iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရှင်ဇာတ်ကား သစ်တစ်ကားတွင် ၁၃ ရာစု ပါရှား ကဗျာဆရာ ရူမီအဖြစ် သရုပ် မဆောင်ရန် အော်စကာဆုရှင် လီယိုနာဒိုဒီကာပရီယိုထံ တောင်း ဆိုထားသည့် အွန်လိုင်းမှ တောင်း ဆိုချက်တစ်ခုကို လူ ၈,၀၀၀ ခန့်က လက်မှတ်ရေးထိုးထားသည်။

ဗယ်လာရီဂျာနိုဗစ် ဆိုသူ ဦးဆောင်သည့် ယင်းတောင်းဆို မှုက ဇာတ်ကားသစ်တွင် ဒီကာ ပရီယို၏ ဖြစ်နိုင်ခြေရှိသော သရုပ်ဆောင်မှုသည် ဟောလိဝုဒ်၏ ဖုံးဖိဖာထေးထားသည့် နောက်ထပ် သာဓကတစ်ခုမျှသာ ဖြစ် သည်ဟု ဖော်ပြထားသည်။

ဇာတ်ညွှန်းရေးသူဒေးဗစ်ဖရန်ဇိုနီနှင့် စတီဖန်ဂျိုးလ် ဘရောင်းတို့ကလာမည့် ဇာတ်ကားတွင် ရူမီအဖြစ်ဒီကာပရီယိုကို သရုပ်ဆောင်ခိုင်းရန် စဉ်းစားနေသည်ဟု ဂါးဒီးယန်းသတင်း ဌာနအား ပြောကြားပြီးနောက် အွန်လိုင်းမှ တစ်ဆင့်တောင်းဆို မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇာတ်ညွှန်းရေးသူများက ၎င်းတို့အနေဖြင့် အနောက်တိုင်း ရုပ်ရှင်များတွင် မွတ်စလင်ဇာတ် ကောင်စရိုက်များအား သမားရိုးကျ ရိုက်ကူးဖော်ပြနေမှုများကို စိန်ခေါ်လိုသည်ဟု ပြောသည်။

ဒီကာပရီယို၏ ဖြစ်နိုင်ခြေရှိ သော သရုပ်ဆောင်မှုသည် မဖွယ် မရာကိစ္စဖြစ်ပြီး စော်ကားခြင်းဖြစ် သည်ဟု အွန်လိုင်းတောင်းဆိုမှု တွင် ဖော်ပြသည်။

သမိုင်းအမှန်ကို ဖုံးဖိဖာထေး ခြင်း တားဆီးရေး ယင်းဇာတ်ကား တွင် ဒီကာပရီယို သရုပ်မဆောင်စေရေး ယခုတောင်းဆိုမှု လက်မှတ်ထိုးကြပါဟု ဖော်ပြထားသည်။ ကဗျာဆရာရူမီ၏ နေရာတွင် သရုပ်ဆောင်ရန် အရှေ့အလယ် ပိုင်းမင်းသား တစ်ဦးဦးကို ခေါ်ယူသင့်သည်ဟု ယင်းတောင်းဆိုမှု၌ ဖော်ပြထားသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top