iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေ အလှပြင်တဲ့အခါ မျက်တောင်ပိုကောင့်အောင် မျက်တောင်ကော့ဆေး မဆိုးခင် မျက်တောင်ကော့တဲ့ ကိရိယာ (မျက်တောင်ကော့စက်) နဲ့အရင် မျက်တောင်ကိုပြင်ဆင်ကြပါတယ်။ မျက်တောင်ကော့ပြီးမှသာ မျက်တောင်ကော့ဆေးလေး ဆိုးလို့ ပိုကောင်းတာပါ။ မျက်လုံးနားတစ်ဝိုက်မှာ လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ဒါဟာ အန္တရာယ်များတယ်ဆိုတာ အားလုံးက သတိမထားမိလိုက်တာကို ခုပြောပြမယ့် အဖြစ်အပျက်ကို ကြုံရသူ အမျိုးသမီးတစ်ဦးကြောင့် နောက်ပိုင်း မျက်တောင်ကော့စက်သုံးတိုင်း သတိထားသင့်တယ်ဆိုတာ ပြောပြပေးသွားပါတယ်။

 အမျိုးသမီး တဦးဟာ သူမရဲ့မျက်တောင်ကို မျက်တောင်ကော့စက်နဲ့ ကော့နေချိန်မှာပဲ နှာချေလိုက်မိတာကြောင့် မထင်မှတ်တဲ့ ပြသနာတစ်ရပ်ကို ရင်ဆိုင်လိုက်ရပါတယ်။ အဲ့ဒါကတော့ အပေါ် မျက်တောင်မွှေးတွေ အကုန်ကျွတ်ထွက်သွားတာပါပဲ။ ခုလို အဖြစ်မျိုးကြုံမယ်ဆိုရင် အဆိုးဝါးဆုံးကတော့ မျက်တောင်ကော့စက်ကြောင့် မျက်လုံးထိခိုက်သွားနိုင်တာပါ။ မျက်လုံးမထိခိုကဘူးဆိုရင်တောင် ခုလို မျက်တောင်မွှေးတွေ ကျွတ်သွားတာမျိုး ကြုံရနိုင်ပါတယ်။

သူမကို ကြည့်ရတာတော့ မျက်တောင်မွှေးတွေ အကုန်ကျွတ်သွားတာကလွဲရင် ဘာထိခိုက်မှုမှ မရှိသလို အေးဆေးပါပဲ။ ဒါပေမယ့် တကယ်တော့ အပေါ်မျက်တောင်မွှေးတွေ ကျွတ်ထွက်တာဟာ မျက်လုံးကျန်းမာရေးအတွက် အထူးသတိထားစရာဖြစ်ပြီး မျက်လုံးထဲကို ဘက်တီးရီးယားတွေ ၀င်ဖို့ ပိုမိုလွယ်ကူသွားစေပါတယ်။ ဒ့ါကြောင့် ပျိုမေတွေအားလုံးလည်း မျက်တောင်မွှေးကို ကော့တော့မယ်ဆိုရင် သတိထားပြီး လုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top