iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယား အမ်ိဳးသမီး အဆိုေတာ္အဖြဲ႔ 2NE1 အဖြဲ႔၀င္ CL သည္ ဂ်ပန္ႏုိင္ငံ၏ အႀကီးဆံုး ဖက္ရွင္ရိႈးပြဲ “Tokyo Girls’ Collection 2016 Autumn / Winter” တြင္ ေဖ်ာ္ေျဖသြားမည္ ျဖစ္ေၾကာင္း ၎၏ ေအဂ်င္စီ YG အင္တာတိန္းမန္႔က ေျပာၾကားသည္။

၂၃ ႀကိမ္ေျမာက္ “Tokyo Girls’ Collection 2016 Autumn / Winter” ကို ဂ်ပန္ႏိုင္ငံရွိ Saitama အားကစားကြင္း၌ စက္တင္ဘာလတြင္ က်င္းပ ျပဳလုပ္သြားမည္ ျဖစ္သည္။

CL သည္ မ်ားျပားလွေသာ ျပည္ပႏုိင္ငံမ်ားသို႔ သြားေရာက္ ေဖ်ာ္ေျဖမႈမ်ားမွတစ္ဆင့္ တစ္ကိုယ္ေတာ္ အဆိုေတာ္အျဖစ္ ကမၻာလံုးဆိုင္ရာ အေတြ႔အႀကံဳကို ပ်ိဳးေထာင္လ်က္ရွိသည္။ CL သည္ ၂၀၁၅ ခုႏွစ္က ေအာင္ျမင္ေက်ာ္ၾကားေသာ ဒီေဂ်သမား ဒစ္ပလို အစီစဥ္မွဴးအျဖစ္ ေဆာင္ရြက္ေသာ “Mad Decent” ေတးဂီတပြဲေတာ္တြင္ ပါ၀င္ ေဖ်ာ္ေျဖခဲ့ဖူးသည္။

CL သည္ လက္ရွိအခ်ိန္တြင္ ဂ်က္စတင္ဘီဘာႏွင့္ အရီနာဂေရ႕ဒ္တို႔ကို တာ၀န္ယူလုပ္ေဆာင္ေပးေနေသာ စကူတာဘရန္ႏွင့္ အေမရိကတြင္ ပြဲဦးထြက္ ေဖ်ာ္ေျဖပြဲလုပ္ေဆာင္ရန္ ျပင္ဆင္လ်က္ ရွိသည္။

CL ၏ ေတးသီခ်င္း “Hello Bitches” သည္ ကမၻာလံုးဆိုင္ရာ ေတးသီခ်င္းနားဆင္မႈ ၀က္ဆိုဒ္ Spotify တြင္ နံပါတ္တစ္ေနရာတြင္ ရပ္တည္ခဲ့ၿပီး CL သည္ လႊမ္းမိုးမႈအရွိဆံုးလူ ၁၀၀ စာရင္း “Time 100” အတြက္ ေရြးခ်ယ္ခံထားရသူ ျဖစ္လာသည့္ ပထမဆံုး ကိုရီးယားအမ်ိဳးသမီး အဆိုေတာ္ျဖစ္ေၾကာင္း အမရိကန္ အပတ္စဥ္ထုတ္ Time  မဂၢဇင္းက ထုတ္ျပန္သည္။

Credit : Mizzima

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ 2NE1 အဖွဲ့ဝင် CL သည် ဂျပန်နိုင်ငံ၏ အကြီးဆုံး ဖက်ရှင်ရှိုးပွဲ “Tokyo Girls’ Collection 2016 Autumn / Winter” တွင် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ YG အင်တာတိန်းမန့်က ပြောကြားသည်။

၂၃ ကြိမ်မြောက် “Tokyo Girls’ Collection 2016 Autumn / Winter” ကို ဂျပန်နိုင်ငံရှိ Saitama အားကစားကွင်း၌ စက်တင်ဘာလတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

CL သည် များပြားလှသော ပြည်ပနိုင်ငံများသို့ သွားရောက် ဖျော်ဖြေမှုများမှတစ်ဆင့် တစ်ကိုယ်တော် အဆိုတော်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံကို ပျိုးထောင်လျက်ရှိသည်။ CL သည် ၂၀၁၅ ခုနှစ်က အောင်မြင်ကျော်ကြားသော ဒီဂျေသမား ဒစ်ပလို အစီစဉ်မှူးအဖြစ် ဆောင်ရွက်သော “Mad Decent” တေးဂီတပွဲတော်တွင် ပါဝင် ဖျော်ဖြေခဲ့ဖူးသည်။

CL သည် လက်ရှိအချိန်တွင် ဂျက်စတင်ဘီဘာနှင့် အရီနာဂရေ့ဒ်တို့ကို တာဝန်ယူလုပ်ဆောင်ပေးနေသော စကူတာဘရန်နှင့် အမေရိကတွင် ပွဲဦးထွက် ဖျော်ဖြေပွဲလုပ်ဆောင်ရန် ပြင်ဆင်လျက် ရှိသည်။

CL ၏ တေးသီချင်း “Hello Bitches” သည် ကမ္ဘာလုံးဆိုင်ရာ တေးသီချင်းနားဆင်မှု ဝက်ဆိုဒ် Spotify တွင် နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့ပြီး CL သည် လွှမ်းမိုးမှုအရှိဆုံးလူ ၁၀၀ စာရင်း “Time 100” အတွက် ရွေးချယ်ခံထားရသူ ဖြစ်လာသည့် ပထမဆုံး ကိုရီးယားအမျိုးသမီး အဆိုတော်ဖြစ်ကြောင်း အမရိကန် အပတ်စဉ်ထုတ် Time  မဂ္ဂဇင်းက ထုတ်ပြန်သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top