iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်းများ
အသုံးပြုပုံ
Credit : Trend Myamar
Unicode Version
အရေပြားအရောင်ဖြစ်ပေါ်မှုတွေက လေထုညစ်ညမ်းမှုနဲ့ တခြားအချက်များစွာတို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ဈေးကွက်အတွင်း အသားရေဝင်းပစေတဲ့ အလှကုန်ပစ္စည်းများစွာ ရှိပါတယ်။ အဲဒီအရာတွေက အရေပြားတွန့်ကြောင်းတွေ သုတ်သင်ဖယ်ရှားနိုင်ပြီး အသားအရေနူးညံ့ချောမွေ့စေနိုင်ပေမယ့် အားလုံးစိတ်တိုင်းကျမဖြစ်ပါဘူး။ ၎င်းတို့မှာ အသားရေထိခိုက်ပျက်စီးစေနိုင်တဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်ပါတယ်။
ကံအားလျှော်စွာဖြင့် ကုန်ကျစရိတ်လည်းမများ၊ အန္တရာယ်လည်း လုံးဝကင်းရှင်းတဲ့ ခပ်ပျစ်ပျစ်အရည်လေးရှိပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေသာ အသုံးပြုထားပါတယ်။ အသားရေ ကျန်းမာပြီး နူးညံ့လှပစေပါလိမ့်မယ်။
ပါဝင်ပစ္စည်းများ
သံပုယိုရည် ထမင်းစားဇွန်း (၁) ဇွန်း
သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း (၁) ဇွန်း
ဒိန်ချဉ် ထမင်းစားဇွန်း (၁) ဇွန်း
ပြင်ဆင်ပုံပြင်ဆင်နည်း
ပါဝင်ပစ္စည်းအားလုံး ပန်းကန်တစ်ခုထဲ ပေါင်းထည့်ပြီး တစ်သားတည်းဖြစ်သွားတဲ့အထိ သေချာရောသမမွှေပါ။
အသုံးပြုပုံ
အဲဒီအရောအနှောကို မျက်နှာမှာ လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ။ နောက် မျက်နှာကို ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပြီးနောက် မိမိကြိုက်နှစ်သက်တဲ့ အလှဆီတစ်ခုခုလိမ်းပေးရပါမယ်။
အကောင်းဆုံးရလဒ် ဖြစ်စေဖို့အတွက် တစ်ပတ် ၂ - ၄ ကြိမ် လုပ်ပေးသင့်ပါတယ်။
Credit : Trend Myamar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top