iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔အားလုံးဟာ တစ္ကိုယ္တည္းသမားဘဝကို ျဖတ္သန္းဖူးၾကပါတယ္။ တစ္ကိုယ္တည္း သမားဘဝ အခ်ိန္တိုတာနဲ႔ ရွည္တာ ကြာျခားႏုိင္သလို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ျဖတ္သန္းတာနဲ႔ အထီးက်န္ခံစားျပီး ျဖတ္သန္းတာသာ ကြာျခားပါလိမ့္မယ္။ ရုပ္လည္းေခ်ာတယ္၊ စာလည္းတတ္တယ္၊ ေပ်ာ္ေပ်ာ္လည္းေနတတ္ရဲ႕သားနဲ႔ ခ်စ္သူတစ္ေယာက္မွ အနားမွာ မရွိပါဆိုတဲ့ သူေတြ အမ်ားၾကီးရွိေနပါတယ္။ သူတုိ႔မွာ ဘာေၾကာင့္ ရည္းစားမရွိရသလဲဆုိတဲ့ အေၾကာင္းရင္းကုိ ေျပာျပခ်င္ပါတယ္။

မလိုခ်င္လို႔ပါ
တစ္ေယာက္တညး္ေနရတဲ့ ဘဝက လြမ္းလိုက္ေဆြးလိုက္ ရန္ျဖစ္လုိက္လုပ္ေနၾကတဲ့ စုံတြဲေတြရဲ႕ ဘဝထက္ ပိုေကာင္းတယ္လို႔ ခံယူထားလို႔ပါ။ ခ်စ္သူရည္းစားေၾကာင့္ အူလႈိက္သည္းလႈိက္ ၾကည္ႏူးရႊင္ပ်မႈ မရွိႏုိ္င္ေပမဲ့ ဒီလုိိအခ်စ္ေရးေၾကာင့္ စိတ္ညစ္စိတ္ရႈပ္ရျခင္းေတြလည္း မေတြ႔ႏုိင္ရေတာ့ဘူးလုိ႔ ေအးေအးခ်မ္းခ်မ္းေနရတဲ့ ဘဝကို မက္ေမာေနလို႔ျဖစ္ပါတယ္။

မိသားစုကို ဦးစားေပးစဥ္းစားေနမိတဲ့ သူတစ္ေယာက္ျဖစ္လုိ႔ပါ
 တစ္ခါတစ္ေလမွာ အခ်စ္ေရးအတြက္ အခ်ိန္ခြဲမေပးႏုိင္ေလာက္ေအာင္ မိသားစုအေရးေတြကို ဦးစားေပး စဥ္းစားေပးတတ္တဲ့ လူတစ္ေယာက္က တစ္ကိုယ္တည္းသမားတစ္ေယာက္ ျဖစ္တာမ်ားပါတယ္။ မိဘ၊ ေမာင္ႏွမေတြအတြက္ စဥ္းစားေပးရင္း အိမ္ကေနခြဲမထြက္ႏုိင္ေအာင္ ပူပင္တတ္တဲ့သူေတြ ျဖစ္ေနတတ္လို႔ပါ။

အခ်စ္ေရးကို ေၾကာက္ေနတတ္လုိ႔
ကိုယ္ေတြ႔ဖူးတဲ့ ကိုယ့္မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔ ပတ္ဝန္းက်င္က အခ်စ္ေရးအဆင္မေျပသူေတြရဲ႕ ဒုကၡေတြ၊ ကိုယ္အရင္က ၾကဳံခဲ့ဖူးတဲ့ အခ်စ္ေဟာင္းေတြေၾကာင့္ အခ်စ္ေရးကို ထပ္ျပီး မခံစားခ်င္ေတာ့ေအာင္ ေၾကာက္ေနတတ္လို႔လည္း ျဖစ္ႏုိင္ပါတယ္။

သင့္ေတာ္မယ့္ သူကို ေစာင့္ေနတာပါ
 အခ်ိန္တန္ရင္ ဖူးစာရွင္ အမွန္ေရာက္လာမွာပါ၊ ကို္ယ့္နဲ႔ သင့္ေတာ္မယ့္ သူကို ေတြ႔တဲ့အခါမွပဲ အခ်စ္ေရးကို စဥ္းစားမယ္ဆိုျပီး ကံၾကမၼာကို ပုံအပ္ထားတာေၾကာင့္လည္း တစ္ကိုယ္တည္းသမားအျဖစ္ ေပ်ာ္ေပ်ာ္ၾကီးျဖတ္သန္းေနတာလည္း ျဖစ္ႏုိင္ပါတယ္။

