iMyanmarHouse.com - Best Property Website for Myanmar
×

ဇနီးေမာင္ႏွံေတြျဖစ္ျဖစ္ ခ်စ္သူရည္းစားေတြျဖစ္ျဖစ္ ဘယ္ေလာက္ပဲခ်စ္တယ္ဆုိဆို အဆင္မေျပခ်ိန္ေတြ ႐ွိၾကစၿမဲပါ။ ခဏတျဖဳတ္ရန္ျဖစ္စကားမ်ားၿပီးတာနဲ႔ ျပန္ေျပလည္သြားၾကတာမ်ိဳးေတြေပါ့။ တစ္ခါတစ္ေလမွာ အမႈမဲ့အမွတ္မဲ့ ေျပာမိတဲ့ စကားတစ္ခြန္းေၾကာင့္ အမႈိက္ကစ ျပႆာဒ္မီးေလာင္ျဖစ္္ၿပီး သံေယာဇဥ္ေႏွာင္ႀကိဳးေတြ ျပတ္ေတာက္သြားတာမ်ိဳး မျဖစ္ရေအာင္ သူမနဲ႔ရန္ျဖစ္ခ်ိန္ေတြမွာ ဒါေတြမေျပာမိဖုိ႔ လိုပါတယ္။

၁။ ရတယ္ေလ .. ဘာပဲျဖစ္ျဖစ္

ဒါကေတာ့ သူမကို အေရးမလုပ္ဘူးလို႔ ထင္သြားႏိုင္တဲ့စကားပါ။ ျပႆနာျဖစ္ေနတာကို ေျဖ႐ွင္းဖုိ႔မစဥ္းစားဘဲ ၿပီးစလြယ္ေျပာတယ္၊ အေလးမထားဘူးလို႔ မွတ္ထင္ၾကပါလိမ့္မယ္။

၂။ ဘယ္ေတာ့မွ

" ငါေျပာတာကို ဘယ္ေတာ့မွအေရးမလုပ္ဘူး" ၊ " မင္းအၿမဲတမ္း ဒီလိုခ်ည္းပဲ" စတဲ့ ဘယ္ေတာ့မွနဲ႔ အၿမဲတမ္း အစခ်ီစကားေတြဟာ သူမကို နာက်င္ေစပါလိမ့္မယ္။ တကယ္မွန္ေနခဲ့တယ္ဆိုရင္ေတာင္မွ " ငါ့အျမင္ကေတာ့ .." ဆိုတဲ့ စကားလံုးနဲ႔အစပ်ိဳးတာ ပိုေကာင္းပါတယ္။

၃။ စိတ္ေလွ်ာ့... စိတ္ေလွ်ာ့

ရန္ျဖစ္ေနပါတယ္ဆုိမွ စိတ္ေလွ်ာ့လို႔ရမလား။ အခ်ိန္တန္မွ ေျပလည္သြားမယ့္ကိစၥကို ေသြးပူေနတုန္းမွာ စိတ္ေလွ်ာ့ပါလုိ႔ေျပာတာကေတာ့ ေျပာင္သလို ေလွာင္သလိုပါပဲ။

၄။ ဒါေပမဲ့

ေျပာစရာ႐ွိတာ ေျပာလိုက္ပါ။ ဒါေပမဲ့ေတြ ဘာေတြ လုပ္မေနပါနဲ႔။ မဟုတ္ရင္ မဟုတ္ဘူးေျပာတာက " ဟုတ္ပါတယ္... ဒါေပမဲ့" ဆိုတဲ့စကားထက္ ပိုေကာင္းပါတယ္။ ဒါေပမဲ့ဆုိတဲ့စကားဆက္ဟာ ေ႐ွ႕မွာေျပာခဲ့တဲ့စကားကို ဆန္႔က်င္ေနသလိုလည္း ျဖစ္ေစပါတယ္။

၅။ ထားလိုက္ေတာ့

ဒါကေတာ့ အေတာ္ဆိုး႐ြားတဲ့့စကားပါ။ တကယ္ေျပလည္ခ်င္တာ ဟုတ္ေနသည့္တုိင္ေအာင္ ဒီလိုေျပာပံုက ပစၥလက္ခတ္ႏိုင္လြန္းပါတယ္။ သူမ လိုခ်င္တာက ေသေသခ်ာခ်ာ ညႇိႏႈိင္းတုိင္ပင္ဖုိ႔ပါ။ လြယ္လြယ္ေလးေျပာတာမ်ိဳးမဟုတ္ပါဘူး။

၆။ ဒီကိစၥက ဒီေလာက္ျဖစ္စရာမလိုဘူး

သင့္အျမင္မွာ အေသးအဖြဲလို႔ ယူဆေပမယ့္ တကယ္တမ္းအေသးအဖြဲသာဆုိ သူမက ျပႆနာ႐ွာပါ့မလား။ ကိုယ့္ခ်စ္သူနဲ႔ ဘယ္သူကမ်ား အဆင္မေျပျဖစ္ခ်င္မွာတဲ့လဲ။ ဒီစကားကို လံုးဝ(လံုးဝ) မေျပာမိေအာင္ သတိႀကီးႀကီးထားသင့္ပါတယ္။

