iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာပေါ်က လူငါးဦးမှာတစ်ဦး သံဓာတ်ချို့တဲ့တာနဲ့ ကြုံတွေ့နေရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့မှု ပိုများလာတယ်လို့ ဆိုပါတယ်။

သံဓာတ်ချို့တဲ့ရင် သွိုင်းရွိုက်ဂလင်း မူမမှန်နိုင်ဖြစ်ပြီး ကိုယ်ဝန်ပျက်ကျတာတွေနဲ့ လမစေ့ဘဲ မွေးဖွားခြင်းစတဲ့ အန္တရာယ်တွေ ဖြစ်စေတာကြောင့် သံဓာတ်ဟာမရှိမဖြစ် လိုအပ်ပြီး သွိုင်းရွိုက်ဂလင်းဟော်မုန်းတွေထုတ်ပေးဖို့အတွက် အရေးပါသလို သန္ဓေသား ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါတယ်လို့ ဆိုပါတယ်။

အသက် ၁၉ နှစ်ကနေ ၅၀နှစ်အရွယ် အမျိုးသားတွေအတွက် သံဓာတ် ရှစ်မီလီဂရမ်လိုအပ်ပြီး အမျိုးသမီးတွေအတွက် ၁၈ မီလီဂရမ်နဲ့  ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ၂၇ မီလီဂရမ် လိုအပ်ပါတယ်။

လူတွေမှာ သံဓာတ်ချို့တဲ့ရင် မောပန်းအားအင်ကုန်ခန်းခြင်း၊ စွမ်းအင်မရှိခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ နှလုံးခုန်မူမမှန်ခြင်းနဲ့ အသားအရေဖျောတော့တာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

သံဓာတ်ချို့တဲ့မှုဟာ သွေးအားနည်းခြင်းကိုဖြစ်ပေါ်စေပြီး အမဲသား၊ ပဲများ၊ အစေ့အဆန်များ၊ သဘာဝဆန်၊ ဂျုံ၊ ပြောင်းနဲ့ သစ်သီးခြောက်တွေအပါအ၀င် သံဓာတ်ပါဝင် တဲ့အခြားအစားအစာများကို ခန္ဓာကိုယ်အတွက်လုံလောက်တဲ့သံဓာတ်ရရှိအောင် စားသောက်သင့်တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top