iMyanmarHouse.com - Best Property Website for Myanmar
×

ကဖိန္းဓာတ္ေလွ်ာ့ခ်င္တယ္ ဒါမွမဟုတ္ အဆုိးဆုံးအေနနဲ႔ ေကာ္ဖီကို ေခါင္းထဲရွင္းပစ္ ျပီး အိမ္ကေနမထြက္ခင္ လန္းလန္းဆန္းဆန္း ျဖစ္လုိရင္ ေကာ္ဖီမပါဘဲ အေထာက္အကူျဖစ္ေစမယ့္ နည္းလမ္းတခ်ဳိ႕ရိွပါတယ္။

၁။ အိမ္ျပင္ထြက္ပါ
ဝရန္တာကို ထြက္ သုိ႔မဟုတ္ ျပတင္းေပါက္က တဆင့္ ေခါင္းကို အျပင္ထုတ္ပါ။ အိမ္ထဲေလထုနဲ႔ မတူတဲ့ ေလထု ရွဴရုိက္တဲ့ ဒီအခုိက္အတန္႔ေလးက စိတ္ဖိစီးမႈ ေလွ်ာ့နည္းေစျပီး ႏုိးၾကားလန္းဆန္းေစပါတယ္။ မနက္ခင္း ေနေရာင္ျခည္ရိွပါက မ်က္ႏွာေပၚ အလင္းေရာင္က်ေရာက္ေစပါ။ လန္းဆန္းတက္ၾကြေစျပီး စိတ္ခံစားခ်က္ ခ်က္ခ်င္းတိုးတက္ေကာင္းမြန္ေစပါလိမ့္မယ္။

၂။ ေျခေခ်ာင္းေတြ တုိ႔ထိေပးပါ
မနက္အိပ္ယာထျပီးျပီးခ်င္း ေျခလက္ေတြ ဆန္႔တန္းပါ။ ေျခေခ်ာင္းေတြ လွမ္းဆြဲျခင္းက ခႏၶာကုိယ္တစ္ခုလုံးရိွ ၾကြက္သားေတြ ဆန္႔ျပီး ညတုန္းက ေႏွးေကြးသြားတဲ့ ေသြးလည္ပတ္မႈကို လ်င္ျမန္ေစပါလိ္မ့္မယ္။ ဒီနည္းျဖင့္ ေသြးဖိအား ပိုေကာင္းျပီး ဦးေႏွာက္မွ ေအာက္စီဂ်င္ ပုိမိုရေစပါလိမ့္မယ္။

၃။ ေရေအးတစ္ခြက္ေသာက္ပါ
အေအးဓာတ္က ခႏၶာကိုယ္တစ္ခုလုံး လည္ပတ္မယ့္ ေသြးေတြ ပိုပုိ႔လႊတ္ျပီး ဦးေႏွာက္ဆီ ပိုမိုလ်င္ျမန္စြာ ေရာက္ရိွေစတဲ့ adrenaline အရည္ကို ထုတ္ေပးပါတယ္။ ေရေအးေသာက္ျခင္းရဲ႕ အက်ဳိးေက်းဇူးက အိပ္ေနစဥ္ နာရီေပါင္းမ်ားစြာ ေရဓာတ္ခန္းေျခာက္ျပီးေနာက္ ခ်ည့္နဲ႔ေနတဲ့ ဆဲလ္ေတြကို ့ျပန္လည္သက္ဝင္လႈပ္ရွားေစပါတယ္။

