iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပကို မက္ေမာၾကေပမယ့္ အစားအေသာက္ မဆင္ျခင္ရင္ေတာ့ ဝက္ျခံနဲ ့ရင္ဆိုင္ေနရမွာပါပဲ။ ဝက္ျခံေပ်ာက္ဖို  ့မ်က္ႏွာသစ္ဆပ္ျပာအမ်ိဳးမ်ိဳးေျပာင္းသံုးရတာနဲ ့ မ်က္ႏွာလိမ္းခရင္မ္ေတြ အမ်ိဳးမ်ိဳးလိမ္းေနရံုနဲ ့ဝက္ျခံထြက္တာ လံုးဝသက္သာသြားႏိုင္မွာ မဟုတ္ပါဘူး။ အစားအေသာက္ ဆင္ျခင္ျပီး တစ္ကိုယ္ရည္ သန္ ့ရွင္းေရးပိုင္းကိုပါ ဂရုစိုက္ႏိုင္ရင္ေတာ့ ဝက္ျခံအႏၱရာယ္အတြက္ သိပ္စိတ္ပူစရာမလိုေတာ့ဘူးေပါ့၊ ဒီေတာ့ ဘယ္လိုအစားအေသာက္မ်ိဳး ကိုေရွာင္ၾကဥ္သင့္လဲဆိုတာကို ၾကည့္ၾကရေအာင္။

 ပုစြန္

ပုဇြန္ဟာ ဝက္ျခံျဖစ္ေစတယ္တဲ့။  အစားအစာထဲမွာ ပုစြန္ပါမယ္ဆိုတာ ထင္ထားမိၾကမွာ မဟုတ္ပါဘူး။ သိထား သေလာက္ကေတာ့ ခြဲစိတ္ကုသမွဳေတြ လုပ္ထားရင္ေတာ့ ပုစြန္စားရင္ ခြဲစိတ္ထားတဲ့ အေရျပား မ်က္ႏွာက ယားယံေနတတ္ပါတယ္။

မုတ္ေကာင္၊ကမာေကာင္

မုတ္ေကာင္၊ကမာေကာင္ေတြကိုစားရတာ ၾကိဳက္တဲ့သူေတြအတြက္ေတာ့ မုတ္ေကာင္ေတြကို မစားဖို ့၊ေရွာင္ဖို ့က ခက္ခဲပါတယ္။ ဒီကမာေကာင္ေတြက မ်က္ႏွာအေရျပားမွာအဖုအပိန္ ့ေတြေပါက္လာေအာင္လုပ္တဲ့ အဓိကတရားခံေတြပါပဲ။

ေဒါက္ခြရြက္

အသီးအရြက္ေတြက အသားအေရလွပေစပါတယ္။ ေဒါက္ခြရြက္က အားအင္ျဖစ္ေစတဲ့ အရြက္တစ္မ်ိဳးပါ။ ဒါေပမယ့္ ဒီအရြက္မွာ အိုင္အိုဒင္းဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ အေရးျပားကိုထိခိုက္ေစႏိုင္ပါတယ္။

ေဘကြန္

ဝက္သားကို ဆားနဲ ့နယ္ျပီး အေျခာက္လွန္းထားတဲ့ ေဘကြန္ကို စားသံုးရင္ အသားအေရေျခာက္ေသြ ့ေစႏိုင္ပါတယ္။

ခ်ိစ္

ဘယ္က ထုတ္တဲ့ ခ်ိစ္မ်ိဳးပဲျဖစ္ျဖစ္၊ ဘယ္လိုအေရာင္ ခ်ိစ္မ်ိဳးပဲျဖစ္ျဖစ္ အဆီဓာတ္ အရမ္းပါလို ့ အလြန္အကြ်ံစားသံုးမိရင္လည္း ဝက္ျခံထြက္ေစႏိုင္ပါတယ္။

