iMyanmarHouse.com - Best Property Website for Myanmar
×

သင့်အလုပ်ကို သင်နှစ်သက် သဘောကျတယ်ဆိုပေမယ့် တစ်နေ့ ၈ နာရီ သို့မဟုတ် အဲဒီထက်ကြာမြင့်စွာ အလုပ်စားပွဲမှာ ထိုင်နေခြင်းက ကြွက်သားတင်းမာမှုနဲ့ ဂနာမငြိမ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက တစ်နေကုန်အလုပ်စားပွဲမှာထိုင်ပြီး ခြေချိတ်လျက် ထိုင်နေခြင်းက ခြေသလုံး သွေးကြောထုံးမှု ဖြစ်စေနိုင်ပါတယ်။

ခြေသလုံးသွေးကြောထုံးတာ ခြေချိတ်လျက် အချိန်ကြာကြာ ထိုင်ခြင်းကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဒါ့ပြင် အရုပ်ဆိုးလှတဲ့ သွေးကြောထုံးမှုတွေဟာ ခန္ဓာကိုယ်လှုပ်ရှားမှုမရှိခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ အချိန်ကြာမြင့်စွာ ထိုင်နေခြင်း သို့မဟုတ် မတ်တတ်ရပ်ခြင်းတို့က နှလုံးကို သွေးပို့လွှတ်ဖို့အတွက် ခက်ခက်ခဲခဲ ပိုအလုပ်လုပ်စေကြောင်း women'sHealth.gov မှ ရှင်းပြထားပါတယ်။ ခြေခွေလျက် သို့မဟုတ် ချိတ်လျက်ထိုင်ပါက ပြသနာ ပိုကြီးနိုင်ပါတယ်။

နောက်ပြီး ဟော်မုန်းပြောင်းလဲမှု၊ ကိုယ်ဝန်ဆောင်ခြင်း၊ အဝလွန်ခြင်းနဲ့ နေရောင်ခြည်ထိတွေ့မှုတို့ကလည်း သွေးကြေားထုံးမှု ဖြစ်စေနိုင်ပါတယ်။ ဒီလိုမနှစ်မြို့စရာသွေးကြောထုံးမှုတွေ ကင်းဝေးစေဖို့အတွက် ခြေချိတ်မထိုင်မိဖို့ အရေးကြီးပါတယ်။ ရေရှည်မှာ ကွဲပြားမှု ဖြစ်စေတတ်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top