iMyanmarHouse.com - Best Property Website for Myanmar
×

နက်မှောင်ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးတွေ ကိုပိုင် ဆိုင်ရဖို့ အိပ်မက်က မိန်းကလေးတိုင်းမှာ ရှိပါတယ်။ ဆံပင်၏ ကောင်းခြင်းက မိန်းကလေးတွေအတွက် ကံကောင်းခြင်းတစ်မျိုး ပါပဲ။
အစားအသောက်၊ အနေအထိုင်နဲ့ သုံးစွဲလာတဲ့ ဓာတုပစ္စည်းတွေ ကြောင့် ဦးရေပြားပေါ်မှာရှိတဲ့ ဆံသားတွေကို ထိခိုက်ပျက်စီးယို ယွင်းလာစေပါတယ်။ ဒီလိုမျိုးဆံပင်တွေကျွတ်ပြီး ပါးလာတာမျိုးတွေ၊ ပျက် စီးလာတာမျိုးတွေ၊ ထိပ်ပြောင်လာတာမျိုးတွေ၊ မွေးရာပါ ဆံ ပင်ပါးတာ မျိုးတွေအတွက်ကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး အိမ်တွင်းဆေး နည်းလေးပေးချင်ပါတယ်။

အဲ့ဒါကတော့ ကြက်ဆူဆီပဲ ဖြစ်ပါတယ်။ ကြက်ဆူပင်က အသီး ကြက်ဆူသီးကို အဆီထုတ်ထားတဲ့ ကြက်ဆူဆီကို ဦးရေပြားထဲ စိမ့်ဝင်အောင် နေ့စဉ်သုံးလနီးပါး ပုံမှန်လိမ်းပုံရုံဖြင့် ဆံပင်ပါးခြင်း၊ ဆံသားပျက်စီးခြင်း၊ ဆံပင်မသန်ခြင်းတွေကို အကောင်းဆုံး ဖြေရှင်း ပေးပါလိမ့်မယ်။ အံ့သြစရာရလာဒ်ကိုရလာမှာ တွေ့ရပါလိမ့်မယ်။

ကြက်ဆူဆီမှာ ပါဝင်တဲ့သဘာဝဓာတ်တွေက ဆံသား ဖွံ့ဖြိုးစေခြင်း ကို အဟန့်အတားဖြစ်စေတဲ့ ဦးရေပြားမှာရှိတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေကိုအကောင်းဆုံး သန့်ရှင်းစေမှာဖြစ်ပြီးဆံပင်ကျွတ်ပြီး နောက် ဆံသားအသစ်ပြန်လည် ရှင်သန်စေခြင်းကို အကောင်းဆုံးအ ထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆံသားပါးသူတွေ၊ မျက်ခုံးမွှေးပါးသူတွေ၊ မျက်တောင် နည်းသူတွေကလည်း ဒီကြက်ဆူဆီကို ပုံမှန်လေးဆွတ်ပေးရုံနဲ့ အမွှေးအမျှင်လေးတွေ သန်ပြီး နက်မှောင်လာပါလိမ့်မယ်။ ကြက်ဆူ ဆီကို အခြားဆံသားအားဖြည့်ဆီတွေဖြစ်တဲ့ ဗီတာမင်အီး၊ သဘာဝ အုန်းဆီ စတာတွေနဲ့လည်း ရောစပ်ပြီးဆံသားအားဖြည့်လိမ်း အသုံး ပြုနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top