iMyanmarHouse.com - Best Property Website for Myanmar
×

ေရွာက္သီးကို အလွအပႏွင့္ သဘာဝ အိမ္သံုးပစၥည္းမ်ားအျဖစ္ အသံုးျပဳႏုိင္တာကို သင္သိပါသလား။ ေရွာက္သီး ဟာ သင့္အတြက္ အသုံးဝင္ေစတယ္ ဆိုတာကို သိေစႏိုင္မယ့္ အခ်က္တခ်ဳိ႕ကို ေဖာ္ျပေပးထားပါတယ္။

(၁) ဆံသားေတာက္ေျပာင္ေစျခင္း

ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ဆံသားအႏွံ႔ကို ေရွာက္ရည္တစ္ဆနဲ႔ ေရတစ္ဆေရာထားတဲ့ အရည္ကို လိမ္းပါ။ မိနစ္ အနည္းငယ္ ထားၿပီးေနာက္ ေရနဲ႔ သန္႔စင္ေပးပါက ဆံသားေတြ ေတာက္ေျပာင္လွပေစပါတယ္။

(၂) မ်က္ႏွာလိမ္း တိုနာအျဖစ္ အသံုးျပဳႏုိင္ျခင္း

ေရွာက္ရည္က ေခၽြးေပါက္ေတြကို က်ဳံ႕ေစတဲ့ အာနိသင္ရွိပါတယ္။ ေရွာက္ရည္ အနည္းငယ္ကို ဂြမ္းစအနည္းငယ္နဲ႔ တုိ႔ယူၿပီး တိုနာအျဖစ္ သင့္မ်က္ႏွာေပၚမွာ လိမ္းေပးပါက မ်က္ႏွာအဆီျပန္တာကို သက္သာေစပါတယ္။

(၃) လက္သည္းျဖဴေစျခင္း

လက္သည္းအေရာင္က ဝါၾကန္႔ၾကန္႔ျဖစ္လုိ႔ အေရာင္မလွ ျဖစ္ေနရင္ ေရွာက္ရည္ကို အသံုးျပဳႏုိင္ပါတယ္။ ေရွာက္သီးကို အရည္ညႇစ္ၿပီး ပန္းကန္တစ္ခုထဲ ထည့္ပါ။ အဲဒီပန္းကန္ထဲကို လက္ေခ်ာင္းေလးေတြ ထည့္စိမ္ထားၿပီး မိနစ္အနည္းငယ္ ၾကာတဲ့အခါ လက္မွာ စြန္းထင္းေနတာေတြ ေပ်ာက္ၿပီး လက္သည္းေတြ ျဖဴေဖြးလာပါလိမ့္မယ္။

(၄) ေခၽြးနံ႔ေပ်ာက္ေစျခင္း

ေရွာက္ရည္ထဲမွာပါဝင္တဲ့ စစ္ထရစ္ အက္စစ္က အနံ႔အသက္ဆုိးျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ဖယ္ရွားႏုိင္တဲ့ အာနိသင္ ရွိတာေၾကာင့္ ခ်ဳိင္းေခၽြးနံ႔ ေပ်ာက္လုိပါက ခ်ိဳင္းေအာက္မွာ သုတ္လိမ္းေပးႏုိင္ပါတယ္။

(၅) တင္းတိပ္မ်ားကို ဖယ္ရွားေပးျခင္း

ေရွာက္ရည္က တင္းတိပ္နဲ႔ သက္ႀကီး အစက္အေျပာက္ေတြကို ဖယ္ရွားေပးတယ္လို႔ ယံုၾကည္မႈ အစြဲအလမ္းေတြ ရွိတတ္ၾကပါတယ္။ ေရွာက္ရည္ကို ဂြမ္းစနဲ႔တုိ႔ၿပီး အစက္အေျပာက္ရွိတဲ့ ေနရာကို တစ္ေန႔တစ္ႀကိမ္ လိမ္းေပးပါ။

