iMyanmarHouse.com - Best Property Website for Myanmar
×

ေစ့စပ္လက္စြပ္ ဝတ္ဆင္တဲ့ ဓေလ့က ဟုိးႏွစ္ေပါင္းမ်ားစြာကတည္းကရွိခဲ့ျပီး ခ်စ္သူႏွစ္ဦး လက္ထပ္ဖို႔ ကတိထားတဲ့ သေကၤတအျဖစ္ သတ္မွတ္ဝတ္ဆင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ၁၈၀၀ ခုႏွစ္ေလာက္က အေမရိကန္အမ်ဳိးသားေတြက အမ်ဳိးသမီးေတြကို ခ်စ္သေကၤတအျဖစ္ ခ်ဳပ္လုပ္္ရာမွာ သုံးတဲ့ အပ္ေထာက္ေတြ ေပးေလ့ရွိပါတယ္။ မဂၤလာပြဲျပီးေနာက္မွာ အပ္ေထာက္ရဲ႕ ထိပ္ဖ်ားကို ျဖတ္ျပီး လက္စြပ္ျပဳလုပ္ ဝတ္ဆင္ၾကပါတယ္။ အဂၤလိပ္ထုံးစံတစ္ခုကေတာ့ ေစ့စပ္ေၾကာင္းလမ္းမႈကို တရားဝင္ ျဖစ္ေအာင္ လုပ္ဖုိ႔အတြက္ လက္ထပ္မယ့္ စုံတြဲက ေရႊစတစ္ခုကို ႏွစ္ပိုင္းပိုင္းျပီး တစ္ေယာက္တစ္ပိုင္းစီ ယူထား ၾကျပီးေနာက္ ဝိုင္တစ္ခြက္ေသာက္ၾကရပါတယ္။

ေစ့စပ္လက္စြပ္ရဲ႕ သမိုင္းကုိ ျပန္ေကာက္ၾကည့္မယ္ဆုိရင္ ၁၃ ရာစုေလာက္က ပုပ္ရဟန္းမင္းၾကီး Innocent III က ေစ့စပ္တဲ့အခ်ိန္နဲ႔ လက္ထပ္မယ့္အခ်ိန္ၾကားမွာ အခ်ိန္တစ္ခုျခားရမယ္လုိ႔ အမိန္႔ထုတ္ခဲ့ရာက စခဲ့ပါတယ္။ ဒီကာလအတြင္းမွာ စုံတြဲေတြက သံနဲ႔လုပ္ထားတဲ့ လက္စြပ္ေလးေတြကို ဝတ္ဆင္ထားၾကျပီး ေနာက္ပိုင္းမွာ ေရႊကို ေျပာင္းလဲအသုံးျပဳခဲ့ၾကပါတယ္။ လက္ထပ္လက္စြပ္ကို ဘယ္ဘက္လက္သူၾကြယ္မွာ ဝတ္ဆင္တဲ့ ဓေလ့ကေတာ့ vena amoris လို႔ေခၚတဲ့ ထူးျခားတဲ့ေသြးျပန္ေၾကာတစ္ေခ်ာင္းက လက္သူၾကြယ္ကေန ႏွလုံးဆီကို တုိက္ရုိက္စီးဆင္းေနတယ္လို႔ ယူဆတဲဲ့ ဂရိနဲ႔ ေရာမယုံၾကည္မႈတစ္ခုကေန ဆင္းသက္လာတာ ျဖစ္ပါတယ္။

ေစ့စပ္လက္စြပ္မွာ စိန္ကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာၾကတာကေတာ့ ၁၉၃၀ ေနာက္ပိုင္းမွ အသုံးျပဳလာၾကတာျဖစ္ပါတယ္။ စိန္က ရွားပါးအဖိုးတန္မႈကို ကိုယ္စားျပဳသလို ၁၉ ရာစုေနာက္ပိုင္းမွာ စိန္တြင္း အေျမာက္အျမားကို အာဖရိကမွာ ေတြ႔ရွိခဲ့ျပီးေနာက္ပိုင္း စိန္တုိက္ေတြရဲ႕ ဆြဲေဆာင္မႈရွိလွတဲ့ ေၾကာ္ျငာအားေတြ၊ စိန္က ထာဝရ အဖိုးမျဖတ္ႏုိင္တဲ့ အရာျဖစ္ေနမွာပါဆိုတဲ့ နာမည္ၾကီး ေၾကာ္ျငာေဆာင္ပုဒ္ေတြနဲ႔ လူေတြက စိ္န္ကို ေဆြစဥ္မ်ဳိးဆက္ ထိန္းသိမ္းထားႏုိင္တဲ့ အဖိုးတန္အေမြပစၥည္းအျဖစ္ သတ္မွတ္ယူဆေစတာေၾကာင့္ စိန္လက္စြပ္ကို ေစ့စပ္လက္စြပ္အျဖစ္ ဝတ္ဆင္လာၾကတာျဖစ္ပါတယ္။

