iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္ ႀကိဳးႀကိဳးစားစား ကာယေလ့က်င့္ခန္းေတြ အျပင္းအထန္လုပ္ရံုနဲ႔ အဆီပိုေတြကို ေလာင္ကြ်မ္းေစႏိုင္တာမဟုတ္သလို တစ္ခါတစ္ရံမွာေတာ့ ေမာပမ္းႏြမ္းလ်တာေတြသာ အဖတ္တင္တာပါတယ္။

တကယ္ေတာ့ ဘယ္အခ်ိန္ ဘယ္ေနရာမွာမဆို လြယ္ကူရိုးရွင္းစြာနဲ႔ လုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္းေတြလည္း ရွိပါတယ္။ ဘာပစၥည္းကိရိယာမွ မလိုဘဲ ပံုမွန္ထက္ ကယ္လိုရီေတြကို ပိုမိုေလာင္ကြ်မ္းေစႏိုင္မွာ ျဖစ္ပါတယ္။

ခႏၶာကိုယ္ကို လႈပ္ရွားေပးပါ

လႈပ္ရွားမႈက အဓိကအက်ဆံုးပါပဲ။ ေန႔စဥ္ လႈပ္လႈပ္ရွားရွားနဲ႔ သြားလာလုပ္ကိုင္ျခင္းအားျဖင့္ ေက်ာရိုး၊ အရိုးအဆစ္ေတြနဲ႔ ၾကြက္သားေတြ ေတာင့္တင္းတာေတြကို သက္သာေစၿပီး ကယ္လိုရီေတြကို တစ္ေန႔လံုးစာ ပိုမိုေလာင္ကြ်မ္းေစမွာ ျဖစ္ပါတယ္။

အိမ္သာ၀င္ဖို႔ ေန႔လည္စာစားဖို႔ စတဲ့အခ်ိန္ေတြမွာ ကိုယ္လက္လႈပ္ရွားရံုသာမက ဖုန္းမွာ သတိေပးခ်က္ လုပ္ထားၿပိး လႈပ္ရွားသြားလာဖို႔ သတိရေအာင္ လုပ္ေဆာင္ထားႏိုင္ပါတယ္။

မၾကာခဏ ေရဓါတ္ျဖည္႔တင္းပါ

ေရဓါတ္ျဖည္႔တင္းျခင္းျဖင့္ ဇီ၀ရုပ္ျဖစ္ပ်က္မႈ လုပ္ငန္းစဥ္ေတြကို မွန္ကန္ေကာင္းမြန္ေစပါတယ္။ က်န္းမာသန္စြမ္းတဲ့ ဇီ၀ရုပ္ျဖစ္ပ်က္မႈမွာ ကယ္လိုရီေတြကို ေလာင္ကြ်မ္းၿပီး ကိုယ္အေလးခ်ိန္ မွန္ကန္ေအာင္ထားႏိုင္ျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕အလုပ္စားပြဲမွာ ေရဗူးထားရွိၿပီး ေရမ်ားမ်ားေသာက္ေပးဖို႔ လိုအပ္ပါတယ္။

လက္လႊဲ လမ္းေလွ်ာက္ပါ

လမ္းေလွ်ာက္တဲ့အခါမွာလည္း လူေတြဟာ လက္ေတြကို ေဘးကပ္ခ်ထားတတ္တာေၾကာင့္ လက္လႊဲလႈပ္ရွားၿပီး လမ္းေလွ်ာက္သင့္ပါတယ္။ လမ္းေလွ်ာက္ရင္း လက္လႊဲလႈပ္ရွားတာဟာ ၾကြက္သားေတြကို အသံုးျပဳတာေၾကာင့္ ကယ္လိုရီအနည္းငယ္ကို ပိုၿပီးေလာင္ကြ်မ္းေစႏိုင္ပါတယ္။

Credit:Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...





#Unicode

နေ့စဉ် ကြိုးကြိုးစားစား ကာယလေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ရုံနဲ့ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တာမဟုတ်သလို တစ်ခါတစ်ရံမှာတော့ မောပမ်းနွမ်းလျတာတွေသာ အဖတ်တင်တာပါတယ်။

တကယ်တော့ ဘယ်အချိန် ဘယ်နေရာမှာမဆို လွယ်ကူရိုးရှင်းစွာနဲ့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဘာပစ္စည်းကိရိယာမှ မလိုဘဲ ပုံမှန်ထက် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ

လှုပ်ရှားမှုက အဓိကအကျဆုံးပါပဲ။ နေ့စဉ် လှုပ်လှုပ်ရှားရှားနဲ့ သွားလာလုပ်ကိုင်ခြင်းအားဖြင့် ကျောရိုး၊ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ တောင့်တင်းတာတွေကို သက်သာစေပြီး ကယ်လိုရီတွေကို တစ်နေ့လုံးစာ ပိုမိုလောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

အိမ်သာဝင်ဖို့ နေ့လည်စာစားဖို့ စတဲ့အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားရုံသာမက ဖုန်းမှာ သတိပေးချက် လုပ်ထားပြိး လှုပ်ရှားသွားလာဖို့ သတိရအောင် လုပ်ဆောင်ထားနိုင်ပါတယ်။

မကြာခဏ ရေဓါတ်ဖြည့်တင်းပါ

ရေဓါတ်ဖြည့်တင်းခြင်းဖြင့် ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ငန်းစဉ်တွေကို မှန်ကန်ကောင်းမွန်စေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုမှာ ကယ်လိုရီတွေကို လောင်ကျွမ်းပြီး ကိုယ်အလေးချိန် မှန်ကန်အောင်ထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အလုပ်စားပွဲမှာ ရေဗူးထားရှိပြီး ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

လက်လွှဲ လမ်းလျှောက်ပါ

လမ်းလျှောက်တဲ့အခါမှာလည်း လူတွေဟာ လက်တွေကို ဘေးကပ်ချထားတတ်တာကြောင့် လက်လွှဲလှုပ်ရှားပြီး လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်ရင်း လက်လွှဲလှုပ်ရှားတာဟာ ကြွက်သားတွေကို အသုံးပြုတာကြောင့် ကယ်လိုရီအနည်းငယ်ကို ပိုပြီးလောင်ကျွမ်းစေနိုင်ပါတယ်။

Credit:Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top