Credit : Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ကျွန်မတို့အားလုံးဟာ တစ်ကိုယ်တည်းသမားဘဝကို ဖြတ်သန်းဖူးကြပါတယ်။ တစ်ကိုယ်တည်း သမားဘဝ အချိန်တိုတာနဲ့ ရှည်တာ ကွာခြားနိုင်သလို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတာနဲ့ အထီးကျန်ခံစားပြီး ဖြတ်သန်းတာသာ ကွာခြားပါလိမ့်မယ်။ ရုပ်လည်းချောတယ်၊ စာလည်းတတ်တယ်၊ ပျော်ပျော်လည်းနေတတ်ရဲ့သားနဲ့ ချစ်သူတစ်ယောက်မှ အနားမှာ မရှိပါဆိုတဲ့ သူတွေ အများကြီးရှိနေပါတယ်။ သူတို့မှာ ဘာကြောင့် ရည်းစားမရှိရသလဲဆိုတဲ့ အကြောင်းရင်းကို ပြောပြချင်ပါတယ်။

မလိုချင်လို့ပါ
တစ်ယောက်တည်းနေရတဲ့ ဘဝက လွမ်းလိုက်ဆွေးလိုက် ရန်ဖြစ်လိုက်လုပ်နေကြတဲ့ စုံတွဲတွေရဲ့ ဘဝထက် ပိုကောင်းတယ်လို့ ခံယူထားလို့ပါ။ ချစ်သူရည်းစားကြောင့် အူလှိုက်သည်းလှိုက် ကြည်နူးရွှင်ပျမှု မရှိနိုင်ပေမဲ့ ဒီလိိုအချစ်ရေးကြောင့် စိတ်ညစ်စိတ်ရှုပ်ရခြင်းတွေလည်း မတွေ့နိုင်ရတော့ဘူးလို့ အေးအေးချမ်းချမ်းနေရတဲ့ ဘဝကို မက်မောနေလို့ဖြစ်ပါတယ်။

မိသားစုကို ဦးစားပေးစဉ်းစားနေမိတဲ့ သူတစ်ယောက်ဖြစ်လို့ပါ
 တစ်ခါတစ်လေမှာ အချစ်ရေးအတွက် အချိန်ခွဲမပေးနိုင်လောက်အောင် မိသားစုအရေးတွေကို ဦးစားပေး စဉ်းစားပေးတတ်တဲ့ လူတစ်ယောက်က တစ်ကိုယ်တည်းသမားတစ်ယောက် ဖြစ်တာများပါတယ်။ မိဘ၊ မောင်နှမတွေအတွက် စဉ်းစားပေးရင်း အိမ်ကနေခွဲမထွက်နိုင်အောင် ပူပင်တတ်တဲ့သူတွေ ဖြစ်နေတတ်လို့ပါ။

အချစ်ရေးကို ကြောက်နေတတ်လို့
ကိုယ်တွေ့ဖူးတဲ့ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပတ်ဝန်းကျင်က အချစ်ရေးအဆင်မပြေသူတွေရဲ့ ဒုက္ခတွေ၊ ကိုယ်အရင်က ကြုံခဲ့ဖူးတဲ့ အချစ်ဟောင်းတွေကြောင့် အချစ်ရေးကို ထပ်ပြီး မခံစားချင်တော့အောင် ကြောက်နေတတ်လို့လည်း ဖြစ်နိုင်ပါတယ်။

သင့်တော်မယ့် သူကို စောင့်နေတာပါ
 အချိန်တန်ရင် ဖူးစာရှင် အမှန်ရောက်လာမှာပါ၊ ကိုယ့်နဲ့ သင့်တော်မယ့် သူကို တွေ့တဲ့အခါမှပဲ အချစ်ရေးကို စဉ်းစားမယ်ဆိုပြီး ကံကြမ္မာကို ပုံအပ်ထားတာကြောင့်လည်း တစ်ကိုယ်တည်းသမားအဖြစ် ပျော်ပျော်ကြီးဖြတ်သန်းနေတာလည်း ဖြစ်နိုင်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top