iMyanmarHouse.com - Best Property Website for Myanmar
×

ႏိုးထခဲ့တဲ့ မနက္ခင္းဟာ ဘာမွအစီအစဥ္တက် မရွိပဲ ၀ရုန္းသုန္းကားဆုိရင္ေတာ့ သင့္အတြက္ ေပ်ာ္ရြင္ဖြယ္ မနက္ခင္းေလးကို စြန္႕လႊတ္လိုက္ရမွာ ေသခ်ာပါတယ္။ ဒါ့ေၾကာင့္ ေကာင္းမြန္တဲ့ မနက္ခင္းေလးတစ္ခုကို ပိုင္ဆုိင္ဖုိ႕ သင္ၾကိဳတင္ျပင္ဆင္သင့္တဲ့ အရာေတြ ရွိေနပါတယ္။

၁။ ေသာက္တတ္တဲ့သူေတြ သတိ။

အေကာင္းစား မနက္ျဖန္ေလး ရဖုိ႕အတြက္ဆုိရင္ေတာ့ ဒီညမွာ ၀ိုင္ ဒါမွမဟုတ္ အရက္ေသာက္တာမ်ိဳးေတြ ေရွာင္သင့္ပါတယ္။ သင္ဟာ မနက္ျဖန္ အလုပ္မွာ စိတ္ၾကည္ၾကည္လင္လင္နဲ႕ အလုပ္ေတြ ျပီးေျမာက္ေအာင္ လုပ္ေဆာင္ခ်င္ရင္ ညဘက္ေသာက္စားတတ္တဲ့ အက်င့္ေလးကို ျပင္လိုက္ပါ။

၂။ အစားေတြ အမ်ားၾကီး မစားမိပါေစနဲ႕။

စားေကာင္းေကာင္းနဲ႕ညစာေတြ စြတ္စားမိလိုက္ျပီဆုိရင္ က်ိန္းေသတာက အစာမေၾကတာ၊ ၀မ္းဗိုက္ၾကီး တင္းေနတာမ်ိဳးေတြ အဲ့ဒီညမွာ သင္ခံစားရပါလိမ့္မယ္။ ကယ္လိုရီတက္တဲ့အစာေတြ စားမိတယ္ဆုိရင္ သင့္အတြက္ဆိုးက်ိဳးေတြ ခ်ည္းပဲမုိ႕ ေနာက္တစ္ေန႕မွာ သင္ညက စားထားတဲ့ အစာေတြေၾကာင့္ မအီမသာျဖစ္ေနမွာ ေသခ်ာတယ္ေနာ္။

၃။ အိမ္အလုပ္ေလးအတြက္ အခ်ိန္နည္းနည္းေပးပါ။

အိမ္မွာရႈပ္ေနတာေတြ ရႈင္းဖုိ႕ ၁၀မိနစ္ေလာက္ အခ်ိန္ေပးပါ။ ျပီးတာနဲ႕ မနက္ျဖန္အတြက္ ဘာေတြလုိအပ္မလဲဆုိတာေတြးပါ။ အ၀တ္အစားကအစ ၾကိဳစီစဥ္ထားလိုက္ပါ။ ဒါဆို ေနာက္ေန႕မနက္က်ရင္ အခ်ိန္လုျပီး ေျပးလႊားလုပ္ေနစရာ မလိုေတာ့ပဲ မနက္စာအတြက္ အခ်ိန္ေသခ်ာေပးႏိုင္တာေပါ့။

၄။ ခ်ေရးထားပါ။

လုပ္စရာရွိတာေတြ မေမ့ေအာင္ စာရြက္ေပၚ ခ်ေဗရးထားလိုက္ပါ။ ဒါဆို ေနာက္ေန႕မွာ ဘာေတြလုပ္ေဆာင္ရမယ္ဆုိတာ အားလံုး ခ်ေရးျပီးျပီမုိ႕ စိတ္ရႈပ္စရာ ဘာမွၾကံဳရမွာ မဟုတ္ေတာ့ပါဘူး။

