iMyanmarHouse.com - Best Property Website for Myanmar
×
၁။ လက်မဆေးခြင်း
၂။ မိတ်ကပ် မဖယ်ခြင်း
၅။ တဘက်နဲ့ သုတ်ခြင်း
Credit : Duwun
#Unicode Version
မျက်နှာသစ်တယ်ဆိုတာ နေ့စဉ်ပြုလုပ်ရတဲ့လေ့ရှိတဲ့ ပုံမှန်အလေ့အထ တစ်ခုဖြစ်ပါတယ်။ အလှအပ လိုက်စားသူဖြစ်စေ၊ မလိုက်စားသူ ဖြစ်စေ နေ့စဉ် မျက်နှာသစ်ဖို့ကိုတော့ လူသားအားလုံး လိုက်နာကြပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ မျက်နှာလည်း ပါဝင်တာကြောင့် မျက်နှာသစ်တဲ့အခါ အမှားနည်းဖို့ အရေးကြီးပါတယ်။ သင်ကိုယ်တိုင်မသိလိုက်ပဲ မျက်နှာသစ်တဲ့အခါ လုပ်မိနေတဲ့ အမှား (၅) ခုရှိပါတယ်။
၁။ လက်မဆေးခြင်း
မျက်နှာသန့်စေချင်လို့ မျက်နှာသစ်ဖို့ လုပ်တဲ့အခါ လက်အရင်ဆေးဖို့ မမေ့ပါနဲ့။ ညစ်ပတ်နေတဲ့ လက်နဲ့ မျက်နှာကို မကိုင်တွယ်သင့်ပါဘူး။
၂။ မိတ်ကပ် မဖယ်ခြင်း
တနေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေကို အရင်ဖယ်ပြီးမှ မျက်နှာသစ်ပါ။ Cleanser တစ်ခုခုသုံးပြီး မိတ်ကပ်တွေ အရင်ဖယ်ဖို့ လိုပါတယ်။
၃။ မျက်နှာသစ်ဆေး အရွေးမှားခြင်း
အရေးကြီးတဲ့ အမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်ခေါက်နှစ်ခေါက် သုံးကြည့်ပြီးလို့မှ အဆင်မပြေရင် ဒီမျက်နှာသစ်ဆေး ဆက်သုံးဖို့ မစဉ်းစားပါနဲ့။ သင်နဲ့ သင့်တော်တဲ့ မျက်နှာသစ်အမျိုးအစားကို ဂရုစိုက်ဝယ်ပါ။
၄။ အရမ်းပူသည့် ရေသုံးခြင်း
ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းပူတဲ့ ရေကတော့ သင့်ရဲ့အသားအရေကို ပျက်စီးစေပါလိမ့်မယ်။
၅။ တဘက်နဲ့ သုတ်ခြင်း
မျက်နှာသစ်ပြီးတဲ့အခါ တဘတ်နဲ့ သုတ်ခြင်းဟာ မှားယွင်းပါတယ်။ ရေစိုနေတဲ့ မျက်နှာကို သဘတ်နဲ့ ခပ်ကြမ်းကြမ်း ဆွဲသုတ်ခြင်းဟာ အသားအရေ ပျက်စီးစေတတ်ပါတယ်။ သန့်ရှင်းပြီး နူးညံ့တဲ့တဘတ်နဲ့ ဖွဖွလေးသာ ဖိပေးသင့်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top