iMyanmarHouse.com - Best Property Website for Myanmar
×

အ၀လွန်သော အမျိုးသားများသည် ဆီးချိုရောဂါနှင့် အသည်းအဆီဖုံးနိုင်သည့်အန္တရာယ် မြင့်မားသောကြောင့် အရွယ်မတိုင်မီသေဆုံးနိုင်ကြောင်း သုတေသီများကပြောသည်။

ဥရောပနှင့် မြောက်အမေရိကတွင် ဆေးလိပ်သောက်သုံးမှု ကြောင့် သေဆုံးမှုများ၏ နောက်တွင်အ၀လွန်ခြင်းကြောင့် သေဆုံးမှုများကြောင်း သုတေသီများကပြောသည်။


ယခုလေ့လာမှုကို Lancet ဂျာနယ်တွင် ဖော်ပြထားပြီး လူပေါင်းလေးသန်းခန့်ပါဝင်ကာ ကမ္ဘာတစ်ဝန်းလေ့လာမှုပေါင်း ၁၈၉ ခုမှ အချက်အလက်များကို စုစည်းထားခြင်းဖြစ်သည်။

လူတစ်ယောက်သည် ကိုယ်အလေးချိန်ပိုများလေလေ သေဆုံးနိုင်သည့် အန္တရာယ်ပိုများလေဖြစ်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

အမျိုးသားများ အ၀လွန်ခြင်းနှင့် သေဆုံးမှုကြား အခိုင်အမာ ဆက်စပ်မှုရှိသည်ဟု သုတေသီများကပြောသည်။

အ၀လွန်သော အမျိုးသားများသည် အသက်(၇၀)မတိုင်မီ သေဆုံးနိုင်သည့် အန္တရာယ် ၂၉ ရာခိုင်နှုန်းပိုများပြီး သာမန်ကိုယ်အလေးချိန်ရှိသူအတွက် ယင်းအသက်အရွယ်မတိုင်မီ သေဆုံးနိုင်သည့် အန္တရာယ် ၁၉ ရာခိုင်နှုန်းသာရှိသည်။

ကိုယ်အလေးချိန်များခြင်းနှင့် အ၀လွန်ခြင်းကြောင့် ဥရောပတွင် လူခုနစ်ဦး၌ တစ်ဦးနှုန်း သေဆုံးပြီး မြောက်အမေရိကတွင် ငါးဦးလျှင် တစ်ဦးနှုန်း သေဆုံးနေသည်။ 

Credit : 7Day Daily
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top