၄။ ရယ္စရာ YouTube ဗီြဒီယုိတစ္ခုခု ဖြင့္ၾကည့္ပါ
သင္ဟာ ေန႔စဥ္ အြန္လုိင္း အသုံးျပဳပါက ခ်က္ခ်င္း ေပ်ာ္ျမဴးေစႏုိင္တဲ့ ရယ္ရႊင္စရာYouTube ဗီြဒီယုိတခ်ဳိ႕ ေတြ႔မိမွာ ေသခ်ာပါတယ္။ ဒါက မနက္ေစာေစာစီးစီး ႏိုးၾကားတက္ၾကြေစမယ့္ နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။ ရယ္ေမာျခင္းက ခႏၶာကိုယ္အျပင္ စိတ္ကိုပါ ႏုိးၾကားေစတဲ့့ endorphin ထုတ္လုပ္ေပးပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ကဖိန်းဓာတ်လျှော့ချင်တယ် ဒါမှမဟုတ် အဆိုးဆုံးအနေနဲ့ ကော်ဖီကို ခေါင်းထဲရှင်းပစ် ပြီး အိမ်ကနေမထွက်ခင် လန်းလန်းဆန်းဆန်း ဖြစ်လိုရင် ကော်ဖီမပါဘဲ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတချို့ရှိပါတယ်။

၁။ အိမ်ပြင်ထွက်ပါ
ဝရန်တာကို ထွက် သို့မဟုတ် ပြတင်းပေါက်က တဆင့် ခေါင်းကို အပြင်ထုတ်ပါ။ အိမ်ထဲလေထုနဲ့ မတူတဲ့ လေထု ရှူရိုက်တဲ့ ဒီအခိုက်အတန့်လေးက စိတ်ဖိစီးမှု လျှော့နည်းစေပြီး နိုးကြားလန်းဆန်းစေပါတယ်။ မနက်ခင်း နေရောင်ခြည်ရှိပါက မျက်နှာပေါ် အလင်းရောင်ကျရောက်စေပါ။ လန်းဆန်းတက်ကြွစေပြီး စိတ်ခံစားချက် ချက်ချင်းတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။

၂။ ခြေချောင်းတွေ တို့ထိပေးပါ
မနက်အိပ်ယာထပြီးပြီးချင်း ခြေလက်တွေ ဆန့်တန်းပါ။ ခြေချောင်းတွေ လှမ်းဆွဲခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားတွေ ဆန့်ပြီး ညတုန်းက နှေးကွေးသွားတဲ့ သွေးလည်ပတ်မှုကို လျင်မြန်စေပါလိမ့်မယ်။ ဒီနည်းဖြင့် သွေးဖိအား ပိုကောင်းပြီး ဦးနှောက်မှ အောက်စီဂျင် ပိုမိုရစေပါလိမ့်မယ်။

၃။ ရေအေးတစ်ခွက်သောက်ပါ
အအေးဓာတ်က ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်မယ့် သွေးတွေ ပိုပို့လွှတ်ပြီး ဦးနှောက်ဆီ ပိုမိုလျင်မြန်စွာ ရောက်ရှိစေတဲ့ adrenaline အရည်ကို ထုတ်ပေးပါတယ်။ ရေအေးသောက်ခြင်းရဲ့ အကျိုးကျေးဇူးက အိပ်နေစဉ် နာရီပေါင်းများစွာ ရေဓာတ်ခန်းခြောက်ပြီးနောက် ချည့်နဲ့နေတဲ့ ဆဲလ်တွေကို့ပြန်လည်သက်ဝင်လှုပ်ရှားစေပါတယ်။

၄။ ရယ်စရာ YouTube ဗွီဒီယိုတစ်ခုခု ဖွင့်ကြည့်ပါ
သင်ဟာ နေ့စဉ် အွန်လိုင်း အသုံးပြုပါက ချက်ချင်း ပျော်မြူးစေနိုင်တဲ့ ရယ်ရွှင်စရာYouTube ဗွီဒီယိုတချို့ တွေ့မိမှာ သေချာပါတယ်။ ဒါက မနက်စောစောစီးစီး နိုးကြားတက်ကြွစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ရယ်မောခြင်းက ခန္ဓာကိုယ်အပြင် စိတ်ကိုပါ နိုးကြားစေတဲ့ endorphin ထုတ်လုပ်ပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top