(၆) အစြန္းအထင္းေတြကို ဖယ္ရွားေပးျခင္း

အဝတ္အစားေတြမွာ အစြန္းအထင္းေတြ ရွိခဲ့ရင္ ေရွာက္ရည္နဲ႔ အစြန္း ခၽြတ္ေပးႏုိင္ပါတယ္။ မပ်က္ဘဲ စြဲထင္ေနမယ္ဆုိရင္ေတာ့ ေရွာက္ရည္ကို ဆားနဲ႔ေရာၿပီး အစြန္း ခၽြတ္ေပးႏုိင္ပါတယ္။ အဝတ္စက ႏူးညံ့လြန္းတဲ့အစ ျဖစ္ေနရင္ေတာ့ ေရွာက္ရည္တစ္မ်ိဳးတည္းကိုသာ အစြန္းခၽြတ္ေဆးအျဖစ္ အသံုးျပဳပါ။

(၇) ေဗာက္ေပ်ာက္ေစျခင္း

ေရွာက္ရည္ကို ေဗာက္မထေအာင္ ကာကြယ္တဲ့ အေနနဲ႔ေတာ့ အသံုးျပဳလုိ႔ မရပါဘူး။ ေဗာက္ထေနခဲ့ရင္ေတာ့ ဦးေရျပားေပၚက ေဗာက္ေတြကို ဖယ္ရွားဖုိ႔ အသံုးျပဳႏုိင္ပါတယ္။ ေရွာက္ရည္ကို ဆံသားအႏွံ႔လိမ္းၿပီး ညင္သာစြာ ႏွိပ္နယ္ပါ။ ၁၀ မိနစ္ေလာက္ ထားၿပီးမွ ေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ပါ။

(၈) ေၾကးခၽြတ္ေဆးအျဖစ္ အသုံးျပဳႏိုင္ျခင္း

ေရွာက္ရည္၊ ဆားနဲ႔ သံလြင္ဆီတုိ႔ကို ဆတူေရာၿပီး သဘာဝ ေၾကးခၽြတ္ေဆးအျဖစ္ အသံုးျပဳႏုိင္ပါတယ္။

Credit: သစ္ထူးလြင္

#Unicode

ရှောက်သီးကို အလှအပနှင့် သဘာဝ အိမ်သုံးပစ္စည်းများအဖြစ် အသုံးပြုနိုင်တာကို သင်သိပါသလား။ ရှောက်သီး ဟာ သင့်အတွက် အသုံးဝင်စေတယ် ဆိုတာကို သိစေနိုင်မယ့် အချက်တချို့ကို ဖော်ပြပေးထားပါတယ်။

(၁) ဆံသားတောက်ပြောင်စေခြင်း

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။

(၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်ခြင်း

ရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။

(၃) လက်သည်းဖြူစေခြင်း

လက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။ အဲဒီပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။

(၄) ချွေးနံ့ပျောက်စေခြင်း

ရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။

(၅) တင်းတိပ်များကို ဖယ်ရှားပေးခြင်း

ရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီး အစက်အပြောက်တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်မှု အစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့တို့ပြီး အစက်အပြောက်ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။

(၆) အစွန်းအထင်းတွေကို ဖယ်ရှားပေးခြင်း

အဝတ်အစားတွေမှာ အစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့ အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ်ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီး အစွန်း ချွတ်ပေးနိုင်ပါတယ်။ အဝတ်စက နူးညံ့လွန်းတဲ့အစ ဖြစ်နေရင်တော့ ရှောက်ရည်တစ်မျိုးတည်းကိုသာ အစွန်းချွတ်ဆေးအဖြစ် အသုံးပြုပါ။

(၇) ဗောက်ပျောက်စေခြင်း

ရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့ အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။ ဗောက်ထနေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

(၈) ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

Credit: သစ်ထူးလွင်

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top