၅။ အီလက္ထေရာနစ္ေတြကို ပိတ္ အိပ္ပါ။

သင့္အိပ္စက္မႈကို အေႏွာင့္အယွက္ ေပးမယ့္ အီလက္ထေရာနစ္ပစၥည္းမွန္သမ်ွကို ပိတ္ထားလိုက္ပါ။ ဒါဆုိ ေနာက္ေန႕မွာ သင္အိပ္ေရး၀၀ နဲ႕ လန္းလန္းဆန္းဆန္း ႏိုးထႏိုင္ပါလိမ့္မယ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

နိုးထခဲ့တဲ့ မနက်ခင်းဟာ ဘာမှအစီအစဉ်တကျ မရှိပဲ ဝရုန်းသုန်းကားဆိုရင်တော့ သင့်အတွက် ပျော်ရွင်ဖွယ် မနက်ခင်းလေးကို စွန့်လွှတ်လိုက်ရမှာ သေချာပါတယ်။ ဒါ့ကြောင့် ကောင်းမွန်တဲ့ မနက်ခင်းလေးတစ်ခုကို ပိုင်ဆိုင်ဖို့ သင်ကြိုတင်ပြင်ဆင်သင့်တဲ့ အရာတွေ ရှိနေပါတယ်။

၁။ သောက်တတ်တဲ့သူတွေ သတိ။

အကောင်းစား မနက်ဖြန်လေး ရဖို့အတွက်ဆိုရင်တော့ ဒီညမှာ ဝိုင် ဒါမှမဟုတ် အရက်သောက်တာမျိုးတွေ ရှောင်သင့်ပါတယ်။ သင်ဟာ မနက်ဖြန် အလုပ်မှာ စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်တွေ ပြီးမြောက်အောင် လုပ်ဆောင်ချင်ရင် ညဘက်သောက်စားတတ်တဲ့ အကျင့်လေးကို ပြင်လိုက်ပါ။

၂။ အစားတွေ အများကြီး မစားမိပါစေနဲ့။

စားကောင်းကောင်းနဲ့ညစာတွေ စွတ်စားမိလိုက်ပြီဆိုရင် ကျိန်းသေတာက အစာမကြေတာ၊ ဝမ်းဗိုက်ကြီး တင်းနေတာမျိုးတွေ အဲ့ဒီညမှာ သင်ခံစားရပါလိမ့်မယ်။ ကယ်လိုရီတက်တဲ့အစာတွေ စားမိတယ်ဆိုရင် သင့်အတွက်ဆိုးကျိုးတွေ ချည်းပဲမို့ နောက်တစ်နေ့မှာ သင်ညက စားထားတဲ့ အစာတွေကြောင့် မအီမသာဖြစ်နေမှာ သေချာတယ်နော်။

၃။ အိမ်အလုပ်လေးအတွက် အချိန်နည်းနည်းပေးပါ။

အိမ်မှာရှုပ်နေတာတွေ ရှုင်းဖို့ ၁၀မိနစ်လောက် အချိန်ပေးပါ။ ပြီးတာနဲ့ မနက်ဖြန်အတွက် ဘာတွေလိုအပ်မလဲဆိုတာတွေးပါ။ အဝတ်အစားကအစ ကြိုစီစဉ်ထားလိုက်ပါ။ ဒါဆို နောက်နေ့မနက်ကျရင် အချိန်လုပြီး ပြေးလွှားလုပ်နေစရာ မလိုတော့ပဲ မနက်စာအတွက် အချိန်သေချာပေးနိုင်တာပေါ့။

၄။ ချရေးထားပါ။

လုပ်စရာရှိတာတွေ မမေ့အောင် စာရွက်ပေါ် ချဗေရးထားလိုက်ပါ။ ဒါဆို နောက်နေ့မှာ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ အားလုံး ချရေးပြီးပြီမို့ စိတ်ရှုပ်စရာ ဘာမှကြုံရမှာ မဟုတ်တော့ပါဘူး။

၅။ အီလက်ထရောနစ်တွေကို ပိတ် အိပ်ပါ။

သင့်အိပ်စက်မှုကို အနှောင့်အယှက် ပေးမယ့် အီလက်ထရောနစ်ပစ္စည်းမှန်သမျှကို ပိတ်ထားလိုက်ပါ။ ဒါဆို နောက်နေ့မှာ သင်အိပ်ရေး၀၀ နဲ့ လန်းလန်းဆန်းဆန်း နိုးထနိုင်ပါလိမ့်မယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top