၇။ ငါမင္းကိုျဖတ္သင့္ၿပီ

ဒီလိုစကားမ်ိဳးဟာ တကယ္မခ်စ္ေတာ့ဘူးဆုိမွသာ ေျပာရမယ့္စကားပါ။ ဒါေတာင္ ေသေသခ်ာခ်ာ အခ်ိန္ယူစဥ္းစားၿပီးမွ ဆံုးျဖတ္ရမွာပါ။ ရန္ျဖစ္ စကားမ်ား႐ံုေလာက္ေလးနဲ႔ သူမကို ထားခဲဲ့မယ္လို႔ ေျပာတာကေတာ့ ရက္စက္လြန္းရာက်ပါတယ္။ ကိုယ္ခ်စ္ရတဲ့လူကို နာက်င္ဝမ္းနည္းေစမယ့္စကားပါပဲ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ဇနီးမောင်နှံတွေဖြစ်ဖြစ် ချစ်သူရည်းစားတွေဖြစ်ဖြစ် ဘယ်လောက်ပဲချစ်တယ်ဆိုဆို အဆင်မပြေချိန်တွေ ရှိကြစမြဲပါ။ ခဏတဖြုတ်ရန်ဖြစ်စကားများပြီးတာနဲ့ ပြန်ပြေလည်သွားကြတာမျိုးတွေပေါ့။ တစ်ခါတစ်လေမှာ အမှုမဲ့အမှတ်မဲ့ ပြောမိတဲ့ စကားတစ်ခွန်းကြောင့် အမှိုက်ကစ ပြဿာဒ်မီးလောင်ဖြစ်ပြီး သံယောဇဉ်နှောင်ကြိုးတွေ ပြတ်တောက်သွားတာမျိုး မဖြစ်ရအောင် သူမနဲ့ရန်ဖြစ်ချိန်တွေမှာ ဒါတွေမပြောမိဖို့ လိုပါတယ်။

၁။ ရတယ်လေ .. ဘာပဲဖြစ်ဖြစ်

ဒါကတော့ သူမကို အရေးမလုပ်ဘူးလို့ ထင်သွားနိုင်တဲ့စကားပါ။ ပြဿနာဖြစ်နေတာကို ဖြေရှင်းဖို့မစဉ်းစားဘဲ ပြီးစလွယ်ပြောတယ်၊ အလေးမထားဘူးလို့ မှတ်ထင်ကြပါလိမ့်မယ်။

၂။ ဘယ်တော့မှ

" ငါပြောတာကို ဘယ်တော့မှအရေးမလုပ်ဘူး" ၊ " မင်းအမြဲတမ်း ဒီလိုချည်းပဲ" စတဲ့ ဘယ်တော့မှနဲ့ အမြဲတမ်း အစချီစကားတွေဟာ သူမကို နာကျင်စေပါလိမ့်မယ်။ တကယ်မှန်နေခဲ့တယ်ဆိုရင်တောင်မှ " ငါ့အမြင်ကတော့ .." ဆိုတဲ့ စကားလုံးနဲ့အစပျိုးတာ ပိုကောင်းပါတယ်။

၃။ စိတ်လျှော့... စိတ်လျှော့

ရန်ဖြစ်နေပါတယ်ဆိုမှ စိတ်လျှော့လို့ရမလား။ အချိန်တန်မှ ပြေလည်သွားမယ့်ကိစ္စကို သွေးပူနေတုန်းမှာ စိတ်လျှော့ပါလို့ပြောတာကတော့ ပြောင်သလို လှောင်သလိုပါပဲ။

၄။ ဒါပေမဲ့

ပြောစရာရှိတာ ပြောလိုက်ပါ။ ဒါပေမဲ့တွေ ဘာတွေ လုပ်မနေပါနဲ့။ မဟုတ်ရင် မဟုတ်ဘူးပြောတာက " ဟုတ်ပါတယ်... ဒါပေမဲ့" ဆိုတဲ့စကားထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ဆိုတဲ့စကားဆက်ဟာ ရှေ့မှာပြောခဲ့တဲ့စကားကို ဆန့်ကျင်နေသလိုလည်း ဖြစ်စေပါတယ်။

၅။ ထားလိုက်တော့

ဒါကတော့ အတော်ဆိုးရွားတဲ့စကားပါ။ တကယ်ပြေလည်ချင်တာ ဟုတ်နေသည့်တိုင်အောင် ဒီလိုပြောပုံက ပစ္စလက်ခတ်နိုင်လွန်းပါတယ်။ သူမ လိုချင်တာက သေသေချာချာ ညှိနှိုင်းတိုင်ပင်ဖို့ပါ။ လွယ်လွယ်လေးပြောတာမျိုးမဟုတ်ပါဘူး။

၆။ ဒီကိစ္စက ဒီလောက်ဖြစ်စရာမလိုဘူး

သင့်အမြင်မှာ အသေးအဖွဲလို့ ယူဆပေမယ့် တကယ်တမ်းအသေးအဖွဲသာဆို သူမက ပြဿနာရှာပါ့မလား။ ကိုယ့်ချစ်သူနဲ့ ဘယ်သူကများ အဆင်မပြေဖြစ်ချင်မှာတဲ့လဲ။ ဒီစကားကို လုံးဝ(လုံးဝ) မပြောမိအောင် သတိကြီးကြီးထားသင့်ပါတယ်။

၇။ ငါမင်းကိုဖြတ်သင့်ပြီ

ဒီလိုစကားမျိုးဟာ တကယ်မချစ်တော့ဘူးဆိုမှသာ ပြောရမယ့်စကားပါ။ ဒါတောင် သေသေချာချာ အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်ရမှာပါ။ ရန်ဖြစ် စကားများရုံလောက်လေးနဲ့ သူမကို ထားခဲ့မယ်လို့ ပြောတာကတော့ ရက်စက်လွန်းရာကျပါတယ်။ ကိုယ်ချစ်ရတဲ့လူကို နာကျင်ဝမ်းနည်းစေမယ့်စကားပါပဲ။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top