iMyanmarHouse.com - Best Property Website for Myanmar
×






Credit: duwun



#Unicode Version

ဒီနေ့ဟာ F4 မင်းသားလေး လေးယောက်ထဲက အိုးဖုတ်သမားလေးအဖြစ် လူသိများခဲ့တဲ့ တောင်ကိုရီးယား အဆိုတော် မော်ဒယ် မင်းသားချောလေး Kim Sang-bum ရဲ့ အသက် ၂၇နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

ကင်ဘုံဟာ ဆိုးလ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ကာ ငယ်စဉ်က ဘောလုံးအားကစား ဝါသနာပါသူတစ်ယောက်ပါ။

၂၀၀၆ ခုနှစ်လောက်မှစတင်ကာ ကိုရီးယား အနုပညာလောကထဲမှာ နေရာရလာခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Boys Over Flower (F4 ချစ်သူ) ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ဆိုယီဂျောင်းဆိုတဲ့ လူချမ်းသာကောင်လေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်များရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။

ကင်ဘုံဟာ F4 ဇာတ်ကားထဲက အဓိက မင်းသားတွေ ဖြစ်ကြတဲ့ လီမင်ဟို (ဂူဂျွန်ဖြိုး)၊ ကင်မ်ဟျောင်ဂျွန်း (ယွန်ဂျီဟိုး)တို့နဲ့ အပြင်လောကမှာပါ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။

သူဟာ မင်းသမီးငယ် မွန်ဂွန်ယန်း (အွန်စောအငယ် မင်းသမီးလေး) နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးပေမယ့် ချစ်သူဖြစ်ပြီး တစ်နှစ်မပြည့်ခင်မှာဘဲ လမ်းခွဲခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ အဆိုတော် မော်ဒယ် မင်းသားချော ကင်ဘုံကို ၁၉၈၉ ခုနှစ် ဇူလိုင် ၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top