 ကဖိန္းဓာတ္ပါေသာ အခ်ိဳရည္

အခ်ိဳရည္ ေအးေအးေလးေသာက္လိုက္ရရင္ အေမာေျပျပီး စိတ္ကို လန္းေစတယ္လို ့ေၾကာ္ျငာေတြမွာ ျမင္ေတြ ့ေနရပါတယ္။ ဒါေတြက ကဖိန္းဓာတ္ေတြေၾကာင့္ လူကိုလန္းဆန္းသြားေစတာပါ။ ကဖိန္းဓာတ္က အသားအေရကို ဆိုးဆိုးရြားရြား ထိခိုက္ေစတတ္လို ့ ကပ္ဖ္ဖိန္းဓာတ္ပါတဲ့ အခ်ိဳရည္မ်ားမ်ား ေသာက္မိရင္လည္း ဝက္ျခံထြက္ႏိုင္ပါတယ္။

အသင့္စားသံုးႏိုင္ေသာ အစားအစာမ်ား

စည္သြပ္ဘူးေတြထဲက အစားအစာေတြ ဒါမွမဟုတ္ အသင့္စားသံုးလို ့ရတဲ့ ေရခဲရိုက္ထားတဲ့ အစားအစာေတြက စားသံုးရလြယ္ကူေပမယ့္ က်န္းမာေရးအတြက္ လံုးဝမေကာင္းပါဘူး။ အေရျပားအတြက္လည္းမေကာင္းပါဘူး။

 ေပါက္ေပါက္ဆုပ္

အဆီအစိမ့္ျဖစ္တဲ့ ေထာပတ္နဲ ့ ေျပာင္းေစ့တို ့ကိုမီးဖုတ္ထားတဲ့ ေပါက္ေပါက္ဆုပ္ကအပ်င္းေျပစားဖို ့အတြက္ အရသာလည္းရွိအနံကလည္းေမႊးေတာ့ လူေတြကို ေတာ္ေတာ္ဆြဲေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္ အသားအေရအတြက္ အႏၱရာယ္ရွိေစႏိုင္ပါတယ္။

အာလူးေၾကာ္

ၾကြပ္ၾကြပ္ရြရြနဲ ့အစာေျပစားလို ့ေကာင္းတဲ့ အာလူးေၾကာ္က ဆီပူပူထဲ ႏွစ္ေၾကာ္ထားလို ့ ဝက္ျခံထြက္ဖို ့ကိုတြန္းအားေပးေနသလိုပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလှအပကို မက်မောကြပေမယ့် အစားအသောက် မဆင်ခြင်ရင်တော့ ဝက်ခြံနဲ့ရင်ဆိုင်နေရမှာပါပဲ။ ဝက်ခြံပျောက်ဖို့မျက်နှာသစ်ဆပ်ပြာအမျိုးမျိုးပြောင်းသုံးရတာနဲ့ မျက်နှာလိမ်းခရင်မ်တွေ အမျိုးမျိုးလိမ်းနေရုံနဲ့ဝက်ခြံထွက်တာ လုံးဝသက်သာသွားနိုင်မှာ မဟုတ်ပါဘူး။ အစားအသောက် ဆင်ခြင်ပြီး တစ်ကိုယ်ရည် သန့်ရှင်းရေးပိုင်းကိုပါ ဂရုစိုက်နိုင်ရင်တော့ ဝက်ခြံအန္တရာယ်အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူးပေါ့၊ ဒီတော့ ဘယ်လိုအစားအသောက်မျိုး ကိုရှောင်ကြဉ်သင့်လဲဆိုတာကို ကြည့်ကြရအောင်။

 ပုစွန်

ပုဇွန်ဟာ ဝက်ခြံဖြစ်စေတယ်တဲ့။  အစားအစာထဲမှာ ပုစွန်ပါမယ်ဆိုတာ ထင်ထားမိကြမှာ မဟုတ်ပါဘူး။ သိထား သလောက်ကတော့ ခွဲစိတ်ကုသမှုတွေ လုပ်ထားရင်တော့ ပုစွန်စားရင် ခွဲစိတ်ထားတဲ့ အရေပြား မျက်နှာက ယားယံနေတတ်ပါတယ်။

