲ့ပုံမျိုး ဖေ့စ်ဘွတ်မှာ ဖန်တီးကြပါတယ်။ ဒီအတွက် ဖန်တီးမှုတွေသာ ဖြစ်ပြီး တကယ့်အစစ်မဟုတ်တာတွေကို အမြဲ မြင်နေရပါမယ်။ ဒီလို စိတ်ဆင်းရဲမှုမျိုးကနေ သင် ကင်းလွတ်သွားပါမယ်။

၅ - နားလည်

ခဏလောက်မသုံးဘဲ နေကြည့်လိုက်တဲ့အခါ သင်ဟာ ဖေ့စ်ဘွတ်မှာ ဘာမှ မဟုတ်ဘူးဆိုတာ တွေ့လာရပါမယ်။ သူတို့ပြတဲ့ ကြော်ငြာတွေကို ထိုင်ကြည့်ပေးနေတဲ့ ဒေတာလေးတစ်ခုသာ ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top