iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ကျပန္လာတဲ့ညမွာ လည္ပတ္ေပ်ာ္ပါးျဖစ္ၾကတဲ့အခါ ကလပ္ ၊ ဘားတို႔ကိုသြားၿပီး က်ယ္ေလာင္တဲ့ အသံေတြၾကားလာမ်ိဳးပဲျဖစ္ေစ ၊ ဂီတေဖ်ာ္ေျဖပြဲေတြကို သြားခဲ့သည္ျဖစ္ေစ ၊ မူးမူးနဲ႔ အိပ္ယာ၀င္လိုက္မိလို႔ ဖြင့္ထားတဲ့ သီခ်င္းသံေတြကို မပိတ္လိုက္မိသည္ျဖစ္ေစ ၊ ေသခ်ာတာကေတာ့ သင္ဟာ ေနာက္ေန႔မနက္မွာ အလုပ္မသြားခင္လန္းဆန္းေနေစဖို႔ အိပ္ယာႏိုးႏိုးခ်င္းမွာ ေကာ္ဖီေသာက္ဖို႔ ႀကိဳးစားေတာ့တာပါပဲ။ အဲဒီလုပ္ရပ္ ဟာ သင့္ရဲ ႔ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

JAMA Otolaryngol ဆိုတဲ့ ဦးေခါင္းနဲ႔လည္ေခါင္းခြဲစိတ္ကုသေရးကြန္ရက္မွာ ပံုႏွိပ္ေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုအရ မနက္ခင္ေကာ္ဖီ မရွိရင္ မေနတတ္တဲ့ ဂီတခ်စ္သူေတြအတြက္ သတင္းဆိုးတစ္ခု ထြက္ေပၚလာခဲ့ပါတယ္။ McGill တကၠသိုလ္ကသုေတသီေတြအေနနဲ႔ က်ယ္ေလာင္တဲ့အသံမ်ား(တစ္နည္းအားျဖင့္ဂီတသံစဥ္)ကိုနားဆင္ၿပီးတဲ့ေနာက္မွာ ကဖိန္းဓါတ္မွီ၀ဲလိုက္ျခင္းဟာ အၾကားအာရံုဆိုင္ရာအလိုေလ်ာက္ျပန္လည္ေကာင္းမြန္ေစျခင္း(Auditory Healing) ဆိုတဲ့ ျဖစ္စဥ္တစ္ခုကို တားျမစ္လိုက္တယ္ ဆိုတာကိုရွာေဖြေတြ႔ရွိခဲ့ၾကပါတယ္။

ထိုသုေတသနမွာေတာ့ သုေတသီေတြဟာ ၾကြက္ငယ္ေလးေတြကို က်ယ္ေလာက္တဲ့အသံေတြၾကားေစတဲ့ အဖြဲ႔တစ္ဖြဲ႔ ၊ ကဖိန္းဓါတ္မွီ၀ဲေစတဲ့အဖြဲ႔တစ္ဖဲြ႔နဲ႔ ထို၂ခုလံုးကိုလုပ္ေဆာင္ေစတဲ့အဖြဲ႔တစ္ဖြဲ႔ စသျဖင့္ အဖြဲ႔၃ဖြဲ႔ခြဲၿပီး စမ္းသပ္ခဲ့ၾကပါတယ္။ ၁၅ရက္တာ စမ္းသပ္မႈအတြင္း ၾကြက္ငယ္ေတြကို ကဖိန္းေန႔စဥ္ မွီ၀ဲေစၿပီး စမ္းသပ္ကာလရဲ ႔ ပထမဆံုး ရက္နဲ႔ အဌမေျမာက္ေန႔ေတြမွာ တစ္ေန႔ကိုတစ္နာရီၾကာ က်ယ္ေလာင္တဲ့ သံစဥ္ေတြ နားေထာင္ေစခဲ့ပါတယ္။ အဲဒီေနာက္ သုေတသီေတြ သိရွိခဲ့တာက ကဖိန္းဓါတ္မွီ၀ဲၿပီး သီခ်င္းနားေထာင္ဖို႔ ေစခိုင္းခံခဲ့ရတဲ့ ၾကြက္ငယ္ေတြဟာ အျခား အဖြဲ႔ ၂ ဖြဲ႔ထက္ အၾကားအာရံုဆိုင္ရာအလိုေလ်ာက္ျပန္လည္ေကာင္းမြန္ေစျခင္း(Auditory Healing) ဆိုတဲ့ ျဖစ္စဥ္ ျဖစ္ေပၚလာတာ ပိုမိုေႏွးေကြးခဲ့တယ္ဆိုတာပါပဲ။

ဒါတင္မကေသးပဲ ထပ္မံေတြ႔ရွိခ့ဲတာက အဲဒီ ကဖိန္းဓါတ္မွီ၀ဲၿပီး သီခ်င္းနားေထာင္ဖို႔ ေစခိုင္းခံခဲ့ရတဲ့ ၾကြက္ငယ္ေတြဟာ ၁၅ ရက္ စမ္းသပ္ကာလ ျပည့္တဲ့အခါမွာ အၾကားအာရံုခ်ိဳ႕တဲ့သြားမႈ အခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ ဒါေၾကာင့္ က်ယ္ေလာင္စြာ ဖြင့္ထားတဲ့ သီခ်င္းသံစဥ္ေတြကို နားေထာင္ၿပီးတဲ့အခါမွာ ေကာ္ဖီေသာက္သင့္ရဲ ႔ လားဆိုတာကို စဥ္းစားဖို႔လိုလာပါၿပီ။

Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အလုပ်ကပြန်လာတဲ့ညမှာ လည်ပတ်ပျော်ပါးဖြစ်ကြတဲ့အခါ ကလပ် ၊ ဘားတို့ကိုသွားပြီး ကျယ်လောင်တဲ့ အသံတွေကြားလာမျိုးပဲဖြစ်စေ ၊ ဂီတဖျော်ဖြေပွဲတွေကို သွားခဲ့သည်ဖြစ်စေ ၊ မူးမူးနဲ့ အိပ်ယာဝင်လိုက်မိလို့ ဖွင့်ထားတဲ့ သီချင်းသံတွေကို မပိတ်လိုက်မိသည်ဖြစ်စေ ၊ သေချာတာကတော့ သင်ဟာ နောက်နေ့မနက်မှာ အလုပ်မသွားခင်လန်းဆန်းနေစေဖို့ အိပ်ယာနိုးနိုးချင်းမှာ ကော်ဖီသောက်ဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီလုပ်ရပ် ဟာ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

JAMA Otolaryngol ဆိုတဲ့ ဦးခေါင်းနဲ့လည်ခေါင်းခွဲစိတ်ကုသရေးကွန်ရက်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ မနက်ခင်ကော်ဖီ မရှိရင် မနေတတ်တဲ့ ဂီတချစ်သူတွေအတွက် သတင်းဆိုးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ McGill တက္ကသိုလ်ကသုတေသီတွေအနေနဲ့ ကျယ်လောင်တဲ့အသံများ(တစ်နည်းအားဖြင့်ဂီတသံစဉ်)ကိုနားဆင်ပြီးတဲ့နောက်မှာ ကဖိန်းဓါတ်မှီဝဲလိုက်ခြင်းဟာ အကြားအာရုံဆိုင်ရာအလိုလျောက်ပြန်လည်ကောင်းမွန်စေခြင်း(Auditory Healing) ဆိုတဲ့ ဖြစ်စဉ်တစ်ခုကို တားမြစ်လိုက်တယ် ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ထိုသုတေသနမှာတော့ သုတေသီတွေဟာ ကြွက်ငယ်လေးတွေကို ကျယ်လောက်တဲ့အသံတွေကြားစေတဲ့ အဖွဲ့တစ်ဖွဲ့ ၊ ကဖိန်းဓါတ်မှီဝဲစေတဲ့အဖွဲ့တစ်ဖွဲ့နဲ့ ထို၂ခုလုံးကိုလုပ်ဆောင်စေတဲ့အဖွဲ့တစ်ဖွဲ့ စသဖြင့် အဖွဲ့၃ဖွဲ့ခွဲပြီး စမ်းသပ်ခဲ့ကြပါတယ်။ ၁၅ရက်တာ စမ်းသပ်မှုအတွင်း ကြွက်ငယ်တွေကို ကဖိန်းနေ့စဉ် မှီဝဲစေပြီး စမ်းသပ်ကာလရဲ့ ပထမဆုံး ရက်နဲ့ အဌမမြောက်နေ့တွေမှာ တစ်နေ့ကိုတစ်နာရီကြာ ကျယ်လောင်တဲ့ သံစဉ်တွေ နားထောင်စေခဲ့ပါတယ်။ အဲဒီနောက် သုတေသီတွေ သိရှိခဲ့တာက ကဖိန်းဓါတ်မှီဝဲပြီး သီချင်းနားထောင်ဖို့ စေခိုင်းခံခဲ့ရတဲ့ ကြွက်ငယ်တွေဟာ အခြား အဖွဲ့ ၂ ဖွဲ့ထက် အကြားအာရုံဆိုင်ရာအလိုလျောက်ပြန်လည်ကောင်းမွန်စေခြင်း(Auditory Healing) ဆိုတဲ့ ဖြစ်စဉ် ဖြစ်ပေါ်လာတာ ပိုမိုနှေးကွေးခဲ့တယ်ဆိုတာပါပဲ။

ဒါတင်မကသေးပဲ ထပ်မံတွေ့ရှိခဲ့တာက အဲဒီ ကဖိန်းဓါတ်မှီဝဲပြီး သီချင်းနားထောင်ဖို့ စေခိုင်းခံခဲ့ရတဲ့ ကြွက်ငယ်တွေဟာ ၁၅ ရက် စမ်းသပ်ကာလ ပြည့်တဲ့အခါမှာ အကြားအာရုံချို့တဲ့သွားမှု အချို့လည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကျယ်လောင်စွာ ဖွင့်ထားတဲ့ သီချင်းသံစဉ်တွေကို နားထောင်ပြီးတဲ့အခါမှာ ကော်ဖီသောက်သင့်ရဲ့ လားဆိုတာကို စဉ်းစားဖို့လိုလာပါပြီ။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top