မုတ်ကောင်၊ကမာကောင်

မုတ်ကောင်၊ကမာကောင်တွေကိုစားရတာ ကြိုက်တဲ့သူတွေအတွက်တော့ မုတ်ကောင်တွေကို မစားဖို့၊ရှောင်ဖို့က ခက်ခဲပါတယ်။ ဒီကမာကောင်တွေက မျက်နှာအရေပြားမှာအဖုအပိန့်တွေပေါက်လာအောင်လုပ်တဲ့ အဓိကတရားခံတွေပါပဲ။

ဒေါက်ခွရွက်

အသီးအရွက်တွေက အသားအရေလှပစေပါတယ်။ ဒေါက်ခွရွက်က အားအင်ဖြစ်စေတဲ့ အရွက်တစ်မျိုးပါ။ ဒါပေမယ့် ဒီအရွက်မှာ အိုင်အိုဒင်းဓာတ်တွေ ပါဝင်နေတာကြောင့် အရေးပြားကိုထိခိုက်စေနိုင်ပါတယ်။

ဘေကွန်

ဝက်သားကို ဆားနဲ့နယ်ပြီး အခြောက်လှန်းထားတဲ့ ဘေကွန်ကို စားသုံးရင် အသားအရေခြောက်သွေ့စေနိုင်ပါတယ်။

ချိစ်

ဘယ်က ထုတ်တဲ့ ချိစ်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင် ချိစ်မျိုးပဲဖြစ်ဖြစ် အဆီဓာတ် အရမ်းပါလို့ အလွန်အကျွံစားသုံးမိရင်လည်း ဝက်ခြံထွက်စေနိုင်ပါတယ်။

 ကဖိန်းဓာတ်ပါသော အချိုရည်

အချိုရည် အေးအေးလေးသောက်လိုက်ရရင် အမောပြေပြီး စိတ်ကို လန်းစေတယ်လို့ကြော်ငြာတွေမှာ မြင်တွေ့နေရပါတယ်။ ဒါတွေက ကဖိန်းဓာတ်တွေကြောင့် လူကိုလန်းဆန်းသွားစေတာပါ။ ကဖိန်းဓာတ်က အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေတတ်လို့ ကပ်ဖ်ဖိန်းဓာတ်ပါတဲ့ အချိုရည်များများ သောက်မိရင်လည်း ဝက်ခြံထွက်နိုင်ပါတယ်။

အသင့်စားသုံးနိုင်သော အစားအစာများ

စည်သွပ်ဘူးတွေထဲက အစားအစာတွေ ဒါမှမဟုတ် အသင့်စားသုံးလို့ရတဲ့ ရေခဲရိုက်ထားတဲ့ အစားအစာတွေက စားသုံးရလွယ်ကူပေမယ့် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ အရေပြားအတွက်လည်းမကောင်းပါဘူး။

 ပေါက်ပေါက်ဆုပ်

အဆီအစိမ့်ဖြစ်တဲ့ ထောပတ်နဲ့ ပြောင်းစေ့တို့ကိုမီးဖုတ်ထားတဲ့ ပေါက်ပေါက်ဆုပ်ကအပျင်းပြေစားဖို့အတွက် အရသာလည်းရှိအနံကလည်းမွှေးတော့ လူတွေကို တော်တော်ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသားအရေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

အာလူးကြော်

ကြွပ်ကြွပ်ရွရွနဲ့အစာပြေစားလို့ကောင်းတဲ့ အာလူးကြော်က ဆီပူပူထဲ နှစ်ကြော်ထားလို့ ဝက်ခြံထွက်ဖို့ကိုတွန်းအားပေးနေသလိုပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top