ဒါေပမဲ့ စဥ္းစားၾကည့္မိတာတစ္ခုကေတာ့ ကုိယ္ေတြရဲ႕ ဘုိးဘြားေတြက ေၾကာ္ျငာေတြရဲ႕ ဖမ္းစားမႈကိုသာ မခံရရင္ ဒီေန႔ေခတ္ ေစ့စပ္တဲ့အခါမွာ စိန္လက္စြပ္အစား အပ္ေထာက္ေလးေတြပဲ ဝတ္ဆင္ေနၾကရမလားဆိုတာ မသိႏုိင္ပါဘူး။

Credit : Trend Myannar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

စေ့စပ်လက်စွပ် ဝတ်ဆင်တဲ့ ဓလေ့က ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့ပြီး ချစ်သူနှစ်ဦး လက်ထပ်ဖို့ ကတိထားတဲ့ သငေ်္ကတအဖြစ် သတ်မှတ်ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၈၀၀ ခုနှစ်လောက်က အမေရိကန်အမျိုးသားတွေက အမျိုးသမီးတွေကို ချစ်သငေ်္ကတအဖြစ် ချုပ်လုပ်ရာမှာ သုံးတဲ့ အပ်ထောက်တွေ ပေးလေ့ရှိပါတယ်။ မင်္ဂလာပွဲပြီးနောက်မှာ အပ်ထောက်ရဲ့ ထိပ်ဖျားကို ဖြတ်ပြီး လက်စွပ်ပြုလုပ် ဝတ်ဆင်ကြပါတယ်။ အင်္ဂလိပ်ထုံးစံတစ်ခုကတော့ စေ့စပ်ကြောင်းလမ်းမှုကို တရားဝင် ဖြစ်အောင် လုပ်ဖို့အတွက် လက်ထပ်မယ့် စုံတွဲက ရွှေစတစ်ခုကို နှစ်ပိုင်းပိုင်းပြီး တစ်ယောက်တစ်ပိုင်းစီ ယူထား ကြပြီးနောက် ဝိုင်တစ်ခွက်သောက်ကြရပါတယ်။

စေ့စပ်လက်စွပ်ရဲ့ သမိုင်းကို ပြန်ကောက်ကြည့်မယ်ဆိုရင် ၁၃ ရာစုလောက်က ပုပ်ရဟန်းမင်းကြီး Innocent III က စေ့စပ်တဲ့အချိန်နဲ့ လက်ထပ်မယ့်အချိန်ကြားမှာ အချိန်တစ်ခုခြားရမယ်လို့ အမိန့်ထုတ်ခဲ့ရာက စခဲ့ပါတယ်။ ဒီကာလအတွင်းမှာ စုံတွဲတွေက သံနဲ့လုပ်ထားတဲ့ လက်စွပ်လေးတွေကို ဝတ်ဆင်ထားကြပြီး နောက်ပိုင်းမှာ ရွှေကို ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်တဲ့ ဓလေ့ကတော့ vena amoris လို့ခေါ်တဲ့ ထူးခြားတဲ့သွေးပြန်ကြောတစ်ချောင်းက လက်သူကြွယ်ကနေ နှလုံးဆီကို တိုက်ရိုက်စီးဆင်းနေတယ်လို့ ယူဆတဲ့ ဂရိနဲ့ ရောမယုံကြည်မှုတစ်ခုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

စေ့စပ်လက်စွပ်မှာ စိန်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကတော့ ၁၉၃၀ နောက်ပိုင်းမှ အသုံးပြုလာကြတာဖြစ်ပါတယ်။ စိန်က ရှားပါးအဖိုးတန်မှုကို ကိုယ်စားပြုသလို ၁၉ ရာစုနောက်ပိုင်းမှာ စိန်တွင်း အမြောက်အမြားကို အာဖရိကမှာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း စိန်တိုက်တွေရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ကြော်ငြာအားတွေ၊ စိန်က ထာဝရ အဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်နေမှာပါဆိုတဲ့ နာမည်ကြီး ကြော်ငြာဆောင်ပုဒ်တွေနဲ့ လူတွေက စိန်ကို ဆွေစဉ်မျိုးဆက် ထိန်းသိမ်းထားနိုင်တဲ့ အဖိုးတန်အမွေပစ္စည်းအဖြစ် သတ်မှတ်ယူဆစေတာကြောင့် စိန်လက်စွပ်ကို စေ့စပ်လက်စွပ်အဖြစ် ဝတ်ဆင်လာကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စဉ်းစားကြည့်မိတာတစ်ခုကတော့ ကိုယ်တွေရဲ့ ဘိုးဘွားတွေက ကြော်ငြာတွေရဲ့ ဖမ်းစားမှုကိုသာ မခံရရင် ဒီနေ့ခေတ် စေ့စပ်တဲ့အခါမှာ စိန်လက်စွပ်အစား အပ်ထောက်လေးတွေပဲ ဝတ်ဆင်နေကြရမလားဆိုတာ မသိနိုင်ပါဘူး။

Credit : Trend Myannar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top